Connect with us

Europe

ရုရှားက လက်တုန့်ပြန်သည့်အနေဖြင့် မကြာမီတွင် အနောက်နိုင်ငံအား ဒဏ်ခတ်ပိတ်ဆို့မှုများ ကြေညာမည်

ရုရှားနိုင်ငံ မော်စကိုမြို့ ကရင်မလင်နန်းတော်ရှေ့၌ မော်တော်ယာဉ်များဖြတ်သန်းသွားလာနေသည်ကို မတ် ၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မတ် ၁၃ ရက်(ဆင်ဟွာ)
ရုရှားနိုင်ငံသည် သိပ်မကြာမီအချိန်အတွင်း အနောက်နိုင်ငံများမှ လူပုဂ္ဂိုလ်တစ်ဦးချင်းစီအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ရုရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က မတ် ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
“ စာရင်းတွေက အဆင်သင့်ဖြစ်နေပါပြီ” ဟု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Ryabkov က ရုရှားနိုင်ငံပိုင် Channel One ရုပ်သံလိုင်းသို့ပြောကြားခဲ့သည်။ အဆိုပါ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများကို သိပ်မကြာမီမှာပင် အများပြည်သူအား ထုတ်ပြန်ကြေညာပေးသွားတော့မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ယူကရိန်းအရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှု ဆက်လက်လုပ်ဆောင်သွားရန် အသင့်ရှိနေသည့်အနေအထားကို ရုရှားနိုင်ငံဘက်က အရိပ်အယောင်မျှပင် မမြင်တွေ့ရကြောင်း Ryabkov က ဆိုသည်။

ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်များ လွှဲပြောင်းပေးအပ်နေခြင်းနှင့်ပတ်သက်၍ ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောကြားခဲ့ပြီး ၊ ယင်းစစ်လက်နက်များသည် ရုရှားတပ်ဖွဲ့ဝင်များအတွက် တရားဝင်ပစ်မှတ်ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

…………………………..
(English Version)

Russia says to publish retaliatory sanctions against West soon

MOSCOW, March 12 (Xinhua) — Russia will publish individual sanctions against the West in the near future, Deputy Foreign Minister Sergei Ryabkov said on Saturday.
“The lists are ready,” Ryabkov said on Russian broadcaster Channel One, adding that the sanctions will be made public soon.
According to Ryabkov, Moscow sees no indication that the United States was ready to continue dialogue on Ukraine.
The diplomat also warned Washington against transferring weapons to Ukraine, adding that these weapons will become legitimate targets for the Russian forces.
Photo taken on March 10, 2022 shows the Kremlin in Moscow, Russia. (Xinhua/Bai Xueqi)