Connect with us

Politics, Law & Military

ယူကရိန်းနိုင်ငံ၌ တင်းမာမှုများ အရှိန်မြင့်တက်စေမည့် လုပ်ရပ်များအား ရှောင်ကြဉ်ရန် သက်ဆိုင်သူများအားလုံးကို တရုတ်နိုင်ငံက တိုက်တွန်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ဝမ်းဝန်ပင်းက ရှင်းလင်းပြောကြားနေသည်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ-Photo from the Foreign Ministry website)

ပေကျင်း ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ၌ တင်းမာမှုများ အရှိန်မြင့်တက်နိုင်ခြင်းနှင့် အကျပ်အတည်းသက်ရောက်မှုရှိနိုင်မည့် အပြုအမူများအား စဉ်းစားချင့်ချိန်လျက် ရှောင်ရှားကြရန် သက်ဆိုင်သူများအားလုံးကို ဖေဖော်ဝါရီ ၁၄ ရက်တွင် တရုတ်နိုင်ငံက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံရှိ အခြေအနေများအား အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်းနှင့် ယင်းနိုင်ငံအတွင်းရှိ တရုတ်သံရုံး နှင့် ကောင်စစ်ဝန်ရုံးများကိုလည်း ပုံမှန်အတိုင်း ဖွင့်လှစ်ဆောင်ရွက်လျက် ရှိကြောင်း နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံရှိ တရုတ်သံရုံးက တရုတ်နိုင်ငံသားများအား မြေပြင်အခြေအနေကို အနီးကပ်စောင့်ကြည့်ရန် ပြောကြားထားသည့် ကောင်စစ်ဝန်နှိုးဆော်ချက်တစ်ရပ်အား ထုတ်ပြန်ခဲ့ပြီး ကောင်စစ်ဝန်ဆိုင်ရာ ကာကွယ်မှုအား ပံ့ပိုးပေးသွားမည်ဟု ဖော်ပြထားကြောင်း ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ဆိုသည်။

ယူကရိန်းအရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် တသမတ်တည်း၊ ရှင်းရှင်းလင်းလင်း နှင့် အပြောင်းအလဲမရှိကြောင်း မှတ်ချက်ပြုကာ ယူကရိန်းအရေးအား ဖြေရှင်းရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုထောက်ခံထားသော Minsk-2 သဘောတူညီချက်၏ အစပြုမှတ်သို့ ပြန်သွားရန် လိုအပ်ကြောင်း ဝမ်းဝန်ပင်းက ပြောခဲ့သည်။

“သက်ဆိုင်သူတွေအားလုံးအနေနဲ့ ဆွေးနွေးမှုနဲ့ ညှိနှိုင်းမှုတွေကနေတစ်ဆင့် ယူကရိန်း အကျပ်အတည်းနဲ့ သက်ဆိုင်တဲ့ကိစ္စတွေကို ဘက်စုံအခြေကျမှုအတွက် တွန်းပေးသင့်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)

—————————————-
(English Version)

China calls on all parties to avoid actions that would escalate tensions in Ukraine: FM spokesperson

BEIJING, Feb. 14 (Xinhua) — China on Monday called on all relevant parties to remain rational and avoid actions that would escalate tensions and impact the crisis in Ukraine.

Spokesperson Wang Wenbin told a daily press briefing that China is closely monitoring the situation in Ukraine, and the Chinese embassy and consulates in the country are operating as usual.

Wang said the Chinese embassy in Ukraine has issued a consular notice asking Chinese citizens to closely monitor the situation on the ground, and stating that it will provide consular protection.

Noting that China’s position on Ukraine is consistent, clear and unchanged, Wang said that to solve the Ukrainian issue, it is necessary to return to the starting point of the Minsk-2 agreement, which is endorsed by the U.N. Security Council.
“All parties should push for a comprehensive settlement of the Ukrainian crisis and relevant issues through dialogue and negotiation,” the spokesperson said. ■

Photo – Wang Wenbin speaks at a regular press conference of China’s Foreign Ministry on Dec. 15, 2020. (Photo from the Foreign Ministry website)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.