Connect with us

Asia

မြောက်ကိုရီးယားက ကင်းထောက်ဂြိုလ်တု တည်ဆောက်ရန် စမ်းသပ်မှုပြုလုပ်

မြောက်ကိုရီးယားနိုင်ငံက Hwasong 12 အမျိုးအစား မြေပြင်မှ မြေပြင်သို့ တာလတ်ပစ် နှင့် တာဝေးပစ်လွှတ်သည့် ပဲ့ထိန်းဒုံးကျည်တစ်စင်းအား ဇန်နဝါရီ ၃၀ ရက်တွင် စမ်းသပ်ပစ်လွှတ်စဉ်(KCNA via Xinhua)

ပြုံးယမ်း ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံသည် ကင်းထောက်ဂြိုလ်တု တည်ဆောက်မှုအစီအစဉ်အရ ဖေဖော်ဝါရီ ၂၇ ရက်တွင် အရေးကြီးသည့်စမ်းသပ်မှုတစ်ခုအား ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။အမျိုးသားလေကြောင်းဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှု နှင့် ကာကွယ်ရေးသိပ္ပံအကယ်ဒမီတို့က ပြုလုပ်ခဲ့သည့် စမ်းသပ်မှုသည် ထူးခြားသောလက္ခဏာများ နှင့် အရုပ်ကြည်လင်ပြတ်သားမှုမြင့်မားသည့် ဓာတ်ပုံရိုက်ကူးသည့်စနစ် အလုပ်လုပ်ပုံ တိကျမှန်ကန်မှု ၊ အချက်အလက်ပေးပို့မှုစနစ် နှင့် ဂြိုလ်တုအနေအထားထိန်းချုပ်မှု ကိရိယာများအား အတည်ပြုပေးခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းစမ်းသပ်မှုသည် ကင်းထောက်ဂြိုလ်တုတည်ဆောက်ရေးတွင် ကြီးမားသောအရေးပါမှု ဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ယခုနှစ်အတွင်း ၈ ကြိမ်မြောက် ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုအဖြစ် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် အရှေ့ဘက်ပင်လယ်ရေပြင်ဆီသို့ ပဲ့ထိန်းဒုံးကျည်တစ်စင်းအား ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ စစ်တပ်က ပြောကြားခဲ့သည်။

—————————

(English Version)

DPRK conducts test for developing reconnaissance satellite
PYONGYANG, Feb. 28 (Xinhua) — The Democratic People’s Republic of Korea (DPRK) conducted an important test on Sunday under a reconnaissance satellite development plan, the official Korean Central News Agency reported Monday.
Conducted by the National Aerospace Development Administration and the Academy of Defence Science, the test helped confirm the “characteristics and working accuracy of high definition photographing system, data transmission system and attitude control devices,” the report said.
“The test is of great significance in developing the reconnaissance satellite,” it added.
On Sunday, South Korea’s military said the DPRK fired a ballistic missile toward its eastern waters in the morning in its eighth missile test-firing this year. ■
Photo – Photo provided by Korean Central News Agency (KCNA) on Jan. 31, 2022 shows the Democratic People’s Republic of Korea (DPRK) conducting the evaluation test-fire of the Hwasong 12-type ground-to-ground intermediate- and long-range ballistic missile on Jan. 30, 2022. (KCNA via Xinhua)