Connect with us

Europe

ယူကရိန်းသမ္မတက NATO တံခါးဖွင့် မူဝါဒက ယူကရိန်းနိုင်ငံအတွက် အလုပ်မဖြစ်ဟု ပြောကြား

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ၂၀၂၁ ခုနှစ်၊ မေ ၂၀ ရက်တွင် ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့၌ ပြုလုပ်သော ၎င်း၏ ၂ နှစ်တာ သမ္မတ တာဝန်ထမ်းဆောင်ခဲ့သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်စဉ် (ဆင်ဟွာ)

ကိဗ် ၊ မတ် ၁၆ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) တံခါးဖွင့် မူဝါဒသည် ယူကရိန်းနိုင်ငံအတွက် အလုပ်မဖြစ်ကြောင်း မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု UNIAN သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။“နှစ်တော်တော်ကြာ ဖွင့်ထားတဲ့ တံခါးတွေ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကြားခဲ့ရပါတယ်။ဒါပေမယ့် အဲဒီတံခါးတွေကို ကျွန်တော်တို့ ဝင်လို့မရဘူးဆိုတာ အခု ကြားနေရပါတယ်။အဲဒါကို ကျွန်တော်တို့ ဝန်ခံရပါမယ်။ ကျွန်တော်တို့ပြည်သူတွေဟာ ဒါကို နားလည်လာကြသလို သူတို့ဟာ ကိုယ့်ကိုယ်ကိုနဲ့ ကျွန်တော်တို့ကို ကူညီပေးကြတဲ့ မိတ်ဖက်တွေအပေါ် ပိုပြီးအားကိုးလာကြပါတယ်။ အဲဒီအတွက် ကျွန်တော်ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်”ဟု ယူကရိန်းနိုင်ငံ သမ္မတ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

ရုရှားနိုင်ငံနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံအပေါ် လေယာဉ်မပျံသန်းရဇုန် ထူထောင်ရန် ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က NATO အား ထပ်မံတိုက်တွန်းခဲ့သော်လည်း မဟာမိတ်တို့၏ အပြုသဘောဆောင်သည့် ဆုံးဖြတ်ချက် ဖြစ်နိုင်ခြေမှာ နည်းပါးနေဆဲ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ရုရှားနိုင်ငံသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံအား အထူးစစ်ဆင်ရေး စတင်ခဲ့ကြောင်း သိရသည်။ (Xinhua)

—————————–
(English Version)

NATO “open door” policy not works for Ukraine: Zelensky

KIEV, March 15 (Xinhua) — Ukrainian President Volodymyr Zelensky said on Tuesday that the North Atlantic Treaty Organization (NATO) “open door” policy had not worked for Ukraine, the Ukrainian UNIAN news agency reported.

“For years we’ve heard about ‘open doors,’ but now we are hearing that we can’t enter those doors, and we have to admit it. I am glad that our people are beginning to understand this and rely on themselves and on our partners who help us,” Zelensky was quoted as saying.

Zelensky once again urged NATO to establish a no-fly zone over Ukraine in the wake of the conflict with Russia, but noted that the likelihood of a positive decision of the alliance remains low.

Russia launched a special military operation against Ukraine on Feb. 24. ■
Photo – File photo shows Ukrainian President Volodymyr Zelensky attending a press conference devoted to his two years in office in Kiev, Ukraine, May 20, 2021. (Photo by Sergey Starostenko/Xinhua)