Connect with us

North America

အမေရိကန်နှင့် တောင်ကိုရီးယားတို့ အဓိကစစ်ရေးလေ့ကျင့်မှုအတွက် အကြိုစစ်ရေးလေ့ကျင့်မှုပြုလုပ်

တောင်ကိုရီးယားနိုင်ငံ Pohang မြို့တွင် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း စစ်ဘက်ဆိုင်ရာ မော်တော်ယာဉ်များအား ၂၀၁၇ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ပူးပေါင်းတပ်ဖွဲ့များသည် နွေရာသီပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် ဧပြီ ၁၂ ရက်၌ အကြိုစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်များအား ကိုးကား၍ Yonhap သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ဦးဆောင်ကျင်းပသော ပဋိပက္ခစီမံခန့်ခွဲမှုဆိုင်ရာဝန်ထမ်းလေ့ကျင့်ရေး (CMST) ကို ဖြစ်ပေါ်လာနိုင်သော စစ်ရေးအကြို အရေးပေါ်အခြေအနေများ စီမံခန့်ခွဲမှု၌ ပါဝင်ရန် ဧပြီ ၁၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။

၎င်းအကြိုစစ်ရေးလေ့ကျင့်မှုသည် ဧပြီ ၁၈ ရက်မှ ၂၈ ရက်အထိ ကျင်းပရန် လျာထားသော အဓိက နွေရာသီကာလ တောင်ကိုရီးယား-အမေရိကန် ကွန်ပျူတာသရုပ်ဖော် ပူးပေါင်းကွပ်ကဲရေးလေ့ကျင့်မှု (CCPT) အကြိုကာလအဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

USS Abraham Lincoln တိုက်ခိုက်ရေးအုပ်စုသည် တောင်ကိုရီးယားနိုင်ငံ အရှေ့ပိုင်းရေပြင်ရှိ နိုင်ငံတကာရေပြင်သို့ ဝင်ရောက်လာပြီဖြစ်ကြောင်း အမည်မဖော်လိုသူ စစ်ဘက်သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အမေရိကန် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောသည် တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Ulsan မြို့ အရှေ့ဘက် ရေပြင်တွင် ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် အဆိုပါ သင်္ဘောသည် ၎င်းရေပြင်တွင် အချိန် ငါးရက်ကြာ ရှိနေမည်ဟု စီစဉ်ထားကြောင်း သိရသည်။

ယင်းဖြစ်ရပ်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှစ၍ အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စီး အနေဖြင့် တောင်ကိုရီးယား ရေပိုင်နက်သို့ ဝင်ရောက်လာခဲ့ခြင်းလည်း ဖြစ်သည်။ (Xinhua)

#US, #S.Korea, #PreliminaryMilitaryDrills, #Xinhua, #Myanmar, #XinhuaMyanmar, #အမေရိကန်, #တောင်ကိုရီးယား, #အကြိုစစ်ရေးလေ့ကျင့်မှုများ, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
…………………………………………
(English Version)

S.Korea, U.S. kick off preliminary military drills ahead of major exercise
SEOUL, April 12 (Xinhua) — The combined forces of South Korea and the United States kicked off preliminary military drills on Tuesday ahead of the joint springtime military exercise, Yonhap news agency reported citing unidentified sources.
The Crisis Management Staff Training (CMST), led by South Korea’s Joint Chiefs of Staff (JCS), will run until Friday to practice the management of possible pre-war emergency situations.
The preliminary drill came in the run-up to the Combined Command Post Training (CCPT), a major springtime South Korea-U.S. computer-simulated exercise scheduled to last from April 18 to 28.
The USS Abraham Lincoln strike group entered the international waters of South Korea’s eastern waters, an unidentified military source was quoted by Yonhap as saying.
The U.S. nuclear-powered aircraft carrier was in the waters east of the southeastern city of Ulsan. It reportedly planned to be in the waters for five days.
It marked the first time since November 2017 that a U.S. aircraft carrier entered South Korean waters. Enditem

Photo : Photo taken on April 11, 2017 shows military vehicles during the U.S.-South Korea joint Exercise Operation Pacific Reach in Pohang, South Korea. (Xinhua/Lee Sang-ho)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.