Connect with us

North America

“ရုရှားရေနံ လျှော့ဝယ်ရန်”ဘိုင်ဒန် ထပ်မံ ဖိအားပေးသော်လည်း အိန္ဒိယအနေဖြင့် စကားဆက်ရန်ခက်ခဲ

ပေကျင်း၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်သည် ဧပြီ ၁၁ ရက်က အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အိမ်ဖြူတော်၏ထုတ်ပြန်ချက်အရ ဘိုင်ဒန်သည် အမေရိကန်နှင့် ၎င်း၏အနောက်နိုင်ငံမဟာမိတ်များနှင့်အတူ ရုရှားစွမ်းအင် ဝင်ငွေကို တားဆီးရေးလှုပ်ရှာမှုတွင် အိန္ဒိယပူးပေါင်းပါဝင်စေလိုကြောင်းနှင့် “ယခုအချိန်တွင် ရုရှားရေနံစသည့်ကုန်စည်ပစ္စည်းများကို ထပ်တိုးမဝယ်ယူရန်”အဆိုပြုခဲ့ကြောင်း သိရသည်။အမေရိကန်၏ ယခုအကြိမ် နောက်ဆုံးသတိပေးတောင်းဆိုချက်အပေါ် အိန္ဒိယအစိုးရအနေဖြင့် တုန့်ပြန်မှုမရှိခဲ့ပေ။

