Connect with us

Europe

ကုလသမဂ္ဂအကြီးအကဲက ရုရှား၏ Donetsk ၊ Lugansk နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်အပေါ် အလွန်စိုးရိမ်ပူပန်ကြောင်း ပြောကြား

ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းနိုင်ငံ Donetsk ၊ Lugansk ၏ အခြေအနေအပေါ် ရုရှားနိုင်ငံ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ၎င်း၏ အပြင်းအထန် စိုးရိမ်ပူပန်မှုကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ယူကရိန်းနိုင်ငံ Donetsk နှင့် Lugansk ဒေသများ၏ အချို့သောနယ်မြေအခြေအနေများနှင့် စပ်လျဉ်း၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ် အလွန်စိုးရိမ်ပူပန်ကြောင်း အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ထုတ်ပြန်သည့် ကြေညာချက်မှတစ်ဆင့် ဆုံးဖြတ်ချက် ၂၂၀၂(၂၀၁၅)တွင် လုံခြုရေးကောင်စီက အတည်ပြုထောက်ခံထားသည့်အတိုင်း Minsk သဘောတူညီချက်များနှင့်အညီ ကုလသမဂ္ဂအကြီးအကဲက ယူကရိန်းနိုင်ငံ အရှေ့ဘက်တွင် ပဋိပက္ခအား ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် တောင်းဆိုခဲ့ကြောင်း ဆိုသည်။

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြည်သူတို့ ရုပ်သံမှတဆင့် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဆုံးဖြတ်ချက်သည် ယူကရိန်းနိုင်ငံ၏ ပိုင်နက်တည်တံ့ခိုင်မြဲမှု နှင့် အချုပ်အခြာအာဏာအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု ယူဆပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် မကိုက်ညီကြောင်း ကြေညာချက်တွင် ဖော်ပြထားသည် ။

သက်ဆိုင်သော အထွေထွေညီလာခံဆုံးဖြတ်ချက်များနှင့်အညီ ကုလသမဂ္ဂသည် နိုင်ငံတကာအသိအမှတ်ပြုထားသည့် နယ်နိမိတ်များအတွင်း ယူကရိန်းနိုင်ငံ၏ အချုပ်အခြာအာဏာ ၊ လွတ်လပ်ခြင်း နှင့် ပိုင်နက်တည်တံ့ခိုင်မြဲမှုအား အပြည့်အဝထောက်ခံလျက် ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ယူကရိန်း နိုင်ငံအတွင်း နှင့် နိုင်ငံတစ်ဝှမ်း အန္တရာယ်ရှိသည့်အခြေအနေများအား ပိုမိုပြင်းထန်လာစေနိုင်သည့် မည်သည့်လုပ်ဆောင်ချက်များ နှင့် ကြေညာချက်များကိုမဆို တားဆီးရန် ၊ အရပ်သားပြည်သူများ နှင့် လူနေအိမ်များအား ကာကွယ်ရန် ၊ စစ်ပြုခြင်းအား ချက်ချင်းရပ်ဆိုင်းရန်ကို သေချာအောင် လုပ်ဆောင်သည့် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကို အာရုံစိုက်ရန် နှင့် အကြောင်းကိစ္စများအားလုံးကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် သံခင်းတမန်ခင်းကို ဦးစားပေးသတ်မှတ်ရန် အဓိကသက်ဆိုင်သူများအားလုံးအား တိုက်တွန်းကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထိုနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ယူကရိန်းနိုင်ငံ အရှေ့ဘက် ထိတွေ့နေသည့် နယ်နမိတ်မျဉ်းတစ်လျှောက် လက်နက်ကြီးများ အသုံးပြုခြင်း အပါအဝင် အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများ တိုးလာသည့် နောက်ဆုံးအစီရင်ခံချက်များနှင့်အတူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က အလွန်ပူပန်စိတ်မအေးရကြောင်း ပြောကြားခဲ့သည်။

