Connect with us

North America

ရုရှား-ယူကရိန်း တင်းမာမှုများကြားမှ ရေနံဈေးမြင့်တက်

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုရှိ ဓာတ်ငွေ့ဆိုင်တစ်ခုတွင် ဓာတ်ငွေ့ဖြည့်နေသူတစ်ဦးအား ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန် ရေနံစိမ်းစံအမှတ်နှင့် ဘရန့်ရေနံဈေးနှစ်ခုလုံးမှာ ဖေဖော်ဝါရီ ၂၄ ရက်တွင် မြင့်တက်ခဲ့ပြီး ယင်းနေ့ကုန်သွယ်မှု၌ အမေရိကန်ဒေါ်လာ ၁၀၀ ကျော်သွားခဲ့ကြောင်း သိရသည်။

West Texas West Texas ဧပြီလတင်ပို့မှုအတွက် New York Mercantile Exchange တွင် ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀.၅၄ အထိ မြင့်တက်ခဲ့ရာမှ ၉၂.၈၁ ဒေါ်လာတွင် ငြိမ်သွားခဲ့သည်။ ဧပြီလအတွက် ဘရန့်ရေနံစိမ်း တင်ပို့မှုမှာလည်း London ICE Futures Exchange တွင် တစ်စည်လျှင် ယင်းနေ့အစောပိုင်းက ၁၀၅.၇၇ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီးနောက် ဒေါ်လာ ၉၉.၀၈ ဒေါ်လာနှင့် ဈေးပိတ်ခဲ့ကြောင်း သိရသည်။

ရေနံစိမ်းစံအမှတ်နှစ်ခုလုံးသည် ၂၀၁၄ ခုနှစ်မှစ၍ တစ်နေ့တည်းဈေးနှုန်းအဆင့်တွင် အမြင့်ဆုံးသို့ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရေနံဈေးသည် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကြား ညတွင်းချင်း စစ်ရေးပဋိပက္ခအခြေအနေအတွင်းသို့ အရှိန်မြင့်တက်လာခြင်းကြောင်း ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ဒွန်ဘတ်စ်ဒေသ၌ “အထူးစစ်ဆင်ရေးတစ်ရပ်” အား ခွင့်ပြုခဲ့ကြောင်းနှင့် ယူကရိန်းနိုင်ငံကလည်း နိုင်ငံတစ်ဝန်းရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များ တိုက်ခိုက်ခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။

ရုရှား-ယူကရိန်း တင်းမာမှုများ အရှိန်မြင့်တက်လာခြင်းက စွမ်းအင်ပေးပို့မှုကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ဈေးကွက်ရောင်းဝယ်ဖောက်ကားသူများလည်း စိုးရိမ်မှု ဖြစ်ခဲ့ကြကြောင်း ကျွမ်းကျင်သူများက မှတ်ချက်ပြုခဲ့သည်။

ကုန်သည်များက အပတ်စဉ် အသစ်ထုတ်ပြန်လိုက်သော အမေရိကန် လောင်စာထုတ်လုပ်ရေး အချက်အလက်များကို ခွဲခြားစိတ်ဖြာခဲ့ကြောင်းသိရသည်။

အမေရိကန် ရေနံစိမ်းသိုလျှောင်မှုမှာ ဖေဖော်ဝါရီ ၁၈ ရက်တွင် ကုန်ဆုံးခဲ့သော သီတင်းပတ်အတွင်း ရေနံစည် ၄.၅ သန်း မြင့်တက်ခဲ့ကြောင်း စွမ်းအင်သတင်းအချက်အလက်စီမံခန့်ခွဲမှုဦးစီးဌာန (EIA) က ဖေဖော်ဝါရီ ၂၄ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ S&P Global Platts မှ စစ်တမ်းကောက်ယူထားမှုအရ အမေရိကန် ရေနံထုတ်လုပ်မှုများက ရေနံစည် ၀.၃ သန်း ကျဆင်းမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

စုစုပေါင်း မော်တော်ကားဓာတ်ဆီ ထုတ်လုပ်ရေးစက်ရုံများနှင့် ပေါင်းခံလောင်စာထုတ်လုပ်ရေးစက်ရုံများကလည်း ပြီးခဲ့သည့်သီတင်းပတ်တွင် စည်ပေါင်း ၀.၆ သန်း လျှော့ချခဲ့ကြောင်း EIA က ပြောကြားခဲ့သည်။ (Xinhua)

………………………………………………
(English Version)
Oil prices rise amid Russia-Ukraine tensions
Source: Xinhua| 2022-02-25 07:26:30|Editor:

NEW YORK, Feb. 24 (Xinhua) — Oil prices finished higher on Thursday with both the U.S. crude benchmark and Brent exceeding 100 U.S. dollars a barrel in intraday trading, as traders assessed geopolitical tensions over Ukraine.
The West Texas Intermediate for April delivery added 71 cents to settle at 92.81 U.S. dollars a barrel on the New York Mercantile Exchange, after hitting a session high of 100.54 dollars. Brent crude for April delivery increased 2.24 dollars to close at 99.08 dollars a barrel on the London ICE Futures Exchange, after touching 105.77 dollars earlier in the session.
Both crude benchmarks hit their highest intraday level since 2014.
The oil rally came as the tensions between Russia and Ukraine have escalated into a military conflict overnight.
Russian President Vladimir Putin authorized on Thursday “a special military operation” in Donbass, and Ukraine confirmed that military targets across the country were under attack.
Market participants feared that the escalating Russia-Ukraine tensions would disrupt energy supplies, experts noted.
Traders also parsed newly-released weekly U.S. fuel inventory data.
U.S. crude oil stockpiles increased by 4.5 million barrels during the week ending Feb. 18, the Energy Information Administration (EIA) reported on Thursday. Analysts surveyed by S&P Global Platts had forecast the U.S. crude inventories to show a fall of 0.3 million barrels.
According to the EIA, total motor gasoline inventories and distillate fuel inventories both decreased by 0.6 million barrels last week. ■

Photo : A man pumps gas at a gas station in San Antonio, Texas, the United States on Feb. 24, 2022. (Photo by Nick Wagner/Xinhua)