Connect with us

Europe

ကိဗ်မြို့လယ်ခေါင်တွင် ပေါက်ကွဲသံများကြားနေရ

ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားနေသော ရုရှားသမ္မတ ဗလာတီမာပူတင် (Vladimir Putin) အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံအား တိုက်ခိုက်လျက်ရှိသော ရုရှားအထူးစစ်ရေးစစ်ဆင်ရေး ဒုတိယမြောက်နေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်မြို့လယ်ခေါင်၌ ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများက ဖော်ပြခဲ့သည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့်အချိန်ဝန်းကျင်တွင် လေကြောင်း တိုက်ခိုက်မှုသတိပေးချက် ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း၊ ယင်းအချက်ကို ဒေသအာဏာပိုင်များမှ အတည်ပြုပေးနိုင်ခြင်းမရှိကြောင်း Interfax-Ukraine သတင်းဌာနမှ ထုတ်ပြန်သည့် သတင်း၌ဖော်ပြထားသည်။

စစ်ဆင်ရေးအခြေအနေများအား ကိုးကား၍ ပြင်းပြင်းထန်ထန် ပေါက်ကွဲသံ နှစ်ခုကို ကြားလိုက်ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အကြံပေး Anton Gerashchenko က telegram တွင် ရေးသားခဲ့ပြီး ယင်းမှာ “ရန်သူ့လေယာဉ်များ သို့မဟုတ် မောင်းသူမဲ့ လေယာဉ်များကို ကျွန်တော်တို့ရဲ့ လေကြောင်းရန် ကာကွယ်ရေးက တိုက်ခိုက်ခြင်းဖြစ်တယ်” ဟု နောက်ပိုင်း၌ ပြန်လည်ရှင်းလင်း ဖော်ပြခဲ့သည်။

လူနေအိမ်အဆောက်အအုံတစ်ခုကို ဒုံးကျည်အကျိုးအပဲ့အပျက်အစီးများထိမှန်ပြီးနောက် လူသုံးဦးဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်း မြို့တော်ဝန် Vitali Klitschko က တွစ်တာတွင် ရေးသားခဲ့သည်။

နံရံပြိုကျပျက်စီးနေသည့် အဆောက်အအုံတစ်ခုနှင့် အခင်းဖြစ်ပွားရာနေရာ၌ အရေးပေါ်ဝန်ဆောင်မှုများ ဆောင်ရွက်နေသည်ကို ပြသထားသည့် ဓာတ်ပုံကိုလည်း မြို့တော်ဝန်က တွစ်တာတွင် ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်(Vladimir Putin) က ဒွန်ဘတ်စ်ဒေသတွင် အထူးစစ်ဆင်ရေးတစ်ရပ်ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ခွင့်ပြုခဲ့သည်။ ယူကရိန်းနိုင်ငံကလည်း နိုင်ငံတစ်ဝှမ်းရှိ စစ်ဘက်ဆိုင်ရာစခန်းများအား တိုက်ခိုက်ခံနေရကြောင်း အတည်ပြုခဲ့သည်။

ယူကရိန်းလေတပ်စခန်းများ၊ အုပ်ချုပ်ကွပ်ကဲရေးစခန်းများ၊ ရေတပ်အခြေစိုက်စခန်းများနှင့် ရေဒါစခန်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

………………………………
(English Version)
1st LD: Explosions heard in central Kiev — Interfax
KIEV, Feb. 25 (Xinhua) — Two explosions were heard on Friday in central Kiev, Ukraine’s capital, as the Russian special military operation against Ukraine entered the second day, local media reported.
There was no air raid alert around the time of the blasts, which the local authorities have not yet confirmed, according to Interfax-Ukraine news agency.
Interior Ministry adviser Anton Gerashchenko wrote in a telegram that he had just heard two powerful explosions, which he later clarified as “attacks by our air defenses on enemy planes or drones,” citing operative information.
Mayor Vitali Klitschko tweeted that three people were injured, one in critical condition, after missile debris hit a residential building.
He also posted a photo showing a building with part of its wall torn down and emergency services present at the scene.
On Thursday, Russian President Vladimir Putin authorized “a special military operation” in Donbass, and Ukraine confirmed that military installations across the country were under attack.
Ukrainian airfields, command posts, naval bases and radar stations were among the facilities destroyed, according to the Russian Defense Ministry. Enditem
Photo taken on Feb. 24, 2022 shows a screen displaying Russian President Vladimir Putin speaking during a televised address, in Moscow, Russia. (Xinhua/Bai Xueqi)