Connect with us

Europe

ယူကရိန်းအား အမေရိကန်ဒေါ်လာ သန်း ၆၀၀ လက်နက်အကူအညီပေးရန် အမေရိကန်ကွန်ဂရက် စိတ်ဝင်စား

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ယူကရိန်းအရေးနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေး ကျင်းပသည်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ၏ စစ်ရေးအရ တိုက်ခိုက်ခြင်းမှ ကိုယ်တိုင်ကာကွယ်နေသော ကိဗ်မြို့အား ကူညီရန် အမေရိကန်လွှတ်တော် ရှိ လွှတ်တော်အမတ်များက အမေရိကန်ဒေါ်လာ သန်း ၆၀၀ တန်ဖိုးရှိသော “ပြင်းထန်သည့် ကာကွယ်ရေးလက်နက်များ’’ အား ယူကရိန်းနိုင်ငံကို ပံ့ပိုးပေးလိုကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီ (Nancy Pelosi ) က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနေ့ အစောပိုင်းတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden ) က ရုရှားအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ထပ်မံသတ်မှတ်မည့်အပြင် ဥရောပသို့ အမေရိကန်တပ်များ ထပ်တိုးတပ်ဖြန့်ထားကြောင်း ကြေညာခဲ့သည်။
ယူကရိန်းနိုင်ငံသို့ အမေရိကန်တပ်ဖွဲ့များ စေလွှတ်မည်မဟုတ်ကြောင်း ဘိုင်ဒန်က ထပ်လောင်းပြောကြားခဲ့သည်။

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်(Vladimir Putin) က ဒွန်ဘတ်စ်ဒေသတွင် အထူးစစ်ဆင်ရေးတစ်ရပ်ကို ဖေဖော်ဝါရီ ၂၄ရက်တွင် ခွင့်ပြုခဲ့သည်။ ယူကရိန်းနိုင်ငံကလည်း နိုင်ငံတစ်ဝှမ်းရှိ စစ်ဘက်ဆိုင်ရာစခန်းများအား တိုက်ခိုက်ခံနေရကြောင်း အတည်ပြုခဲ့သည်။
“ကျွန်တော်တို့ရဲ့ အစီအစဉ်တွေမှာ ယူကရိန်းနယ်မြေတွေကို သိမ်းပိုက်ဖို့ မပါဝင်ပါဘူး။ အင်အားသုံးပြီးတော့ ဘယ်သူတစ်ဦးတစ်ယောက်အပေါ် တစ်စုံတစ်ရာ တွန်းအားပေးမည်မဟုတ်ပါဘူး” ဟု ပူတင်က ရုပ်သံမိန့်ခွန်း၌ ပြောကြားခဲ့သည်။ ဥရောပအရှေ့ဘက်သို့ တိုးချဲ့မှုနှင့် ရုရှားနယ်စပ်များသို့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံ နီးကပ်စွာတည်ဆောက်လာသည့် နေတိုး (NATO) မှ “အခြေခံကျသော ခြိမ်းခြောက်မှုများ” အား တုန့်ပြန်သည့်အနေဖြင့် ရုရှားက ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ (Xinhua)

………………………….
(English Version)
U.S. Congress eyes 600 mln USD weapons assistance to Ukraine
WASHINGTON, Feb. 24 (Xinhua) — U.S. House Speaker Nancy Pelosi said Thursday that lawmakers on Capitol Hill want to provide Ukraine with “lethal defense weapons” worth 600 million U.S. dollars to help Kiev defend itself against military attack from Russia.
Earlier in the day, U.S. President Joe Biden announced further economic sanctions against Russia, as well as the deployment of additional U.S. troops to Europe.
Biden reiterated that no U.S. forces will be sent into Ukraine.
Russian President Vladimir Putin on Thursday authorized “a special military operation” in Donbass. Ukraine confirmed that military targets across the country were under attack.
“Our plans do not include the occupation of Ukrainian territories. We are not going to impose anything on anyone by force,” Putin said in a televised speech to the nation, noting that Russia’s move was in response to “fundamental threats” from NATO, which has expanded to eastern Europe and brought its military infrastructure closer to Russian borders. Enditem

Photo taken on Feb. 23, 2022 shows the scene of the UN Security Council emergency meeting on Ukraine at UN headquarters in New York. (Xinhua/Wang Ying)