Connect with us

Asia

သီရိလင်္ကာနိုင်ငံက အကျပ်အတည်းဆွေးနွေးရန်အတွက် IMF ထံ ကိုယ်စားလှယ်စေလွှတ်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေစဉ် ဈေးဝယ်စင်တာတစ်ခု အပြင်ဘက်မြင်ကွင်းအား ဧပြီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ အစိုးရက နိုင်ငံတကာငွေကြေးရန်ပုံငွေ (IMF) ၏ ချေးငွေများ ရရှိနိုင်မည့် နည်းလမ်းများ ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့အား ဧပြီ ၁၇ ရက်က စေလွှတ်ခဲ့ကြောင်း သိရသည်။ဘဏ္ဍာရေးဝန်ကြီး Ali Sabry ဦးဆောင်ပြီး ကိုယ်စားလှယ်အဖွဲ့တွင် ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး Nandalal Weerasinghe လည်းပါဝင်သည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် IMF ရုံးချုပ်သို့ သွားရောက်မည်ဖြစ်ပြီး လာမည့် ရက်အနည်းငယ်အတွင်း ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ဆွေးနွေးမှုများ အောင်မြင်ပါက IMF ထံမှ ချေးငွေလမ်းကြောင်း ငါးခုဖြင့် အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့် ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း Sabry က မီဒီယာအား ပြောခဲ့သည်။

သီရိလင်္ကာနိုင်ငံတွင် စီးပွားရေး အကျပ်အတည်းများစွာ ဖြစ်ပေါ်နေသလို နိုင်ငံခြားအရန်ငွေမှာလည်း ဒေါ်လာ ၂ ဘီလီယံအောက် လျော့ကျလျက်ရှိကြောင်း သိရသည်။

အစိုးရအနေဖြင့် IMF မှ ပံ့ပိုးကူညီမှုဖြင့် စနစ်တကျနှင့် အများသဘောဆန္ဒအလျောက်ပြန်လည်တည်ဆောက်ရေး အစီအစဉ်အား အတူတကွ ဆောင်ရွက်ပြီးသည့်တိုင်အောင် ကြားကာလအတွက် ချေးငွေများအားလုံးကို ပုံမှန်ပေးဆပ်မှုများအား ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ကြောင်း သီရိလင်္ကာ ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီ ၁၂ ရက်က ပြောကြားခဲ့သည်။ (Xinhua)

#SriLanka, #IMF, #Loans, #Discussions, #Xinhua, #Myanmar, #XinhuaMyanmar, #သီရိလင်္ကာ, #ချေးငွေများ, #ဆွေးနွေးမှု, #ဆင်ဟွာ, #မြန်မာ, #ဆင်ဟွာမြန်မာ
————————–
(English Version)

Sri Lanka sends delegation to IMF for crucial discussions

Source: Xinhua| 2022-04-17 20:30:15|Editor: huaxia
COLOMBO, April 17 (Xinhua) — The Sri Lankan government on Sunday sent a delegation to the International Monetary Fund (IMF) for discussions over ways to get the lender’s loans.

The delegation, led by Finance Minister Ali Sabry, also includes Governor of the Central Bank Nandalal Weerasinghe. The delegation is to visit the IMF headquarters and hold discussions in the next few days.

Sabry told media they expect to receive around 4 billion U.S. dollars from the IMF in five tranches if the discussions are successful.
Sri Lanka has been undergoing a serious economic crisis and foreign reserves stand below 2 billion dollars.

Sri Lanka’s Finance Ministry said on Tuesday that the government had decided to suspend normal debt servicing of all affected debts for an interim period till it puts together an orderly and consensual restructuring program supported by the IMF. ■

Photo : Photo taken on April 1, 2022 shows the exterior view of a shopping center during the power cut in Colombo, Sri Lanka. Sri Lanka declared an islandwide curfew from 6 p.m. Saturday to 6 a.m. Monday as the country faced a severe power crisis and rising inflation. On Friday, President Gotabaya Rajapaksa issued the Extraordinary Gazette declaring a state of public emergency in Sri Lanka with immediate effect. Rajapaksa said the emergency was declared in the interests of public security, protection of public order and the maintenance of supplies and services essential to the life of the community. (Xinhua/Tang Lu)