“အရပ်သားပြည်သူ သေကျေဒဏ်ရာရတာ ၊ အရေးကြီးတဲ့ အရပ်သားအခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတာ နဲ့ ဘေးလွတ်ရာရွှေ့ပြောင်းတာတွေ နဲ့ ပတ်သတ်တဲ့ အစီရင်ခံချက်တွေကို အထူးပူပန်စိတ်မအေး ဖြစ်ရပါတယ်။”ဟု ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ပြောကြားခဲ့သည်။

“တင်းမာမှုတွေကို ပိုပြီး ပြင်းထန်လာစေမယ့်ဘယ်လို လုပ်ဆောင်ချက်တွေနဲ့ ကြေညာချက်တွေမျိုးမဆို ရှောင်ရှားဖို့ သက်ဆိုင်တဲ့အဖွဲ့တွေအားလုံး နဲ့ စစ်ပြုတာကို ချက်ချင်းရပ်ဆိုင်းဖို့ ၊ အစွမ်းကုန်ထိန်းသိမ်းသည်းခံကြဖို့ ကျွန်တော်တို့က အလေးအနက်တောင်းဆိုပါတယ်။အကြောင်းကိစ္စတွေအားလုံးကို သံခင်းတမန်ခင်းကနေတစ်ဆင့် ဖြေရှင်းရပါမယ်။”ဟု ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က Lugansk ပြည်သူ့ သမ္မတ နိုင်ငံ (LPR) နှင့် Donetsk ပြည်သူ့ သမ္မတ နိုင်ငံ (DPR) တို့အား လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုသည့် အမိန့်ဒီဂရီကို လက်မှတ်ရေးထိုးကြောင်း ဖေဖော်ဝါရီ ၂၁ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)

——————————–
(English Version)
UN chief “greatly concerned” over Russia’s decision concerning Donetsk, Lugansk
UNITED NATIONS, Feb. 21 (Xinhua) — United Nations Secretary-General Antonio Guterres on Monday expressed his deep concern over Russia’s decision on the status of Donetsk and Lugansk of Ukraine.

The secretary-general is “greatly concerned” by the decision by the Russian Federation related to the status of certain areas of Donetsk and Lugansk regions of Ukraine, said Stephane Dujarric, spokesperson for the UN chief.

Through a statement attributable to Dujarric, the UN chief called for “peaceful settlement” of the conflict in eastern Ukraine, in accordance with the Minsk Agreements, as endorsed by the Security Council in resolution 2202 (2015).

“The secretary-general considers the decision of the Russian Federation to be a violation of the territorial integrity and sovereignty of Ukraine and inconsistent with the principles of the Charter of the United Nations,” said the statement.

The United Nations, in line with the relevant General Assembly resolutions, remains “fully supportive of” the sovereignty, independence and territorial integrity of Ukraine, within its internationally recognized borders, according to the statement.

“The secretary-general urges all relevant actors to focus their efforts on ensuring an immediate cessation of hostilities, protection of civilians and civilian infrastructure, preventing any actions and statements that may further escalate the dangerous situation in and around Ukraine and prioritizing diplomacy to address all issues peacefully,” it added.

At the day’s press briefing, Dujarric said, “The secretary-general is greatly concerned with the latest reports of increased ceasefire violations, including the use of heavy weapons across the contact line in eastern Ukraine.”
“We are particularly concerned regarding reports of civilian casualties, targeting of critical civilian infrastructure and evacuations,” Dujarric said.

“We underline our call for an immediate cessation of hostilities, maximum restraint and for all parties to avoid any actions and statements that would escalate tensions further. All issues must be addressed through diplomacy,” the spokesperson added.

Russian President Vladimir Putin announced on Monday that he had signed a decree recognizing “the Lugansk People’s Republic (LPR)” and “the Donetsk People’s Republic (DPR)” as independent and sovereign states. ■

Photo 1 – UN Secretary-General Antonio Guterres speaks during a press encounter at the UN headquarters in New York, on Feb. 14, 2022. (Xinhua/Xie E)
Photo 2 – Photo taken on Feb. 21, 2022 shows a screen displaying Russian President Vladimir Putin speaking during a televised address to the nation in Moscow, Russia. (Xinhua/Bai Xueqi)