Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ မြို့တော်ရှိ အထင်ကရဈေးဝယ်စင်တာကြီး မီးလောင်မှုဖြစ်ပွားရာ လူ ၁၁ ဦးသေဆုံး

ဒမတ်စ်ကပ်စ် ၊ မတ် ၂ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်မြို့လယ်ခေါင်ရှိ ဈေးဝယ်စင်တာကြီးတစ်ခု၌ မတ် ၁ ရက် နံနက်အစောပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးပြီး အခြား ခုနှစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။ယင်းမီးလောင်မှုသည် ဒမတ်စကပ်စ်မြို့တော်၏ အထင်ကရဈေးဝယ်နေရာတစ်ခုဖြစ်သော Hamra လမ်းမပေါ်ရှိ Lamirada ဈေးဝယ်စင်တာကြီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၁၁ ဦး မီးဘေးသင့် သေဆုံးခဲ့ရကြောင်း ဆီးရီးယားနိုင်ငံပိုင် SANA သတင်းဌာနက ဖော်ပြခဲ့သည်။

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့ရှိ Lamirada ဈေးဝယ်စင်တာကြီး၌ မတ် ၁ ရက်က မီးလောင်မှုဖြစ်ပွားပြီးနောက် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

အချို့လူများမှာ မီးခိုမွှန်သဖြင့် အသက်ရှူကြပ်သည့်ဝေဒနာများကို ခံစားခဲ့ရကြောင်း ၊ ဒဏ်ရာရသူများကို မြို့တော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုပေးထားကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့ရှိ Lamirada ဈေးဝယ်စင်တာကြီး၌ မတ် ၁ ရက်က မီးလောင်မှုဖြစ်ပွားပြီးနောက် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့ရှိ Lamirada ဈေးဝယ်စင်တာကြီး၌ မတ် ၁ ရက်က မီးလောင်မှုဖြစ်ပွားပြီးနောက် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့ရှိ Lamirada ဈေးဝယ်စင်တာကြီး၌ မတ် ၁ ရက်က မီးလောင်မှုဖြစ်ပွားပြီးနောက် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ပျက်စီးဆုံးရှုံးမှုကြီးမားစွာဖြစ်ပေါ်ခဲ့ရသည့် ယင်းမီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ အကြောင်းအရင်းကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း SANA သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။(Xinhua)

—————————
(English Version)

11 killed in Syrian capital’s shopping mall fire
DAMASCUS, March 1 (Xinhua) — As many as 11 people were killed and seven others wounded when a fire broke out at a shopping mall in the center of the capital Damascus earlier on Tuesday.

The fire gutted the Lamirada mall in Hamra street, one of the most famous marketplaces in Damascus, killing 11 people, state news agency SANA reported.
Some people suffered from breathing difficulty caused by the smoke while the wounded were taken to a city hospital.

The investigations are still ongoing to determine the cause of the fire, which left huge damage and property losses, according to SANA.

Photos- Firefighters are seen working after a huge fire broke out at the Lamirada shopping mall at Hamra marketplace in the heart of the capital Damascus on March 1, 2022. (Photo by Ammar Safarjalani/Xinhua)