အမေရိကန်၏”လမ်းညွှန်မှုအပေါ် အိန္ဒိယအနေဖြင့် အလိုက်သင့်နေရန် ခက်ခဲ

အမေရိကန်အနေဖြင့် “အိန္ဒိယ၏စွမ်းအင်အရင်းအမြစ် စုံလင်ကြွယ်ဝအောင် ဖော်ဆောင်ရာတွင် ကူညီဆောင်ရွက်ပေးမည်”ဖြစ်ပြီး “ရုရှားစွမ်းအင် သို့မဟုတ် အခြား ကုန်စည်များကို ပိုမိုလျင်မြန်စွာ သို့မဟုတ် ပမာဏထပ်တိုး တင်သွင်းခြင်းက အိန္ဒိယ၏အကျိုးစီးပွားနှင့်မကိုက်ညီကြောင်း”တွေ့ဆုံဆွေးနွေးမှုတွင် ဘိုင်ဒန်က မိုဒီအား ပြောကြားခဲ့သည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူJen Psakiက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီအား နယူးဒေလီမြို့တွင် ကျင်းပသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၁ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယအမျိုးသားအကျိုးစီးပွားအတွက် ဘိုင်ဒန်၏ လမ်းညွှန်မှုကို လိုက်လျောမည့်ဆန္ဒရှိကြောင်း မိုဒီက ထုတ်ပြန်သည့်ကြေညာချက်တွင် မဖော်ပြခဲ့ပေ။ APသတင်းဌာန၏ ဖော်ပြချက်များအရ တွေ့ဆုံဆွေးနွေးပွဲကို “နှစ်ဖက်ဆက်ဆံရေး တိုးမြှင့်ရန် ကတိကဝတ်”ပြုကြောင်း ဘိုင်ဒန်၏ ကြေညာချက်ဖြင့် အဆုံးသတ်ခဲ့ပြီး အိန္ဒိယအနေဖြင့် အမေရိကန်အုပ်စုတွင်ပါဝင်ကာ ၎င်းတို့နှင့်အတူ ရုရှားအား ပြစ်တင်ရှုတ်ချရန် ရှိမရှိအပေါ် အိမ်ဖြူတော်အရာရှိက အတည်မပြုနိုင်ကြောင်းနှင့် ရွေးချယ်ခွင့်၏အဆုံးသတ်မှာ မိုဒီအစိုးရလက်ထဲ၌သာရှိသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးAntony Blinken၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar ၊ အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh တို့အား ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ကျင်းပနေသည်ကို ဧပြီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တွေ့ဆုံဆွေးနွေးမှုအစတွင် ဘိုင်ဒန်က အမေရိကန်နှင့်အိန္ဒိယသည် ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် ရုရှား-ယူကရိန်းပဋိပက္ခမှ စားနပ်ရိက္ခာနှင့်အခြား အသုံးအဆောင်ပစ္စည်း ဈေးကွက်ကို လှုပ်ခတ်သက်ရောက်နိုင်မှုများအား မည်သို့ တားဆီးထိန်းချုပ်မည့်အရေး ဆက်လက် နီးကပ်စွာညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ထရိုင်ပူရာပြည်နယ် မြို့တော်Agartalaရှိ ဓါတ်ဆီဆိုင်တစ်ခုအား ၂၀၂၀ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မိုဒီက ယူကရိန်းအခြေအနေသည် “အလွန်တရာ စိုးရိမ်ဖွယ်”ဖြစ်သည်ဟု ယူဆကြောင်း၊ ၎င်းအနေဖြင့် ရုရှားသမ္မတနှင့်ယူကရိန်း သမ္မတတို့အား အသီးသီးဆက်သွယ်ခဲ့ပြီး နှစ်ဖက်ငြိမ်းချမ်းရေးဖြင့် ပဋိပက္ခဖြေရှင်းရန် တိုက်တွန်းခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုရက်မှာပင် အမေရိကန်-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနှင့်ကာကွယ်ရေးဝန်ကြီးများ”၂+၂”အစည်းအဝေးကို ဝါရှင်တန်၌ ကျင်းပခဲ့သည်။ နှစ်ဖက်တွေ့ဆုံမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲအသီးသီးကျင်းပခဲ့ရာ အမေရိကန်ဘက် ပြောရေးဆိုခွင်ရှိသူက အမေရိကန်နှင့်အိန္ဒိယသည် “ဘုံစံတန်ဖိုး”ရှိကြကြောင်း အလေးထားပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankarက “ကိန်းဂဏန်းအချက်အလက်တွေအရ ကြည့်မယ်ဆိုရင် အခုလ အိန္ဒိယဝယ်ယူတဲ့(ရုရှားစွမ်းအင်)၏ စုစုပေါင်းပမာဏဟာ ဥရောပတိုက်၏ တစ်မနက် ဝယ်ယူမှုပမာဏကို မမီသေးဘူးလို့ ကျွန်တော်ထင်ပါတယ်။”ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထိုပြောကြားချက်အပေါ် အမေရိကန် မီဒီယာများက S. Jaishankarသည် အမေရိကန်၏”ရုရှားစွမ်းအင် ဝယ်ယူမှု”ပူပန်ချက်၏ ဦးတည်ရာက အိန္ဒိယမဟုတ်ဘဲ ဥရောပတိုက်နိုင်ငံများ ဖြစ်သင့်သည်ဟု သွယ်ဝိုက်အနက်ဖွင့်ပြောကြားခြင်းဖြစ်ကြောင်း ယူဆကြသည်။

အကျိုးအမြတ် ဆက်စပ်မှုတွင် ဖိအားက ထိရောက်မှု မရှိ

အိန္ဒိယ စွမ်းအင် တင်သွင်းမှုအရင်းအမြစ်ပမာဏတွင် ရုရှားရေနံ၏ပမာဏက အလွန်နည်းပါးသည်။ အိန္ဒိယ PTI သတင်းများအရ အိန္ဒိယ၏ အကြီးဆုံး ရေနံပံ့ပိုးသည့်နိုင်ငံမှာ အီရတ် ဖြစ်ရာ စုစုပေါင်းပမာဏ၏ ၂၇ ရာခိုင်နှုန်းဖြစ်ပြီး အခြားအဓိကရေနံတင်ပို့ရောင်းချသည့် နိုင်ငံများမှာ ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် အမေရိကန်တို့ဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် ၁၇ ရာခိုင်နှုန်း၊ ၁၃ ရာခိုင်နှုန်းနှင့် ၉ ရာခိုင်နှုန်း အသီးသီးရှိကြကြောင်း သိရသည်။

