Connect with us

Africa & Middle East

ဆော်ဒီအာရေဗျနိုင်ငံက ပြစ်မှုထင်ရှား အကျဉ်းသား ၈၁ ဦးအား ကွပ်မျက်

ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့၌ လုံခြုံရေးယူထားသည့် ဆော်ဒီရဲတပ်ဖွဲ့ဝင်များအား ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရီယာ့ဒ် ၊ မတ် ၁၃ ရက်(ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနသည် အကြမ်းဖက်မှု ၊ သူလျှိုမှု နှင့် လူသတ်မှု အပါအင် စွဲချက်အမျိုးမျိုးဖြင့် ပြစ်မှုထင်ရှားအကျဉ်းသား ၈၁ ဦးအား သေဒဏ်စီရင်ကွပ်မျက်ကြောင်း မတ် ၁၂ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါကျူးလွန်သောပြစ်မှုများထဲတွင် အစိုးရအမှုထမ်း နှင့် အရေးပါသော စီးပွားရေးရာနေရာများအား ပစ်မှတ်ထားခြင်း ၊ တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူများအား သတ်ဖြတ်ခြင်း နှင့် ၎င်းတို့၏ ကိုယ်ခန္ဓာများအား သေရာပါဒဏ်ရာရရှိစေခြင်း နှင့် ရဲကားများအား ပစ်မှတ်ထား၍ မြေမြှုပ်မိုင်း ထောင်ခြင်းတို့ ပါဝင်ကြောင်းလည်း ဆော်ဒီသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တစ်ဦးချင်းစီအတွက် သီးခြားအဆင့်သုံးဆင့်ဖြင့် စုစုပေါင်း တရားသူကြီး ၁၃ ဦးက ကြီးကြပ်ကာ ဆော်ဒီတရားရုံးများ၌ စစ်ဆေးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

စွပ်စွဲခံရသူများအား ရှေ့နေရှေ့ရပ်ဖြင့် ခုခံချေပခွင့် ထောက်ပံ့ပေးခဲ့ပြီး တရားရေးလုပ်ငန်းစဉ်အတွင်း ဆော်ဒီတရားဥပဒေအောက်တွင် ၎င်းတို့အား အပြည့်အဝ အခွင့်အရေး အာမခံခဲ့ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ကမ္ဘာ့တည်ငြိမ်မှုအား ငြိမ်းခြောက်သည့် အကြမ်းဖက်ဝါဒ နှင့် အစွန်းရောက်ဝါဒီအတွေးအခေါ်များအား ဆန့်ကျင်သည့် တင်းကြပ်ပြီး မဆုတ်မနစ်သော ရပ်တည်ချက်အား ဆက်လက်ကျင့်သုံးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အလေးအနက် ပြောကြားခဲ့သည်။ (Xinhua)

…………………
(English Version)

Saudi Arabia executes 81 convicts
RIYADH, March 12 (Xinhua) — Saudi Arabia’s Interior Ministry announced on Saturday the execution of 81 convicts on different charges, including terrorism, espionage, and murder.
The convictions also include targeting government personnel and vital economic sites, the killing of law enforcement officers and maiming their bodies, and planting land mines to target police vehicles, the Saudi Press Agency reported.
The individuals were trialed in Saudi courts, overseen by a total of 13 judges over three separate stages for each individual, said the ministry.
The accused were provided with the right to an attorney and were guaranteed their full rights under Saudi law during the judicial process, the ministry added.
The ministry stressed that the kingdom would continue taking a strict and unwavering stance against terrorism and extremist ideologies that threaten the stability of the world. ■
Photo – Saudi police secure a neighbourhood where two men reportedly blew themselves up during a firefight with security forces on January 21, 2017, in the Red Sea city of Jeddah. (AFP/Xinhua)