Connect with us

Europe

ရုရှားရေငုပ်သင်္ဘော တူရကီနိုင်ငံ ရေလက်ကြားအား ဖြတ်သန်း၍ ပင်လယ်နက်သို့ သွားရောက်

ရုရှားနိုင်ငံ၌ ရုရှား ရေငုပ်င်္ဘော နှင့် စစ်သင်္ဘောတို့အား ၂၀၁၉ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အစ္စတန်ဘူလ် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

ရုရှားရေတပ်မှ Kilo-class ရေငုပ်သင်္ဘောတစ်စင်းသည် ဖေဖော်ဝါရီ ၁၃ ရက်က တူရကီနိုင်ငံ Bosphorus ရေလက်ကြားအား ဖြတ်သန်းကာ ပင်လယ်နက်လမ်းကြောင်းသို့ မောင်းနှင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။Kilo-class Rostov-Na-Donu ရေငုပ်သင်္ဘောသည် တူရကီနိုင်ငံရှိ ကုန်းတွင်းပင်လယ်ဖြစ်သော မာမာရာပင်လယ်မှ ၃၀ ကီလိုမီတာ ရှည်လျားသည့် ရေလက်ကြားအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်းနှင့် ပင်လယ်နက်ဆီသို့ ဦးတည်မောင်းနှင်ခဲ့ကြောင်း Sozcu နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။

ထိုသို့ ဖြတ်သန်းသွားစဉ် ဒီဇယ်လျှပ်စစ်စနစ်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောအား တူရကီ ကမ်းခြေစောင့်သင်္ဘောတစ်စင်းက လိုက်ပါစောင့်ကြပ်ကြည့်ရှုခဲ့ကြောင်း နံနက်ပိုင်းတွင် ရိုက်ကူးခဲ့ဖွယ်ရှိသော ဓာတ်ပုံများအရ သိရသည်။
ပြီးခဲ့သည့်ရက်အနည်းငယ်က ရုရှားစစ်သင်္ဘော ၆ စီးသည် Bosphorus ရေလက်ကြားမှတစ်ဆင့် ပင်လယ်နက်သို့ ရွက်လွှင့်သွားလာခဲ့ကြောင်း Sozcu နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံတို့အကြား တင်းမာမှုများ မြင့်တက်လာသဖြင့် ယူကရိန်းနိုင်ငံ အရှေ့ဘက်သို့ ခရီးသွားလာခြင်းအား ရှောင်ကြဉ်ကြရန် တူရကီနိုင်ငံ နိုင်ငံခြားဝန်ကြီးဌာနက ၎င်းတို့၏ နိုင်ငံသားများအား ဖေဖော်ဝါရီ ၁၂ ရက်တွင် အကြံပြုထားကြောင်း သိရသည်။ (Xinhua)

#Russia #Turkey #submarine #ရုရှားနိုင်ငံ #တူရကီနိုင်ငံ #ရေငုပ်သင်္ဘော #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar

———————————————
(English Versin)
Russian submarine passes through Turkey’s strait to Black Sea: media

ISTANBUL, Feb. 13 (Xinhua) — A Russian Navy Kilo-class submarine passed through Turkey’s Bosphorus strait on Sunday en route to the Black Sea, local media reported.

The Kilo-class Rostov-Na-Donu submarine entered the 30-km-long strait from Turkey’s inland Sea of Marmara, and headed to the Black Sea, according to the Sozcu daily.

Pictures believed taken in the morning show that a Turkish coast guard vessel escorted the diesel-electric attack submarine during its passage.

In the past few days, six Russian warships have sailed to the Black Sea via the Bosphorus strait, according to Sozcu.
On Saturday, Turkey’s foreign ministry advised its citizens to avoid travelling to eastern Ukraine because of the escalating tensions between Russia and Ukraine. ■

Photo – A Russian submarine and a warship are seen during the county’s annual Navy Day parade in Kronstadt in St. Petersburg, Russia, July 28, 2019. (Xinhua File photo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.