Connect with us

North America

ရုရှားတပ်ဖွဲ့များက ယူကရိန်းနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ် Mriya အား ဖျက်ဆီး

ယူကရိန်းနိုင်ငံ ကိဗ်မြို့ပြင်ရှိ လေဆိပ်တစ်ခုမှ ထွက်ခွာရန် ပြင်ဆင်နေသည့် ကမ္ဘာ့အကြီးဆုံး Antonov An-225 Mriya ကုန်တင်လေယာဉ်အား ၂၀၁၈ ခုနှစ် ဧပြီ ၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကိဗ် ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

ရုရှားတပ်ဖွဲ့များသည် ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ်ဖြစ်သည့် ယူကရိန်းနိုင်ငံ၏ အထင်ကရ An-225 Mriya လေယာဉ်ကြီးအား ဖျက်ဆီးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်တွင် ယူကရိန်းနိုင်ငံ၏ နိုင်ငံပိုင် ကာကွယ်ရေးလုပ်ငန်းစု Ukroboronprom က လူမှုကွန်ရက်စာမျက်နှာ Telegram တွင် ရေးသားဖော်ပြခဲ့သည်။အဆိုပါလေယာဉ်သည် ကိဗ်မြို့ပြင်ရှိ Hostomel လေဆိပ်တွင် ရုရှားတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားကြောင်း Ukroboronprom က ပြောကြားခဲ့သည်။

လေယာဉ်အား နဂိုအတိုင်းပြန်လည်ပြင်ဆင်မွမ်းမံခြင်းအတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ကုန်ကျနိုင်ကြောင်း နှင့် အချိန်ကြာမြင့်လိမ့်မည် ဖြစ်ကြောင်း ကာကွယ်ရေးလုပ်ငန်းစု Ukroboronprom က ပြောကြားခဲ့သည်။

၁၉၈၀ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် An-225 Mriya လေယာဉ်သည် တည်ဆောက်ခဲ့သမျှလေယာဉ်များထက် အရှည်ဆုံး နှင့် အလေးဆုံး လေယာဉ်ကြီးဖြစ်သည်။ ယင်းလေယာဉ်သည် ကုန်စည် ၆၄၀ တန်ချိန်အထိ သယ်ဆောင်နိုင်ကြောင်း သိရသည်။ (Xinhua)

—————————

(English Version)

Russian forces destroy world’s biggest cargo plane Mriya in Ukraine
KIEV, Feb. 27 (Xinhua) — Russian forces have destroyed Ukraine’s flagman aircraft An-225 Mriya, the world’s biggest cargo plane, Ukraine’s state defense conglomerate Ukroboronprom said Sunday on Telegram.
The aircraft was destroyed in an attack by Russian troops on the Hostomel airport outside Kiev, Ukroboronprom said.
The restoration of the plane will cost more than 3 billion U.S. dollars and will take a long time, it said.
The An-225 Mriya, designed in the 1980s, is the longest and the heaviest airplane ever built. It was capable of carrying up to 640 tons of cargo. ■
Photo – The world’s biggest plane, the Antonov An-225 Mriya, gets ready to take off from an airport outside Kiev, Ukraine, April 3, 2018. (Xinhua/Chen Junfeng)