Connect with us

China

ဘရာဇီး လေယာဉ်ထုတ်လုပ်ရေးက တရုတ်နိုင်ငံ၏ ပွင့်လင်းကောင်းမွန်လျက်ရှိသော လေကြောင်းကုန်စည်ဈေးကွက်ကို စိတ်ဝင်စားလျက်ရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့ရှိ Hangzhou Xiaoshan နိုင်ငံတကာလေဆိပ်တွင် ကုန်တင်လေယာဉ်တစ်စင်းပေါ်သို့ ကုန်ပစ္စည်းများတင်နေသော ဝန်ထမ်းများအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ လေယာဉ်ထုတ်လုပ်ရေး Embraer က တရုတ်နိုင်ငံ၏ ပွင့်လင်းကောင်းမွန်လျက်ရှိသော လေကြောင်းကုန်စည်ဈေးကွက်အပေါ် ယုံကြည်စိတ်ချလျက်ရှိကြောင်းနှင့် ဒေသတွင်းမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ယင်းကဏ္ဍ၏ ပိုမိုတိုးတက်မှုကို ပံ့ပိုးသွားရန် ဆန္ဒရှိကြောင်း ကုမ္ပဏီ၏ အဆင့်မြင့်အမှုဆောင်များက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက အထူးသဖြင့် ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ကွင်းဆက်နဲ့ စက်မှုလုပ်ငန်းဆိုင်ရာကွင်းဆက် ထိန်းသိမ်းရာ၌ အရေးပါတဲ့ အခန်းကဏ္ဍ မှ ပါဝင်လျက်ရှိပြီး အဓိကအနေနဲ့ လေကြောင်းကုန်စည်ကဏ္ဍတန်ဖိုးကို အသားပေးဖော်ပြထားပါတယ်” ဟု Embraer China မန်နေဂျင်းဒါရိုက်တာ Guo Qing က ပြောခဲ့သည်။

တရုတ်နိုင်ငံ၏ အရည်အသွေးမြင့်မားသောတိုးတက်မှုက ကမ္ဘာလုံးဆိုင်ရာ ပါဝင်သူများအတွက် ဈေးကွက်အခွင့်အလမ်းသစ်များ ဖန်တီးပေးမည်ဖြစ်ကြောင်း Guo က ဖြည့်စွက်ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ လေကြောင်းကုန်စည်ဈေးကွက်သည် ကမ္ဘာ့ဈေးကွက်ကို မီးမောင်းထိုးပြမှုတစ်ခုဖြစ်ကြောင်း၊ အခြားသောဈေးကွက်များကဲ့သို့ပင် e-commerce နှင့် ထောက်ပံ့သယ်ပို့ကဏ္ဍများမှ ဝယ်လိုအားများဖြင့် ဖြည့်တင်းပေးထားခြင်းဖြစ်ကြောင်း Guo က ဆိုသည်။ ယင်းမှာ တရုတ်နိုင်ငံ၏ လူမှု-စီးပွားရေးအခြေအနေများနှင့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်အရ ပြိုင်ဘက်ကင်းဝယ်လိုအားများနှင့် ဈေးကွက်ဂေဟစနစ်ကိုလည်း ပြသလျက်ရှိကြောင်း ၎င်းက ဆိုသည်။

၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် ပါဆယ်ထုပ် ၁၀၈.၃ ဘီလီယံ ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း ယမန်နှစ်ကထက် ၂၉.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ပါဆယ်ထုပ်ပမာဏမှာ ကမ္ဘာ့စုစုပေါင်း၏ ထက်ဝက်ရှိကြောင်း နိုင်ငံ၏ စာတိုက်ဗျူရိုမှ အချက်အလက်များအရ သိရသည်။

“အဆင့်မြှင့်တင်ထားသော လေကြောင်းကုန်စည်ဈေးကွက်က ပြည်တွင်း၊ ပြည်ပ ဈေးကွက်များ တစ်ခုနဲ့တစ်ခု အားဖြည့်ထားသော တရုတ်နိုင်ငံရဲ့ ဈေးကွက်နှစ်ခု လည်ပတ်မှု တိုးတက်ရေးစံနမူနာဖြင့် ကြီးမားစွာ အားဖြည့်ပေးသွားမှာ ဖြစ်ပါတယ်” ဟု Guo က ပြောခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ အသုံးပြုမှု အဆင့်မြှင့်တင်ခြင်းက လေကြောင်းကုန်စည် အအေးခန်းကဏ္ဍ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းအပါအဝင် ထောက်ပံ့သယ်ပို့မှုလုပ်ငန်းကို မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်းနှင့် စက်မှုလုပ်ငန်း အဆင့်မြှင့်တင်ခြင်းကလည်း စက်မှုလုပ်ငန်းဆိုင်ရာကွင်းဆက် တည်ဆောက်ရေးကို ရှေ့ဆက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဆင့်မြှင့်တင်မှုနှစ်ခုလုံးက လေကြောင်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကို ပိုမိုမြန်မြန်ဆန်ဆန်နဲ့ ပိုမိုထိထိရောက်ရောက် ဝယ်ယူပါလိမ့်မယ်။ Embraer အနေနဲ့လည်း စံနှုန်းမီကိုယ်ထည်နဲ့ ကုန်တင်လေယာဉ်ငယ်တွေကို ဈေးကွက်ဆီပံ့ပိုးပေးဖို့ E-Jet စီးရီး ခရီးသည်တင်မှ ကုန်တင်လေယာဉ်အဖြစ် ပြောင်းလဲရေးစီမံကိန်းကို မကြာသေးမီက ကြေညာခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ဈေးကွက်က လာမည့်နှစ် ၂၀ အတွင်း စံချိန်မီကိုယ်ထည် ကုန်တင်လေယာဉ်ငယ် ၇၀၀ စင်းခန့် ဝယ်ယူမည်ဟု Embraer က ခန့်မှန်းထားသည်။ ယင်းအနက် တရုတ်ဈေးကွက်က ထိုအရွယ်အစားရှိသော ကုန်တင်လေယာဉ် ၂၄၀ စင်း ဝယ်ယူမည်ဟု ခန့်မှန်းထားပြီး အဆိုပါ ပမာဏမှာ ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

