Connect with us

Europe

ယူကရိန်းနိုင်ငံမှ စစ်ပြေးဒုက္ခသည်များအား ဒိန်းမတ်နိုင်ငံက ခေါ်ယူရန်အဆင်သင့်ရှိကြောင်း ဝန်ကြီးချုပ်ပြောကြား

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကျင်းပသည့် ဥရောပသမဂ္ဂ အထူးထိပ်သီးအစည်းအဝေး ဒုတိယနေ့သို့ တက်ရောက်လာသော ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် Mette Frederiksen အား ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ ၂ရက်က တွေ့ရစဉ် (ဓာတ်ပုံ-- European Union/Handout via Xinhua)

ကိုပင်ဟေဂင်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံမှ ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များအား ဒိန်းမတ်နိုင်ငံက လက်ခံမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Mette Frederiksen က ဖေဖော်ဝါရီ ၂၄ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ယူကရိန်းနှင့် ၎င်း၏အိမ်နီးချင်းနိုင်ငံများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရန်လည်း Frederiksen က ကတိပြုခဲ့သည်။

“ပြည်တွင်းမှာပဲ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ဒုက္ခသည်တွေရှိလာလိမ့်မယ်။ ပိုလန်လိုသာမက မော်လိဒိုဗာနဲ့ အခြားနိုင်ငံတွေလိုမျိုမျိုး ဖိအားတွေအများကြီးရှိလာမှာပါ။ ပြီးတော့ ဒုက္ခသည်စီးဆင်းမှုတွေကလည်း ဥရောပကို ဝင်ရောက်လာနိုင်ပြီး ဒါကို ဒိန်းမတ်က ပံ့ပိုးပေးသွားမှာပါ” ဟု Frederiksen က ရှင်းပြခဲ့သည်။
သို့သော်လည်း “ဒိန်းမတ်နိုင်ငံအနေနဲ့ စစ်ပြေးဒုက္ခသည်ဘယ်လောက် လက်ခံမယ်ဆိုပြီး ကိန်းဂဏန်းအနေနဲ့ ပြောဖို့ကတော့ စောလွန်းပါသေးတယ်’’ ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များကလည်း ယူကရိန်းဒုက္ခသည်များကို လက်ခံရန် ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဒိန်းမတ်သတင်းဌာန Ritzau ၏ထုတ်ပြန်ချက်အရ သိရသည်။
တစ်ချိန်တည်းတွင်၊ မြောက်အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ဒိန်းမတ်သည် ၎င်း၏အမျိုးသားရေးကြိုတင်ပြင်ဆင်မှုနှင့် နေတိုး ကာကွယ်ရေး မဟာမိတ်အဖွဲ့နှင့် အတူ အသင့်ရှိနေကြောင်း Frederiksen က ပြောကြားခဲ့သည်။
“ဒိန်းမတ်က တိုက်ရိုက်ခြိမ်းခြောက်ခံရတာတော့မဟုတ်ပါဘူး ဒါပေမဲ့ (ယူကရိန်းအကျပ်အတည်း) က ကျွန်မတို့ ရဲ့ စီးပွားရေးနဲ့ စွမ်းအင်ထောက်ပံ့မှုအပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဒိန်းမတ်ပြည်သူလူထုအတွက် ကုန်ကျစရိတ်ကြီးမြင့်နိုင်ခြေရှိတဲ့ နောက်ဆုံး နိုင်ငံတကာအကျပ်အတည်းအထိ ဖြစ်လာဖို့ ကျွန်မတို့ မျှော်လင့်ထားရမှာပါ။ ကျွန်မတို့တွေဟာ မသေချာမရေရာတဲ့ ကာလတွေမှာနေထိုင်နေရတာဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။
ကာကွယ်ရေးဦးစီးချုပ် Flemming Lentfer ၏ အဆိုအရ ဒိန်းမတ်နိုင်ငံသည် အနာဂတ်တွင် မဟာမိတ်တပ်များအတွက် “ဖြစ်မြောက်အောင်ဆောင်ရွက်ပေးသူ” အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
“နယ်စပ်အပြင်ဘက်မှာ နောက်ထပ် ဒိန်းမတ်တပ်ဖွဲ့တွေကိုထပ်ပြီး တပ်ဖြန့်ရမယ်လို့ ဆိုလိုတာပါ” ဟု Lentfer က ဆိုသည်။

ဖေဖော်ဝါရီ ၂၄ ရက်အစောပိုင်းတွင် ရုရှားသမ္မတ ဗလာတီမာပူတင် (Vladimir Putin) က အထူးစစ်ဆင်ရေးဆောင်ရွက်ရန်ခွင့်ပြုခဲ့သလို ယူကရိန်းနိုင်ငံကလည်း နိုင်ငံတစ်ဝန်းရှိ စစ်အခြေစိုက်စခန်းများ တိုက်ခိုက်ခံရကြောင်း အတည်ပြုခဲ့သည်။
ယင်းသို့ဖြစ်ပွားပြီးနောက် ယူကရိန်းသမ္မတ Volodymyr Zelensky က နိုင်ငံတွင်း စစ်အုပ်ချုပ်ရေးအမိန့်အား ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)

………………….
(English Version)
Denmark ready to take in refugees from Ukraine: PM
COPENHAGEN, Feb. 24 (Xinhua) — Denmark will accept refugees fleeing from Ukraine, Prime Minister Mette Frederiksen told journalists on Thursday.
Frederiksen also pledged humanitarian assistance to Ukraine and its neighbors.
“There will be internally displaced refugees. There will, of course, also be a lot of pressure on a country like Poland, but also on Moldova and other countries. And then the refugee flows can enter Europe, which Denmark will facilitate,” Frederiksen explained.
However, she added that “it is far too early to put figures on how many refugees Denmark will take in.”
According to the Danish news agency Ritzau, immigration authorities have started preparations to take in Ukrainian refugees.
Meanwhile, as a NATO member state, Denmark will bolster its own national preparedness and the NATO defense alliance’s readiness, Frederiksen said.
“Denmark is not threatened directly … But (the crisis in Ukraine) will have an impact on our economy and our energy supply. We expect a lasting international crisis, potentially with large costs for the Danish society. We are living in uncertain times,” she said.

According to Chief of Defense Flemming Lentfer, Denmark will be used as a “springboard” for Allied forces in the future.
“This may mean that additional Danish forces must be deployed outside the border,” Lentfer said.
Earlier on Thursday, Russian President Vladimir Putin authorized a “special military operation,” and Ukraine confirmed that military installations across the country were under attack.
Ukrainian President Volodymyr Zelensky declared martial law in the country following that. Enditem
Photo-Danish Prime Minister Mette Frederiksen arrives for the second day meeting of the European Union (EU) special summit in Brussels, Belgium, on Oct. 2, 2020.(European Union/Handout via Xinhua)