Connect with us

Europe

ရုရှား-ယူကရိန်း စေ့စပ်ညှိနှိုင်းမှု နောက်တစ်ကြိမ်ကို တူရကီနိုင်ငံ၌ ကျင်းပရန် အာဒိုဂန် နှင့် ပူတင် သဘောတူ

တူရကီနိုင်ငံ Antalya မြို့၌ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba တို့ မတ် ၁၀ ရက်တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ သမ္မတ အာဒိုဂန် နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်သည် ရုရှား-ယူကရိန်း စေ့စပ်ညှိနှိုင်းမှု နောက်တစ်ကြိမ်ကို တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်မြို့၌ ကျင်းပရန် မတ် ၂၇ ရက်တွင် သဘောတူခဲ့ကြောင်း တူရကီနိုင်ငံ သမ္မတရုံးက ပြောကြားခဲ့သည်။
သမ္မတနှစ်ဦးသည် မတ် ၂၇ ရက်တွင် တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး ရုရှား-ယူကရိန်း ပဋိပက္ခ နှင့် စေ့စပ်ညှိနှိုင်းမှုလုပ်ငန်းစဉ်တွင် နောက်ဆုံးအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း တူရကီသမ္မတရုံးက ကြေညာချက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့၌ ပျက်စီးသွားသည့် အဆောက်အအုံရှေ့တွင် လမ်းလျှောက်သွားလာနေသူများအား မတ် ၂၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံတို့မှ စေ့စပ်ညှိနှိုင်းရေးအဖွဲ့များ၏ နောက်ထပ်တစ်ကြိမ်အစည်းအဝေးကို အစ္စတန်ဘူလ်မြို့၌ ကျင်းပသွားရန် သမ္မတနှစ်ဦးက သဘောတူခဲ့ကြသည်ဟု ကြေညာချက်တွင် ပြောကြားခဲ့သည်။

တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုအတွင်း တူရကီနိုင်ငံသမ္မတ အာဒိုဂန်က ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေးသည် တတ်နိုင်သမျှအမြန်ဆုံး စွမ်းဆောင်ရမည် ဖြစ်ကြောင်း နှင့် ဒေသတွင်း လူသားချင်းစာနာမှုအခြေအနေများသည် တိုးတက်အောင် ပြုလုပ်သင့်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်အား ပြောကြားခဲ့သည်။ တူရကီနိုင်ငံအနေဖြင့် ယင်းလုပ်ငန်းစဉ်များအတွင်း ဖြစ်နိုင်သမျှနည်းလမ်းအားလုံးဖြင့် ဆက်လက်ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မတ် ၂၇ ရက် အစောပိုင်းတွင် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် David Arakhamia က ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား နောက်တစ်ကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် လာမည့်သီတင်းပတ်တွင် တူရကီနိုင်ငံ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ဒီကနေ့ ပြုလုပ်တဲ့ ရုပ်သံဆွေးနွေးမှုမှာ ရုရှား-တူရကီ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ဟာ မတ် ၂၀ ကနေ ၃၀ ရက်အထိ နောက်ထပ် မျက်နှာချင်းဆိုင် တိုက်ရိုက်ဆွေးနွေးပွဲပြုလုပ်သွားဖို့ သဘောတူညီခဲ့ကြပါတယ်” ဟု Arakhamia ကဖေ့ဘွတ်တွင်ရေးသားဖော်ပြခဲ့သည်။

ထိုပြင် ရုရှားနိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Vladimir Medinsky က မတ် ၂၉ ရက်မှ ၃၀ ရက်အထိ မျက်နှာချင်းဆိုင် တွေ့ဆုံမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်း နှင့် ရုရှား ကိုယ်စားလှယ်အဖွဲ့များသည် ဖေဖော်ဝါရီ ၂၈ ရက်မှစတင်ကာ ဘီလာရုဇ်နိုင်ငံ၌ လူကိုယ်တိုင် ငြိမ်းချမ်းရေးဆွေးနွေးမှု သုံးကြိမ် ပြုလုပ်ခဲ့ပြီး စတုတ္ထအကြိမ်အား မတ် ၁၄ ရက်တွင် ရုပ်သံညှိနှိုင်းဆွေးနွေးပွဲပုံစံဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခင်က ရုရှားနိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov နှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba တို့သည် မတ် ၁၀ ရက်တွင် တူရကီနိုင်ငံ တောင်ပိုင်းပြည်နယ်၏ အပန်းဖြေမြို့တစ်မြို့ဖြစ်သည့် Antalya မြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

Antalya သံတမန်ရေးရာဖိုရမ်နှင့်စပ်ဆက်ကျင်းပသည့် ဆွေးနွေးပွဲသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံ၌ ရုရှားနိုင်ငံက အထူးစစ်ဆင်ရေး စတင်ခဲ့ချိန်မှစ၍ ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံတို့အကြား ပထမဆုံး အဆင့်မြင့်ဆွေးနွေးပွဲ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်ဘက်စလုံးက အပစ်အခတ်ရပ်စဲရေးအပေါ်တွင် တိုးတက်မှုရရှိရန် မစွမ်းဆောင်နိုင်ခဲ့သော်လည်း ပဋိပက္ခအပေါ် ဆက်လက်စေ့စပ်ညှိနှိုင်းရန် သဘောတူခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
Erdogan, Putin agree to hold next round of Russia-Ukraine negotiations in Turkey
ANKARA, March 28 (Xinhua) — Turkish President Recep Tayyip Erdogan and his Russian counterpart, Vladimir Putin, on Sunday agreed to hold the next round of Russia-Ukraine negotiations in Turkey’s Istanbul city, the Turkish presidency said.
The two leaders had a phone conversation on Sunday and discussed the latest situation in the Russia-Ukraine conflict and the negotiation process, the Turkish presidency said in a statement.
The two leaders “agreed that the next meeting of the negotiation teams of Russia and Ukraine will be held in Istanbul,” the statement said.
During the conversation, Erdogan told Putin that a ceasefire and peace between Russia and Ukraine must be achieved as soon as possible and the humanitarian situation in the region should be improved, adding that Turkey would continue to “contribute in every possible way during this process.”
Earlier on Sunday, David Arakhamia, a member of the Ukrainian delegation, said the next round of peace talks between Ukraine and Russia will take place next week in Turkey.
“Today, at the video talks, it was decided to hold the next live round by two delegations in Turkey on March 28-30,” Arakhamia wrote on Facebook.
Meanwhile, head of Russia’s negotiation team Vladimir Medinsky said the face-to-face talks will take place on March 29-30.
Ukrainian and Russian delegations have held three rounds of peace talks in-person in Belarus since Feb. 28, and the fourth one started on March 14 in a format of video conference.
Previously, Russian Foreign Minister Sergey Lavrov and his Ukrainian counterpart, Dmytro Kuleba, met in a resort town of Turkey’s southern province of Antalya on March 10.
The meeting, held on the sidelines of the Antalya Diplomatic Forum, was the first high-level talks between Moscow and Kiev since Russia launched a special military operation in Ukraine on Feb. 24.
During the meeting, the two sides failed to make progress on a ceasefire but agreed to continue negotiations over the conflict. ■
Photo 1 – Russian Foreign Minister Sergey Lavrov (1st L) meets with Ukrainian Foreign Minister Dmytro Kuleba (1st R) in the presence of Turkish Foreign Minister Mevlut Cavusoglu (C) in Antalya, Turkey, March 10, 2022. (Turkish Foreign Ministry/Handout via Xinhua)
Photo 2 – Residents walk past a damaged building in Mariupol, March 25, 2022. (Photo by Victor/Xinhua)