“ကျွန်တော်တို့ဟာ ဒေသခံမိတ်ဖက်တွေနဲ့အတူတူ တရုတ်နိုင်ငံက စားသုံးသူတွေကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်ဖို့ ပြည့်စုံတဲ့ လေယာဉ်မှူးလေ့ကျင့်ရေးကွန်ရက်တစ်ခု တည်ဆောက်သွားမှာပါ” ဟ Embraer China ၏ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် Mike Xu က ပြောခဲ့သည်။

၂၀၂၅ ခုနှစ်မကုန်မီတွင် တရုတ်နိုင်ငံတွင် မြို့ပြသယ်ယူပို့ဆောင်ရေးလေဆိပ်များ ရှိလာမည်ဖြစ်ကြောင်း တစ်နှစ်လျှင် လေကြောင်းပျံသန်းမှု ၁၇ သန်းကို ကိုယ်တွယ်ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း ၁၄ ကြိမ်မြောက် ငါးနှစ်တာစီမံကိန်းကာလ (၂၀၂၁-၂၀၂၅) အတွင်း နိုင်ငံ၏ မြို့ပြလေကြေင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းအရ သိရသည်။

တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းကဏ္ဍသည် ၂၀၂၅ ခုနှစ်မတိုင်မီ နှစ်စဉ် ခရီးသည်ခရီးစဉ်ပေါင်း ၉၃၀ သန်းနှင့် ကုန်စည်နှင့် ပါဆယ်ထုပ်ပေါင်း ၉.၅ တန်ရှိကြောင်း မြို့ပြလေကြောင်းစီမံခန့်ခွဲမှုးစီဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
Brazilian plane-maker eyes China’s booming air-cargo market
Source: XinhuaEditor: huaxia2022-03-17 10:55:31

by Xinhua writer Hu Tao

BEIJING, March 17 (Xinhua) — Brazilian plane-maker Embraer is optimistic about China’s booming air-cargo market and is willing to support the sectors’ further progress in cooperation with local partners, said senior executives of the company.

“China has played key roles in sustaining the global supply chain and industrial chain, especially during the global pandemic period, highlighting the value of the air-cargo sector,” said Guo Qing, managing director of Embraer China.

The country’s high-quality growth will create new market opportunities for global players, Guo added.

China’s air-cargo market is a highlight in the global market, according to Guo, and like other markets, it is powered by demands from the e-commerce and logistics sectors. It also shows unique demands and market ecology in line with the country’s social-economic conditions and geographical environment, he said.

In 2021, China handled up to 108.3 billion express parcels, a 29.9 percent year-on-year increase. The parcel volume accounted for half of the global total, statistics from the State Post Bureau show.

“An upgraded air-cargo market will be greatly powered by China’s dual circulation development paradigm, where domestic and overseas markets reinforce each other,” said Guo.

He says the country’s consumption upgrade will promote the logistics industry, including the burgeoning air-freight cold-chain sector, and the industry upgrade will push forward the reconstruction of the industrial chain.

“Both upgrades will demand faster and more efficient air-logistics services. Embraer has recently launched the E-Jet series passenger-to-freighter aircraft conversion project to provide small-and-crossover standard-body freighters to the market,” he said.

Embraer forecasts a market demand for about 700 of the small-and-crossover standard-body freighters over the next 20 years. Among which, the Chinese market is forecast to demand 240 freighters of this size, accounting for 34 percent of the global total.

“Together with local partners, we have also established a complete pilot training network to better serve our Chinese customers,” said Mike Xu, chief operating officer of Embraer China.

By the end of 2025, China will have over 270 civil transport airports, which will handle 17 million flights a year, according to a plan on the development of the country’s civil aviation industry during the 14th Five-Year Plan period (2021-2025).

The country’s civil aviation sector will handle 930 million passenger trips and 9.5 million tonnes of cargo and parcels annually by 2025, said the plan released by Civil Aviation Administration of China. ■
Photo : Staff members load the commodities onto a cargo airplane at the Hangzhou Xiaoshan International Airport in Hangzhou, east China’s Zhejiang Province, Aug. 13, 2020. (Xinhua/Huang Zongzhi)