Connect with us

Europe

ရုရှား နှင့် ဆွေးနွေးရန် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ ဘီလာရုဇ်နိုင်ငံသို့ ရောက်ရှိ

ယူကရိန်းနိုင်ငံ ကိဗ်မြို့ ကောင်းကင်ယံတွင် မီးခိုးများ လွင့်ပျံတက်နေသည်ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

ရုရှားနှင့် ဆွေးနွေးရန်အတွက် ယူကရိန်းကိုယ်စားလှယ်အဖွဲ့သည် ယခုအခါ ဘီလာရုဇ်နိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း Sputnik သတင်းဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။ဆွေးနွေးမှုများသည် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် စတင်မည်ဟု မျှော်လင့်ရကြောင်း ထည့်သွင်းဖော်ပြထားသည်။ယူကရိန်းနိုင်ငံသည် Pripyat မြစ်အနီး ဘီလာရုဇ်-ယူကရိန်းနယ်စပ်တွင် ရုရှား နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် သဘောတူကြောင်း ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ဖေဖော်ဝါရီ ၂၇ ရက်တွင် လူမှုမီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။ (Xinhua)
………………………………………
(English Version)

Update: Ukrainian delegation in Belarus for talks with Russia — Sputnik

MOSCOW, Feb. 28 (Xinhua) — The Ukrainian delegation for talks with Russia is now in Belarus, Sputnik reported on Monday.

The talks are expected to start on Monday morning, it added.
Ukraine agreed to hold talks with Russia at the Belarusian-Ukrainian border near the Pripyat River, Ukrainian President Volodymyr Zelensky said Sunday via social media. ■
Photo – Photo taken on Feb. 27, 2022 shows smoke rising in the sky in Kiev, Ukraine. (Xinhua/Lu Jinbo)