Connect with us

Africa & Middle East

ယူကရိန်းအရေးအား သံတမန်နည်းလမ်းအရ ဆွေးနွေးအဖြေရှာရန် စေ့စပ်ညှိနှိုင်းမှု၊ တွေ့ဆုံဆွေးနွေးမှုအတွက် မျှော်လင့်ကြောင်း ပါကစ္စတန်ထုတ်ဖော်ပြောကြား

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ယူကရိန်းအရှေ့ပိုင်း၊ Donbass ဒေသရှိ ရှေ့တန်းကာကွယ်ရေးစခန်းရှိ တပ်ဖွဲ့ဝင်များအား ၂၀၂၁ခုနှစ်၊ ဧပြီ ၈ ရက်က ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ-- Ukrainian Presidential Office/Handout via Xinhua)

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

လက်ရှိဖြစ်ပွားနေသော ယူကရိန်းနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ သံတမန်နည်းလမ်းဖြင့် အဖြေရှာရန် စေ့စပ်ညှိနှိုင်းမှုနှင့် ဆွေးနွေးမှုအား ဆက်လက်ဦးတည်စေမည့် မျှော်လင့်ချက်နှင့် အားကောင်းသော မျှော်မှန်းချက်များအား ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။

သံတမန်နည်းလမ်းအရ အဖြေရှားခြင်းသည် ဟာ “လမ်းကြောင်းမှန်ဖြစ်သည်” ဟု ယုံကြည်ကြောင်းနှင့် ပါကစ္စတန်နိုင်ငံအနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများအား အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Asim Iftikhar Ahmad က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ၏ မစ်ရှင်သည် ပါကစ္စတန်လူမှုအသိုက်အဝန်း အထူးသဖြင့် ယူကရိန်းနိုင်ငံရှိ ကျောင်းသားများနှင့် အနီးကပ်ဆက်သွယ်မှုရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
“သူတို့ရဲ့ အကျိုးအတွက် စောင့်ရှောက်နေကြပြီး အခါအားလျော်စွာ အခြေအနေဖြစ်ပေါ်ပြောင်းလဲမှုတွေအရ လိုအပ်တဲ့ အကြံဉာဏ်နဲ့ လမ်းညွှန်ချက်တွေကို ထုတ်ပြန်ပေးနေပါတယ်” ဟု Ahmad က ပြောကြားခဲ့သည်။
ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan သည် ရုရှားခေါင်းဆောင်၏ ဖိတ်ကြားချက်အရ လာမည့်သီတင်းပတ်တွင် ရုရှားနိုင်ငံသို့ သွားရောက်ရန် မျှော်လင့်ထားကြောင်းနှင့် ခရီးစဉ် ပြင်ဆင်မှုများကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“ပါကစ္စတန်အနေနဲ့ ရုရှားနှင့် ဘက်စုံ ခိုင်မာတဲ့ ဆက်ဆံရေးက အလွန်အရေးကြီးတယ်လို့ မှတ်ယူထားပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
……………………………….
(English Version)
Pakistan expresses hope for engagement, dialogue to lead to diplomatic solution to Ukraine issue
ISLAMABAD, Feb. 19 (Xinhua) — Pakistani Ministry of Foreign Affairs has expressed hope and strong expectations that continued engagement and dialogue will lead to a diplomatic solution to the ongoing Ukrainian issue.
Foreign Ministry Spokesperson Asim Iftikhar Ahmad said during a weekly media briefing on Friday here that he believes diplomatic solution is “the right way to go,” and Pakistan is closely following the developments in this regard.
Pakistan’s mission is in close contact with the Pakistani community, especially the students in Ukraine, he added.
“They are taking care of their welfare and they are also, from time to time, issuing necessary advice and guidance to them keeping in view the evolving situation,” Ahmad said.
The spokesperson said that Pakistani Prime Minister Imran Khan is expected to visit Russia next week at the invitation of the Russian leadership and its preparations are underway.
“Pakistan attaches great importance to its multi-faceted and strong relationship with Russia,” he added. Enditem
Ukrainian President Volodymyr Zelensky inspects the positions of the Armed Forces of Ukraine at the frontline of defense in Donbass, eastern Ukraine, April 8, 2021. (Ukrainian Presidential Office/Handout via Xinhua)