Connect with us

Europe

အစ္စရေးဝန်ကြီးချုပ်က ပေါ်ထွက်လာမည့် အီရန်နျူကလီးယားသဘောတူညီချက်အသစ်သည် “ အားနည်းချက်” ရှိကြောင်း ပြောကြား

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က ကျင်းပပြုလုပ်သော ပူးတွဲဘက်စုံ အရေးယူဆောင်ရွက်မှုအစီအစဉ် (JCPOA) အစည်းအဝေးတစ်ခုမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုဆလမ် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံဝန်ကြီးချုပ်က အီရန်နိုင်ငံအနေဖြင့် မကြာမီကာလအတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့်အတူ နျူကလီးယားသဘောတူညီချက်အသစ်တစ်ခုကို လက်မှတ်ရေးထိုးဖွယ်ရှိနေကြောင်း ၊ သို့သော် ယင်းသဘောတူညီချက်အသစ်သည် ယခင်ရှိခဲ့သော သဘောတူညီချက်ထက် ပို၍ “ အားနည်းကြောင်း” ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ပြုလုပ်ခဲ့သော ဆွေးနွေးမှုများအပေါ် ရည်ညွှန်း၍ အစ္စရေးဝန်ကြီးချုပ် Bennett က ၎င်း၏ အစိုးရအဖွဲ့အပတ်စဉ် ပုံမှန်အစည်းအဝေး၌ မိန်းခွန်းပြောကြားစဉ် “ ဆွေးနွေးမှုတွေက ရှေ့ကို လျင်လျင်မြန်မြန်နဲ့ သွားနေပါတယ်။ သိပ်မကြာခင်မှာ သဘောတူညီချက်တစ်ခုကို ကျွန်တော်တို့ တွေ့မြင်ရပါလိမ့်မယ် ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်သော COVID-19 ရောဂါတိုက်ဖျက်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် Naftali Bennett အားတွေ့ရစဉ်(ဆင်ဟွာ)

သို့သော် “ အသစ်ပေါ်ထွက်လာမယ့်သဘောတူညီချက်ဟာ ဟိုးယခင်က တစ်ခုထက် ပိုပြီး အားနည်းတိုတောင်းမှာပါ” ဟု ၎င်းက ဆိုသည်။

အီရန်နိုင်ငံအပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများကို ပယ်ဖျက်ပေးလိုက်ခြင်းသည် အီရန်နိုင်ငံအတွက် စစ်လက်နက်များထုတ်လုပ်နိုင်ရန် ပိုမိုငွေကြေးထောက်ပံ့ပေးလိုက်သကဲ့သို့ ဖြစ်နေလိမ့်မည်ဟု အစ္စရေးခေါင်းဆောင်က သတိပေးပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံအနေဖြင့် ၎င်းနိုင်ငံသားများ၏ လုံခြုံရေးကို ကာကွယ်ရန် မည်သည့်အခင်းအကျင်းမျိုးတွင်မဆို ကိုယ်ပိုင်စွမ်းပကားဖြင့် အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီး Benny Gantz က ဖေဖော်ဝါရီ ၂၀ ရက်တွင် ဂျာမနီနိုင်ငံ၌ ပြုလုပ်သော “မြူနစ်လုံခြုံရေးညီလာခံ”၌ မိန့်ခွန်းပြောကြားရာ၌ ထွက်ပေါ်လာမည့် သဘောတူညီချက်ကို အသုံးပြု၍ အီရန်နျူကလီးယားအစီအစဉ်အပေါ် တင်းတင်းကြပ်ကြပ်စောင့်ကြည့်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းမှုပြုလုပ်ခဲ့သည်။

