Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ မီးတောင်ဆိုင်ရာအဖွဲ့က Taal မီးတောင်အတွက် သတိပေးချက်အဆင့်ထုတ်ပြန်

ဖိလစ်ပိုင်နိုင်ငံ Batangas ပြည်နယ်ရှိ Taal မီးတောင်မှ ချော်ရည်ပြာများနှင့် မီးခိုးများ မှုတ်ထုတ်နေသည်ကို ၂၀၂၁ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် မြေငလျင်ပညာဆိုင်ရာအဖွဲ့အစည်းက မနီလာမြို့အနီး Taal မီးတောင်မှာ “မငြိမ်သက်မှု မြင့်တက်လာသဖြင့်” မတ် ၂၆ ရက်၌ သတိပေးချက်အဆင့် မြှင်တင်ခဲ့ကြောင်း သိရသည်။မီးတောင်ကျွန်းက ဒေသစံတော်ချိန် နံနက် ၇:၂၂ နာရီခန့်က မီးခိုးများမှုတ်ထုတ်ခြင်းနှင့် ငလျင်များလှုပ်ခတ်ပြီးနောက် အဆိုပါ အဖွဲ့က မီးတောင်သတိပေးချက်အဆင့်ကို တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

မနီလာမြို့ တောင်ဘက် ၆၆ ကီလိုမီတာ၊ Batangas ပြည်နယ်ရှိ မီးတောင်တွင် မီးတောင်ငလျင်များကြောင့် မီးခိုးပြာများ မီတာ ၁,၅၀၀ အထိ မှုတ်ထုတ်ခဲ့သော ဖရီတိုမက်ဂဗေဒလှုပ်ရှားမှုများ အဆက်မပြတ်နီးပါး ဖြစ်ပေါ်ခဲ့ပြီးနောက် ဖရီတိုမက်ဂဗေဒ ပေါက်ကွဲမှု သက်တမ်းတိုဖြစ်ပေါ်ခဲ့ကြောင်း ယင်းအဖွဲ့က ပြောခဲ့သည်။
ပင်မမီးတောင်ဝရှိ ချော်ရည်ကျောက်မှာ ထပ်မံပေါက်ကွဲမှု ဖြစ်ပေါ်နိုင်ကြောင်း ၎င်းအဖွဲ့က သတိပေးထားသည်။

အများပြည်သူများအနေဖြင့် မီးတောင်ကျွန်းနှင့် ဝေးဝေးနေထိုင်ကြရန် အဖွဲ့အစည်းက တိုက်တွန်းထားသလို ယင်းမီးတောင်အပေါ် လေယာဉ်များ ပျံသန်းခြင်း ရှောင်ရှားကြရန် သတိပေးထားကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံရှိ လှုပ်ရှားမှုအရှိဆုံး မီးတောင်ရှင်များအနက် တစ်ခုဖြစ်သော Taal မီးတောင်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက နောက်ဆုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကျေးရွာ၌နေထိုင်သူ ၃၈၀,၀၀၀ နီးပါး ရွှေ့ပြောင်းခဲ့ရပြီး ပြည်နယ်အတွင်းရှိ လယ်ယာစိုက်ခင်းများ၊ နေအိမ်များနှင့် လမ်းများ ပျက်စီးသွားခဲ့သည်။ (Xinhua)

…………………………………………
(English Version)

Philippine volcanic institute raises alert level for Taal volcano
2022-03-26 10:45:19 Category:Breaking News
MANILA, March 26 (Xinhua) — The Philippine Institute of Volcanology and Seismology raised the alert level for Taal volcano, near Manila, on Saturday due to “increasing unrest.”
The institute raised the alert level for the volcano to 3 on a scale of 5 after the island volcano spewed plumes and logged earthquakes around 7:22 a.m. local time.

The institute said the volcano in Batangas province, 66 kilometers south of Manila, “generated a short-lived phreatomagmatic burst followed by a nearly continuous phreatomagmatic activity that generated plumes 1,500 meters accompanied by volcanic earthquakes.”

“Magmatic intrusion” at the main crater “may further drive succeeding eruptions,” the institute warned.
The institute urged the public to stay out of the volcano island. It also warned airplanes to avoid flying over it.
Taal volcano, one of the most active volcanoes in the Philippines, last erupted in January 2020, displacing nearly 380,000 villagers and destroying many farms, houses and roads in the province. Enditem

Photo : The Taal volcano emits a plume of ash and steam in Batangas Province, the Philippines, on July 5, 2021. (Xinhua/Rouelle Umali)