Connect with us

Europe

“ကျွန်တော်တို့အားလုံး ကိဗ်မြို့’’ တွင် ရှိကြောင်း Zelensky ပြောကြား

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky အား ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့၌ ၂၀၂၁ ခုနှစ်၊ မေ ၂၀ ရက်တွင် ပြုလုပ်သော နှစ်နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ခြင်း သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky သည် ကိဗ်မြို့တော်တွင် ရှိနေဆဲဖြစ်ကြောင်း ပြည်သူများအား စိတ်ချလက်ချရှိစေရန် ဖော်ပြလျက် ဖေဖော်ဝါရီ ၂၅ ရက်က လူမှုမီဒီယာပေါ်တွင် ဗီဒီယိုတစ်ခု တင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အားလုံးဒီမှာရှိပါတယ်။ ကျွန်တော်တို့ တပ်တွေ ဒီမှာ ရှိပါတယ်။ ကျွန်တော်တို့ လွတ်လပ်ရေး၊ ကျွန်တော်တို့ နိုင်ငံတော်ကို ကာကွယ်နေပါတယ်။ ကျွန်တော်တို့ဆက်ပြီးတိုက်ပွဲဝင်သွားပါ့မယ်’’ ဟု ကိဗ်မြို့ လွှတ်တော်အဆောက်အဦရှေ့တွင် ရောက်ရှိနေသည့် ၎င်းနှင့် အစိုးရအဖွဲ့ အကြီးအကဲများအား ရိုက်ကူးပြသထားသည့် ဗီဒီယိုတွင် ၎င်းက ပြောကြားခဲ့သည်။
သမ္မတ Volodymyr Zelensky အား နိုင်ငံမှထွက်ပြေးသွားပြီဟု ပြောကြားထားသည့် သတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ (Xinhua)

……………………………..
(English Version)
“We are all here,” says Zelensky in Kiev
KIEV, Feb. 26 (Xinhua) — Ukrainian President Volodymyr Zelensky posted a video on social media on Friday, reassuring people that he is still in the capital.
“We are all here. Our troops are here … We are defending our independence, our state. And so it will continue,” he said in the video, in which he and other government leaders were in front of the parliament building in Kiev.
There were reports saying that he had fled. Enditem
Photo-Ukrainian President Volodymyr Zelensky attends a press conference devoted to his two years in office in Kiev, Ukraine, May 20, 2021. (Photo by Sergey Starostenko/Xinhua)