Connect with us

Europe

ယူကရိန်းတွင် နိုင်ငံခြားမှထောက်ပံ့ပေးသော ဒုံးကျည်စနစ်များကို ရုရှားတပ်ဖွဲ့ ချေမှုန်းဖျက်ဆီး

မော်စကို ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

ရုရှားလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဥရောပနိုင်ငံတစ်နိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးအပ်ခဲ့သည့် လေကြောင်းရန်-ကာကွယ်ရေးကိရိယာများကို ချေမှုန်းဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၂ ရက်တွင်ပြောကြားခဲ့သည်။“ဥရောပနိုင်ငံတစ်နိုင်ငံက ယူကရိန်း(ကိဗ်) ကိုထောက်ပံ့ပေးထားတဲ့ S-300 လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်ရဲ့ ပစ္စည်းကိရိယာတွေကို ဧပြီ ၁၀ ရက်တုန်းက တိကျမှန်ကန်မှုမြင့်မားတဲ့ ပင်လယ်ပြင်အခြေစိုက် Kalibr ဒုံးကျည်တွေနဲ့ ချေမှုန်းဖျက်ဆီးပစ်ခဲ့ပါတယ်” ဟု ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က နေ့စဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ Dnipro မြို့၏ မြို့ပြင်တောင်ဘက်ပိုင်းရှိ အလုံပိတ်အဆောက်အဦတစ်လုံးအတွင်း ယခင်က သိုဝှက်ထားသော အဆိုပါလေကြောင်းရန်ကာကွယ်ရေးကိရိယာကို တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံ၌ ၎င်း၏ အထူးစစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ယနေ့အထိ လေယာဉ်အစင်းပေါင်း ၁၂၉ စင်း ၊ ရဟတ်ယာဉ် ၉၉ စင်း ၊ လေယာဉ်ပစ်ဒုံးကျည်စနစ် ၂၄၃ ခု ၊ ဒရုန်းယာဉ် ၄၄၁ စင်း ၊ တင့်ကား နှင့် အခြား တိုက်ပွဲဝင် သံချပ်ကာယာဉ် ၂၀၇၉ စင်း ၊ လောင်ချာမျိုးစုံ ၂၃၉ လုံး ၊ အမြှောက်နှင့်စိန်ပြောင်း ၉၀၉ ခု ၊ ထို့ပြင် စစ်ဘက်သုံးယာဉ်အစင်းပေါင်း ၂၀၀၃ စင်းတို့ကို ဖျက်ဆီးပစ်ထားပြီးဖြစ်ကြောင်း သိရသည်။(Xinhua)
——————-

(English Version)
Russian forces destroy foreign supplies of missile systems in Ukraine
MOSCOW, April 12 (Xinhua) — Russia’s armed forces have destroyed air defense equipment supplied to Ukraine by a European country, the Russian Defense Ministry said Monday.
“On April 10, high-precision sea-based Kalibr missiles destroyed the equipment of an S-300 anti-aircraft missile division, which was supplied to Kiev by a European country,” Russian Defense Ministry Spokesperson Igor Konashenkov told a daily briefing.
The equipment previously hidden in a hangar was destroyed on the southern outskirts of the eastern Ukrainian city of Dnipro.
Meanwhile, Russia is continuing its special military operation in Ukraine, and a total of 129 aircraft and 99 helicopters, 243 anti-aircraft missile systems, 441 unmanned aerial vehicles, 2,079 tanks and other armored combat vehicles, 239 multiple launch rocket systems, 909 field artillery and mortars, as well as 2,003 units of special military vehicles have been destroyed to date. Enditem

Photo – Residents walk near damaged buildings in Mariupol, April 10, 2022. (Photo by Victor/Xinhua)