Connect with us

North America

အမေရိကန်သမ္မတ ဘိုင်ဒန်က ရုရှားသမ္မတပူတင်နှင့် မူအားဖြင့်တွေ့ဆုံဆွေးနွေးရန်လက်ခံကြောင်း အိမ်ဖြူတော်ပြောကြား

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် နှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့ကို တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် နှင့် တွေ့ဆုံဆွေးနွေးရန် မူအားဖြင့်လက်ခံကြောင်း အိမ်ဖြူတော် သတင်းနှင့်ပြန်ကြားရေးအတွင်းဝန် Jen Psaki က ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ဖေဖော်ဝါရီ ၂၀ ရက်တွင် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် နှင့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်တို့ထံ သီးခြားစီ ဖုန်းဆက်သွယ်ပြောဆိုခဲ့သည့် ပြင်သစ်နိုင်ငံ သမ္မတ Emmanuel Macron ၏ကြားဝင်ဆောင်ရွက်ပေးမှုဖြင့် ယင်းသမ္မတနှစ်ဦးက virtual တွေ့ဆုံဆွေးနွေးမှုတစ်ခုပြုလုပ်ရန် မူအားဖြင့်လက်ခံခဲ့သည်ဟု ပြင်သစ်နိုင်ငံ Elysee နန်းတော်က ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီးနောက် အလားအလာရှိသော ဘိုင်ဒန်-ပူတင် ထိပ်သီးတွေ့ဆုံပွဲအတွက် အိမ်ဖြူတော် သတင်းနှင့်ပြန်ကြားရေးအတွင်းဝန် Jen Psaki က အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အိမ်ဖြူတော် သတင်းနှင့်ပြန်ကြားရေးအတွင်းဝန် Jen Psaki က ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအား ကျူးကျော်ဝင်ရောက်ခြင်းမပြုမှသာလျှင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တိုလာမည့်အပတ်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ယင်းနောက်တွင် သမ္မတ နှစ်ဦးအကြား ထိပ်သီးဆွေးနွေးပွဲ
ဖြစ်လာမည်ဟု ဆိုသည်။

“သံတမန်နည်းလမ်းအတွက် အမြဲတမ်းအသင့်ရှိပါတယ်။”ဟု အိမ်ဖြူတော် သတင်းနှင့်ပြန်ကြားရေးအတွင်းဝန်က ကြေညာချက်တွင်‌ ပြောကြားခဲ့သည်။ “ရုရှားအနေနဲ့ စစ်ပွဲကို ရွေးချယ်မယ်ဆိုရင် ကျွန်မတို့ကလဲ အလျှင်အမြန် နဲ့ ပြင်းပြင်းထန်ထန် အကျိုးဆက်တွေကို ချမှတ်ဖို့ အသင့်ရှိပါတယ်။”ဟု ဆိုသည်။

အမေရိကန်နိုင်ငံက ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံအား အချိန်မရွေး ကျူးကျော်နိုင်သည်ဟု ဆက်လက်အခိုင်အမာ ပြောဆိုနေချိန်တွင် ရုရှားနိုင်ငံက အမေရိကန်အနေဖြင့် ဆောက်တည်မရဖြစ်နေသည်ဟု ဆိုကာ ထိုကဲ့သို့သော အစီအစဉ်များ လုံးဝမရှိဟု ငြင်းဆန်ခဲ့ပြီးနောက်တွင်
အဆိုပါ တွေ့ဆုံဆွေးနွေးမည့် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

နှစ်ဘက်စလုံးက ယခင်သဘောတူညီထားခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့တွေ့ဆုံဆွေးနွေးမှုကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ဥရောပ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————

(English Version)

Biden accepts “in principle” meeting with Putin: White House

WASHINGTON, Feb. 20 (Xinhua) — White House Press Secretary Jen Psaki said Sunday that President Joe Biden “accepted in principle” a meeting with Russian President Vladimir Putin.

Psaki’s confirmation of a potential Biden-Putin summit followed a statement by the Elysee Palace in France saying the two presidents have “accepted in principle” a virtual meeting brokered by French President Emmanuel Macron, who held separate phone calls with Biden and Putin on Sunday.

Psaki said the summit would happen after a meeting between U.S. Secretary of State Antony Blinken and Russian Foreign Minister Sergey Lavrov next week, provided that Russia will not invade Ukraine.

“We are always ready for diplomacy,” she said in the statement. “We are also ready to impose swift and severe consequences should Russia instead choose war.”

The latest development came as the United States has kept claiming Russia could invade its neighbor at any time, while Russia has denied any such plans, accusing Washington of “hysteria.”
The Blinken-Lavrov meeting, agreed previously by the two sides, will take place on Thursday in Europe. ■
Photo – Russian President Vladimir Putin and U.S. President Joe Biden (Xinhua)