Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံ အနောက်ပိုင်းတွင် ပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံး၊ ၂၄ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ Quetta မြို့တွင် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား မတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မတ် ၃ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့တွင် မတ် ၂ ရက်က ပေါက်ကွဲမှုဖြစ်ပွါးပြီး အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြားသူ ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ Quetta မြို့တွင် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာ၌ မီးလောင်နေသည်ကို မတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ Quetta မြို့တွင် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာ၌ လူများစုဝေးနေသည်ကို မတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ Quetta မြို့တွင် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများအား မတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်၊ ကျန်းမာရေးဦးစီးဌာန၊ မီဒီယာညှိနှိုင်းရေးမှူး Waseem Baig က ရဲအရာရှိတစ်ဦး အပါအဝင် လူ ၃ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ပေါက်ကွဲမှုမှာ ယင်းမြို့၊ Fatima Jinnah လမ်းမရှိ လူစည်ကားသောဈေးတစ်ခု၌ ရဲကားတစ်စီးအနီး ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့က မီဒီယာသို့ ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ကယ်ဆယ်ရေးအဖွဲ့များက အခင်းဖြစ်ပွားနေရာသို့ ချက်ချင်းရောက်ရှိသွားခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသူများအနက် ၅ ဦးမှာ ပြင်းထန်သဖြင့် သေဆုံးသူအရေအတွက်မှာ ထပ်မံတိုးလာနိုင်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ဖြည့်စွက်ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကြောင့် ဒုရဲမှူးတစ်ဦး သေဆုံးခဲ့ပြီး အခြား ရဲဝန်ထမ်းနှစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ရဲတပ်ဖွဲ့ ဗုံးဖယ်ရှားရေးအဖွဲ့ကလည်း ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို သိရှိရန် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဈေးဆိုင်တစ်ဆိုင် မီးလောင်သွားခဲ့ရာ ယင်းဆိုင်အနီး ရပ်နားထားသော မော်တော်ယာဉ်များလည်း ပျက်စီးသွားခဲ့ကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။

အဆိုပါ နေရာအား ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များက ပိတ်ထားခဲ့ပြီး ရှာဖွေရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုနှင့် ပတ်သတ်၍ မည်သည့်အဖွဲ့ သို့မဟုတ် မည်သူ၏ လက်ချက်ဖြစ်ကြောင်း မသိရသေးပေ။ (Xinhua)

………………………………………………
(English Version)

3 killed, 24 injured in blast in SW Pakistan
Source: Xinhua| 2022-03-03 00:37:46|Editor: huaxia
ISLAMABAD, March 2 (Xinhua) — At least three people were killed and 24 others injured on Wednesday evening in a blast in Pakistan’s southwest Quetta city, said an official.
Media Coordinator of Health Department of Pakistan’s southwest Balochistan province Waseem Baig said in a statement that three people, including a police officer, died in the blast.
Local police told media that the blast took place near a police vehicle in a busy market located at the Fatima Jinnah Road of the city.
Police, security forces and rescue teams rushed to the site and shifted the bodies and the injured to a hospital.
The death toll might further rise as five of the wounded were in critical condition, added the police.
The police said that a deputy superintendent of police lost life, while two other police personnel were seriously injured in the blast, according to the local reports.
The bomb disposal squad of police is investigating to ascertain the nature of the blast.
Several vehicles parked nearby were also damaged while a shop was engulfed in fire following the blast, said local reports.
Police and security forces have cordoned off the area and launched a search operation.
No group or individual has claimed the blast yet. ■
Photo 1 : Security personnel work at the blast site in Quetta, Pakistan, on March 2, 2022. At least three people were killed and 24 others injured on Wednesday evening in a blast in Pakistan’s southwest Quetta city, said an official. (Photo by Asad/Xinhua)

Photo 2 : Fire rages from the blast site in Quetta, Pakistan, on March 2, 2022. At least three people were killed and 24 others injured on Wednesday evening in a blast in Pakistan’s southwest Quetta city, said an official. (Photo by Asad/Xinhua)
Photo 3 : People gather at the blast site in Quetta, Pakistan, on March 2, 2022. At least three people were killed and 24 others injured on Wednesday evening in a blast in Pakistan’s southwest Quetta city, said an official. (Photo by Asad/Xinhua)
Photo 4 : Security personnel and medical workers work at the blast site in Quetta, Pakistan, on March 2, 2022. At least three people were killed and 24 others injured on Wednesday evening in a blast in Pakistan’s southwest Quetta city, said an official. (Photo by Asad/Xinhua)