“ အီရန်အနေနဲ့ နျူကလီးယားဖြည့်စွက်အစိတ်အပိုင်းတွေကို ဆက်ပြီးမလုပ်ဆောင်နိုင်အောင် တိကျသေချာတဲ့အရေးယူမှုတွေနဲ့ စောင့်ကြည့်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားရမှာပါ ” ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံသည် ပူးတွဲဘက်စုံအရေးယူဆောင်ရွက်မှုအစီအစဉ် (JCPOA)ဟု တရားဝင် ခေါ်ဆိုသည့် ၂၀၁၅ အီရန်နျူကလီးယားသဘောတူညီချက်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့သည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ယင်းသဘောတူညီချက်သည် ၎င်း၏ နျူကလီးယားအစီအစဉ်အပေါ် ကန့်သတ်မှု နှင့် စောင့်ကြည့်မှုအတွက် အီရန်အား အရေးယူပိတ်ဆို့မှုများကို ဖြေလျှော့ပေးမည်ဟု ကမ်းလှမ်းထားခဲ့ခြင်းဖြစ်သည်။

ယခင်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်လက်ထက်တွင် အမေရိကန်နိုင်ငံသည် JCPOA သဘောတူညီချက်မှ ၂၀၁၈ ခုနှစ်၌ တရားဝင်နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုများ တစ်ကြော့ပြန်ပြုလုပ်ခဲ့ရာ အီရန်က တစ်နှစ်အကြာတွင် ၎င်း၏ နျူကလီးယားကတိကဝတ်များမှ အချို့ကို ရုပ်သိမ်းရန် တွန်းအားပေးခဲ့ပြီး ရပ်ဆိုင်းထားသော နျူကလီးယားအစီအစဉ်ကို ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဧပြီလကတည်းက ဗီယင်နာမြို့တွင် အီရန် နှင့် ကျန်ရှိသော သက်ဆိုင်ရာနိုင်ငံများဖြစ်သည့် ဗြိတိန် ၊ တရုတ် ၊ ပြင်သစ် ၊ ရုရှား ၊ ဂျာမနီ နိုင်ငံများနှင့်အတူ ၈ ကြိမ်တိုင် ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်အား ပြန်လည်သုံးသပ်ရန်ဟုဆိုကာ အမေရိကန်နိုင်ငံသည် ယင်းဆွေးနွေးပွဲများအား တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမဟုတ်သော သွယ်ဝိုက်နည်းလမ်းဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

—————————————–
(English Version)

Israeli PM says new yet “weaker” Iran nuclear deal imminent

JERUSALEM, Feb. 20 (Xinhua) — Israeli Prime Minister said on Sunday that Iran may soon sign a new nuclear agreement with world powers but the new deal is “weaker” than the previous one.
Referring to the negotiations in Vienna between Iran and world powers, Bennett told his weekly cabinet meeting that “the talks are advancing quickly … We may see an agreement shortly.”
But “the new apparent agreement is shorter and weaker than the previous one,” he said.

The Israeli leader warned that the lift of sanctions against Iran will provide the country with more money to build weapons.
Israel is prepared to protect its citizens’ security, on its own, in any scenario, the prime minister noted.

Also on Sunday, Israeli Defense Minister Benny Gantz in Germany addressed the Munich Security Conference and urged the international community to use the emerging deal to tighten the oversight over Iran’s nuclear program.
“Action must be taken to ensure that Iran does not continue enrichment in additional facilities, and oversight must be increased,” he told the conference.

Israel has been a staunch opponent of the 2015 Iranian nuclear agreement, formally known as the Joint Comprehensive Plan of Action (JCPOA), which offered Iran sanction relief in return for restrictions and oversight over its nuclear program.
Former U.S. President Donald Trump pulled Washington out of the JCPOA in May 2018 and reimposed sanctions on Iran, which prompted the latter to drop some of its nuclear commitments one year later and advance its halted nuclear program.
Since April 2021, eight rounds of talks have been held in Vienna between Iran and the remaining parties, namely Britain, China, France, Russia plus Germany, with the United States indirectly involved in the talks, to revive the landmark deal.

(1)Photo taken on Nov. 29, 2021 shows a meeting of the Joint Comprehensive Plan of Action (JCPOA) Joint Commission in Vienna, Austria. (EU Delegation Vienna/Handout via Xinhua)
(2)Israeli Prime Minister Naftali Bennett speaks at a press conference about the COVID-19 pandemic in Tel Aviv, Israel, on Jan. 11, 2022. (Noam Revkin Fenton/JINI via Xinhua)