ပြီးခဲ့သည့်လက အိန္ဒိယ ရေနံကုမ္ပဏီသည် ရုရှားထံမှ ရေနံစိမ်း စည်ပေါင်း ၃ သန်း ဝယ်ယူခဲ့သည်။ ရုရှားသည် အိန္ဒိယကို လျှော့ဈေးဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း အချို့အိန္ဒိယမီဒီယာများက ဆိုသည်။ ရိုက်တာ သတင်းများအရ ရုရှား-ယူကရိန်း ပဋိပက္ခ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း အိန္ဒိယသည် ရုရှားထံမှ ရေနံစည်ပေါင်း ၁၃ သန်း တင်သွင်းပြီးဖြစ်ရာ ပြီးခဲ့သည့်နှစ် တစ်နှစ်ပတ်လုံး တင်သွင်းသည့်ပမာဏသည် ၁၆ သန်းသာရှိကြောင်း သိရသည်။
သို့သော် အိန္ဒိယပြောကြားသကဲ့သို့ပင် အမေရိကန်၏ ဥရောပ မဟာမိတ်နိုင်ငံများဖြစ်သည့် ဥပမာ ဂျာမနီသည် ရုရှား ရေနံနှင့်သဘာဝဓါတ်ငွေ့များကို ဆက်လက်တင်သွင်းနေဆဲဖြစ်သည်။ ထိုသို့ မတင်သွင်းပါကလည်း ၎င်း၏ စွမ်းအင်ပံပိုးမှုအကျပ်အတည်း ပို၍ ဆိုးဝါးလာမည်အခြေအနေသာ ရှိနေသည်။

အမေရိကန်နှင့် ၎င်း၏ ဥရောပ မဟာမိတ်များ ကရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှု အဆက်မပြတ်ထပ်တိုးပြီး ရုရှားစွမ်းအင်ထုတ်ကုန်များကို တားဆီးခြင်း သို့မဟုတ် လျှော့ချဝယ်ယူရန် စီစဉ်နေချိန်၌ အိန္ဒိယ၏ ရုရှားရေနံ ထပ်တိုးတင်သွင်းမှုက အမေရိကန်အတွက် မကျေနပ်စရာ ဖြစ်ခဲ့သည်။ ယင်းကိစ္စအတွက် အခြေအနေအမျိုးမျိုးတွင် အိန္ဒိယအား ဖိအားပေးမှုများ ပြုလုပ်ခဲ့ရာ ဧပြီ ၁၁ ရက် ကျင်းပခဲ့သည့်တွေ့ဆုံဆွေးနွေးပွဲလည်း အပါအဝင် ဖြစ်ခဲ့သည်။

အမေရိကန်၏ ဖိအားပေးမှုကို အကြိမ်ကြိမ်ခံနေရသော်လည်း အိန္ဒိယနိုင်ငံအနေဖြင့် လက်ရှိတွင် ရုရှားနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားပြီး ရုရှား-ယူကရိန်း ပဋိပက္ခတွင် ကြာားနေရပ်တည်ချက်ထားရှိကာ ကုလသမဂ္ဂတွင် အမေရိကန်ဦးဆောင်သော ရုရှားအကျိုးမဖြစ်ထွန်းရေးအဆိုပြုချက်မဲခွဲဆုံးဖြတ်ရာ၌ ကြားနေမဲပေး ရပ်တည်ခဲ့သည်။ ယခုကာလများအတွင် အိန္ဒိယက ရုရှားမှ ခေတ်မီ လေကြောင်းရန်ကာကွယ်ရေး လက်နက်စနစ် ဝယ်ယူခဲ့ရာ ထို့အပေါ် ပိတ်ဆို့အရေးယူနိုင်ကြောင်း အမေရိကန်က ခြိမ်းခြောက်သမှု ပြုခဲ့သည်။ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက အိန္ဒိယနိုင်ငံသည် “အခင်းအကျင်းတစ်ခုလုံးကို ထည့်သွင်းစဉ်းစားခြင်းဖြစ်ပြီး တစ်ဖက်သတ် ရှုမြင်သုံးသပ်ခြင်း မဟုတ်ကြောင်း” ပြီးခဲ့သည်လက ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)

