Connect with us

China

ရှီကျင့်ဖိန်က ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ်နှင့်ပတ်သက်၍ ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ကျင်းပသည့် ၁၉ ကြိမ်မြောက် CPC ဗဟိုကော်မတီ ဆဋ္ဌမအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် အရေးကြီးသော မိန့်ခွန်းတစ်ရပ်အားပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
“ပြည်သူများ” ဟူသော စကားလုံးသည် ခေတ်သစ်အတွက် တရုတ်ဝိသေသလက္ခဏာများဖြင့် ဆိုရှယ်လစ်ဝါဒဆိုင်ရာ ရှီကျင့်ဖိန်၏ အတွေးအခေါ်တွင် အလေးထားဖော်ပြသည့်အရာဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သူ ရှီကျင့်ဖိန်နှင့် ရှီအား ဗဟိုပြုထားသော CPC ဗဟိုကော်မတီတို့သည် ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှုရရှိရေးအတွက် ပြည်သူများ၏ ဆန္ဒများအား ကျေနပ်မှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါကိစ္စရပ်အပေါ် သမ္မတ ရှီ၏မှတ်ချက်များမှ ကောက်နုတ်ချက်အချို့ကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည်။

-တရုတ်ဝိသေသလက္ခဏာများဖြင့် ဆိုရှယ်လစ်စနစ်သည် ခေတ်သစ်တစ်ခုသို့ ဝင်ရောက်လာသည်နှင့်အမျှ တရုတ်လူ့အဖွဲ့အစည်းက ရင်ဆိုင်နေရသော အဓိကကွဲလွဲမှုမှာလည်း ဆင့်ကဲပြောင်းလဲလျက်ရှိသည်။ ယခုအခါ ကျွန်ုပ်တို့ရင်ဆိုင်နေရသောအရာမှာ ဖွံ့ဖြိုးတိုးတက်မှု မညီမျှခြင်း၊ အားနည်းခြင်းနှင့် ပိုမိုကောင်းမွန်သော နေထိုင်မှုဘဝအတွက် ပြည်သူများ၏ လိုအင်များ အစဉ်ကြီးထွားနေခြင်းတို့အကြား ကွဲလွဲနေခြင်းပင် ဖြစ်သည်။

– နိုင်ငံ၏ အခြေခံအကျဆုံးသော အကျိုးစီးပွားများမှာ ပြည်သူများ၏ ပျော်ရွှင်သော ဘဝပင်ဖြစ်သည်။

– ပြည်သူကိုဗဟိုပြုသော ဖွံ့ဖြိုးတိုးတက်မှုသည် စိတ်ကူးသက်သက် သို့မဟုတ် နက်နဲသော အယူအဆတော့ မဟုတ်ပေ။
-ဒီမိုကရေစီဆိုသည်မှာ အလှဆင်ထားသော အဆင်အယင်တစ်ခုမဟုတ်သော်လည်း ပြည်သူများနှင့်ဆိုင်သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ပြဋ္ဌာန်းထားသောအရာ ဖြစ်သည်။
-စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများကိုလည်း ပြည်သူအားလုံးအတွက် ဘုံကြွယ်ဝချမ်းသာမှု မြှင့်တင်ရာတွင် ထင်ရှားပြီး ထိရောက်သော တိုးတက်မှု ပိုမိုရရှိရန် စတင်မှတ်အသစ်မှ ဆောင်ရွက်သင့်ပေသည်။ (Xinhua)

……………………………
(English Version)
Xi Jinping on people-centered development philosophy
BEIJING, Feb. 19 (Xinhua) — “People” is a word that carries weight in Xi Jinping Thought on Socialism with Chinese Characteristics for a New Era.
Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, and the CPC Central Committee with Xi at its core have been striving to satisfy the people’s aspirations for a better life.
The following are some highlights of Xi’s remarks in this regard:
— As socialism with Chinese characteristics has entered a new era, the principal contradiction facing Chinese society has evolved. What we now face is the contradiction between unbalanced and inadequate development and the people’s ever-growing needs for a better life.
— The most fundamental interests of the country are the people’s happy life.
— The people-centered development is not an abstract or abstruse idea.
— Democracy is not a decorative ornament, but an instrument for addressing the issues that concern the people.
— Continuous efforts should be made from the new starting point to achieve more notable and substantive progress in promoting common prosperity for all. Enditem
Photo- Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, makes an important speech at the sixth plenary session of the 19th CPC Central Committee in Beijing, capital of China.(Xinhua/Ju Peng)