Connect with us

Politics, Law & Military

“အမေရိကန် အင်ဒို-ပစိဖိတ်မဟာဗျူဟာ” တွင် ထိုင်ဝမ်ဆက်စပ်ထည့်သွင်းထားခြင်းကို တရုတ်ပြည်မကြီးက ကန့်ကွက်

တရုတ်နိုင်ငံတော်ကောင်စီ၊ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ Ma Xiaoguang အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အစိုးရက မကြာသေးမီက ထုတ်ပြန်လိုက်သော အမည်ခံ “အမေရိကန် အင်ဒို-ပစိဖိတ် မဟာဗျူဟာ” တွင် ထိုင်ဝမ်ဆက်စပ်ထည့်သွင်းထားခြင်းအား အပြင်းအထန်ကန့်ကွက်ကြောင်း တရုတ်ပြည်မကြီး ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁၄ ရက်၌ ပြောကြားခဲ့သည်။ထိုသို့ဆက်စပ်ပါဝင်မှုအကြောင်းအရာသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို စိုးရိမ်ဖွယ်ဝင်ရောက်စွက်ဖက်နေခြင်း ဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်း စည်းမျဉ်းနှင့် နိုင်ငံတကာ ဆက်ဆံရေးစီမံအုပ်ချုပ်မှု အခြေခံစံနှုန်းများကို ချိုးဖောက်ခြင်းဖြစ်ကြောင်းနှင့် ထိုင်ဝမ်ရေလက်ကြားတစ်ခွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို လျော့ပါးစေကြောင်း နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာ ပြောရေးဆိုခွင့်ရှိသူ Ma Xiaoguang က ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ ထိုင်ဝမ်၏အနာဂတ်အား တရုတ်ပြည်သူများအားလုံးကသာ ဆုံးဖြတ်နိုင်ကြောင်းနှင့် ပူးတွဲဆုံးဖြတ်သွားရမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်၏ အနာဂတ်နှင့် အကျိုးစီးပွားများသည် အမျိုးသားပြန်လည်ပေါင်းစည်းရေးပေါ်၌သာ မူတည်ကြောင်း Ma က ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း စည်းမျဉ်းနှင့် တရုတ်-အမေရိကန် ပူးတွဲသဘောတူညီချက်များအား လိုက်နာရန်နှင့် ထိုင်ဝမ်နှင့် ဆက်စပ်သော ကိစ္စရပ်များအပေါ် မီးနှင့်ကစားခြင်းကို ရပ်တန့်ရန် ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းခဲ့သည်။

ပြင်ပမှအင်အားစုများပူးပေါင်းကြံစည်ခြင်းနှင့် အမေရိကန်နိုင်ငံ၏ တရုတ်ဆန့်ကျင်ရေး အစီအစဉ်၌ လက်ကိုင်တုတ်အဖြစ် ပြုမူဆောင်ရွက်ခြင်းဖြင့် “ထိုင်ဝမ်လွတ်လပ်ရေး” အတွက် လုပ်ဆောင်ရန် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ တာဝန်ရှိသူများ၏ ကြိုးပမ်းမှုသည် ဆုံးရှုံးရမည်သာဖြစ်ကြောင်းလည်း Ma က ဆိုသည်။ (Xinhua)

…………………………………………

(English Version)

Chinese mainland opposes Taiwan-related content in “U.S. Indo-Pacific Strategy”
Source: Xinhua
Editor: huaxia
2022-02-14 23:24:48
BEIJING, Feb. 14 (Xinhua) — A Chinese mainland spokesperson Monday voiced firm opposition against the Taiwan-related content in a so-called “U.S. Indo-Pacific Strategy” report recently released by the U.S. administration.

Ma Xiaoguang, spokesperson for the Taiwan Affairs Office of the State Council, said relevant content has gravely interfered in China’s internal affairs, violated the one-China principle and basic norms governing international relations, and undermined peace and stability across the Taiwan Strait.

Noting that Taiwan is an inalienable part of China’s territory, Ma said Taiwan’s future can only and must be jointly decided by all Chinese people, adding that Taiwan’s future and interests lie in national reunification.

The spokesperson urged the U.S. side to abide by the one-China principle and the three China-U.S. joint communiques and stop playing with fire on Taiwan-related issues.

The Democratic Progressive Party authority’s attempt to seek “Taiwan independence” by colluding with external forces and acting as a pawn in the United States’ anti-China scheme will only fail, Ma said. ■
Photo : File Photo: Ma Xiaoguang, spokesperson for the Taiwan Affairs Office of the State Council. [Photo/Xinhua]

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.