…………………………………………

(Chinese Version)
拜登再施压“少买俄罗斯石油” 印度不接茬
2022-04-12 16:45:18 分类: 政治法律
图片轮播
新华社北京4月12日电 美国总统约瑟夫·拜登11日与印度总理纳伦德拉·莫迪进行视频会晤。按照白宫声明,拜登希望印度配合美国及其西方盟友扼杀俄罗斯能源收入的行动,提出“不要在此时加量购买俄罗斯石油等商品”。
不过,面对美国这番最新“敲打”,印度政府没有应和。
美国“指点” 印度难应
根据白宫发言人珍·普萨基在记者会上所说,拜登在会晤中告诉莫迪,美国会“帮助印度实现能源来源多样化”,“总统同时表明,他认为加快或加量进口俄罗斯能源或其他商品不符合印度的利益”。
4月11日,美国总统拜登在华盛顿白宫发表讲话。新华社记者刘杰摄
对于拜登对印度国家利益的“指点”,莫迪没有在公开声明中表达附和的意愿。按照美联社的说法,直至会晤以拜登宣布“双方承诺加强关系”的场面话收尾,白宫官员也没能确认印度是否同意加入美国阵营、一道“谴责”俄罗斯,只是说选择权最终在莫迪政府手里。
拜登在会晤开场白中强调,美印是防务合作伙伴,双方也将继续就如何抑制俄乌冲突在粮食与其他大宗商品市场引发的“震荡效应”密切协商。
莫迪表示,他认为乌克兰局势“非常令人担忧”,他已经与俄罗斯和乌克兰总统分别通话,呼吁双方和平解决冲突。
2021年8月15日,印度总理纳伦德拉·莫迪在德里举行的独立日庆祝仪式上讲话。新华社发(印度新闻局供图)
同一天,华盛顿举行美印外长、防长“2+2”会议,双方会晤后分别举行联合记者会,美方发言都强调美印有“共同价值”。
4月11日,在美国华盛顿,美国防长奥斯汀、美国国务卿布林肯、印度外长苏杰生、印度防长辛格(从右至左)举行联合记者会。新华社记者刘杰摄
印度外交部长苏杰生在记者会上说:“从数据上看,我估摸印度本月购买(俄罗斯能源)的总量可能不及欧洲一个下午的购买量。”美国媒体解读认为,苏杰生是在暗示,美国对“购买俄罗斯能源”的担忧,不应指向印度而是欧洲国家。
利益所系 施压无效
在印度能源进口来源结构中,俄罗斯石油占比极小。据印度报业托拉斯报道,印度的最大石油供应源是伊拉克,占比27%;另外三个大卖家是沙特阿拉伯、阿拉伯联合酋长国和美国,分别占比17%、13%和9%。
印度石油公司上月购买了300万桶俄罗斯原油。一些印度媒体报道称,俄罗斯向印方提供了“折扣价”。据路透社报道,自俄乌冲突2月下旬爆发以来,印度已进口1300万桶俄罗斯原油,而去年一年的量才是1600万桶。
2020年4月16日,在印度东北部特里普拉邦首府阿加尔塔拉,一处加油站在封锁期张贴出“不戴口罩,不给加油”的告示。新华社发
不过,正如印方所说,美国的几个欧洲盟友如德国,仍在继续进口俄罗斯石油和天然气,否则其能源供应危机只会恶化。
当美国及其欧洲盟友对俄不停加码经济制裁、禁止或计划减少购买俄能源产品,印度“加码”进口俄罗斯石油的举动让美国不满,后者近来在不同场合就此事施压印度,包括两国领导人11日这场视频会晤。
尽管受到美国频频施压,印度目前为止仍与俄罗斯保持友好关系,就俄乌冲突持中立态度,包括在联合国就美国主导的对俄不利提案表决时投弃权票。印度近期还购入俄罗斯先进防空武器系统,美国威胁就此对印度施加制裁。
俄罗斯外长谢尔盖·拉夫罗夫上月称赞印方“从全局考虑而非基于片面立场判断形势”。(沈敏)