Connect with us

North America

ယူကရိန်းစစ်ပွဲတွင် အမေရိကန် မောင်းသူမဲ့ဒရုန်းယာဉ်ပါဝင် ပတ်သတ်နေကြောင်း ရုရှားစစ်ဘက် ထောက်ပြ

စင်ကာပူ လေကြောင်းပြပွဲတွင် ပြသခဲ့သည့် အမေရိကန် မောင်းသူမဲ့ ကင်းထောက်ဒရုန်းယာဉ် Global Hawk အား ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

အမေရိကန် ဒရုန်းယာဉ်များ သည် ယူကရိန်းစစ်ပွဲတွင် ပါဝင်ပတ်သတ်နေပြီး ယူကရိန်းတပ်များကို အထောက်အပံ့ပေးနေကြာင်း ရုရှားစစ်တပ်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ရုရှားတပ်များ မြွေကျွန်း(Zmiinyi Island)၌ မိမိဆန္ဒအလျောက် လက်နက်ချသည့် ယူကရိန်စစ်သား ၈၂ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစဉ် ယူကရိန်းတပ် ရှပ်ပြေး အမြန်ရေယာဉ် ၁၆ စီး အနီးဝန်းကျင်ရေပြင်တွင် “ပျားအုံ”တိုက်ခိုက်ရေးဗျူဟာဖြင့် ပင်လယ်နက်ရှိ ရုရှား သင်္ဘောအုပ်စုကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက ပြောကြားခဲ့သည်။

Konashenkovက ယူကရိန်း ရှပ်ပြေးအမြန်ရေယာဉ်များ တိုက်ခိုက်ချိန်တွင် အမေရိကန် မောင်းသူမဲ့ ဒရုန်းယာဉ် RQ-4 Global Hawkနှင့် MQ-9 Reaperကို အချင်းဖြစ်ပွားရာရေပြင် အထက်ဝေဟင်တွင် ပျံဝဲနေသည်ကို တွေ့ရကြောင်း၊ ယူကရိန်း ရှပ်ပြေးရေယာဉ်ကို လမ်းပြခြင်း ဖြစ်နိုင်ချေများကြောင်း ဆိုသည်။

မြွေကျွန်းသည် ပင်လယ်နက်တွင် ရှိပြီ ယူကရိန်းဆိပ်ကမ်းမြို့ဖြစ်သည့် အိုဒက်ဆာနှင့် ၁၄၀ ကီလိုမီတာခန့် ကွာဝေးသည်။

Konashenkovက ရုရှားတပ်များ ယူကရိန်း ရှပ်ပြေး အမြန်ရေယာဉ် ၆ စီးကို ဖျက်ဆီးခဲ့ပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည့် ယူကရိန်းစစ်သား ၈၂ ဦး မှာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း ဆိုသည်။ ထိုမတိုင်မီ ယူကရိန်းဘက်က မြွေကျွန်းတွင် စောင့်ကြပ်နေသည့် ယူကရိန်းစစ်သားများက လက်နက်ချရန် ငြင်းဆန်ခဲ့ခြင်းကြောင့် အားလုံးကျဆုံးခဲ့ရကြောင်း ဆိုသည်။ ယူကရိန်း သမ္မတ ဇလန်းစကီးက ယင်းတိုက်ပွဲတွင် ကျဆုံးသွားသည့် စစ်သည်များကို “ယူကရိန်း သူရဲကောင်းဘွဲ့” ပေးအပ်မည်ဟု ဆိုသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ John Kirbyက အမေရိကန်သည် မြွေကျွန်း ပင်လယ်ပြင်တွင် ယူကရိန်းဘက်ကို “သတင်းထောက်လှမ်းပေးတာ စောင့်ကြည့်၊ကင်းထောက်တာ စတဲ့ ဘယ်လိုနည်းလမ်းနှင့်မျှ မပံ့ပိုးခဲ့ဘူး”ဟု ဖေဖော်ဝါရီ ၂၆ ရက်က လူမှုကွန်ရက်မီဒီယာတွင် တုန့်ပြန်ခဲ့သည်။ (Xinhua)
—————————-
(Chinese Version)

俄军方指美军无人机涉入乌克兰战事

2022-02-27 14:52:20 分类: 军事
新华社北京2月27日电 俄罗斯军方26日指认美军无人机涉入乌克兰战事,向乌军提供支持。
俄罗斯国防部发言人伊戈尔·科纳申科夫说,俄军25日晚从蛇岛“疏散”82名“自愿放下武器”的乌克兰军人时,乌军16艘快艇在附近水域使用“蜂群”战术,试图袭击俄黑海舰队船只。
科纳申科夫说,乌军快艇发动袭击时,美方RQ-4“全球鹰”和MQ-9“死神”两种型号无人机在事发水域上空飞行,“很可能”是为乌军快艇提供引导。
这是2008年2月19日在新加坡航空展上展示的美国“全球鹰”无人驾驶侦察机。新华社记者张永兴摄
蛇岛位于黑海,距乌克兰港口城市敖德萨大约140公里。

科纳申科夫说,俄军摧毁6艘乌军快艇,82名被“疏散”的乌方士兵无人受伤。乌方先前称,守卫蛇岛的乌军士兵拒绝投降,全部阵亡。乌克兰总统弗拉基米尔·泽连斯基表示,这些阵亡军人将被追授“乌克兰英雄”称号。
美国国防部发言人约翰·柯比26日在社交媒体回应,美方没有在蛇岛海域向乌方提供“情报、监视、侦察或任何其他方式支持”。(惠晓霜)