Connect with us

Asia

နီပေါနိုင်ငံ သမ္မတ ဘန်ဒါရီနှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တွေ့ဆုံဆွေးနွေး

နီပေါနိုင်ငံ သမ္မတ ဘန်ဒါရီသည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ခတ္တမန္ဒူမြို့ သမ္မတ အိမ်တော်တွင် မတ် ၂၇ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ခတ္တမန္ဒူ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံ သမ္မတ ဘန်ဒါရီသည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအားခတ္တမန္ဒူမြို့ သမ္မတ အိမ်တော်တွင် မတ် ၂၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

နီပေါနိုင်ငံ သမ္မတ ဘန်ဒါရီက ဝမ်ရိအား သမ္မတရှီကျင့်ဖိန်သို့ နှုတ်ခွန်းဆက်သကြောင်းနှင့် သမ္မတရှီကျင့်ဖိန် ၂၀၁၉ ခုနှစ် နီပေါသို့လာရောက်သည့် သမိုင်းဝင်အလည်အပတ်ခရီးစဉ်ကို အမှတ်ရကြောင်း ပြောကြားခဲ့သည်။ နီပေါ-တရုတ် ချစ်ကြည်ရေးသည့် ရေရှည်တည်တံ့ရာ မိမိတို့သည် အကောင်းဆုံး အိမ်နီးချင်းနှင့်မိတ်ဆွေများ ဖြစ်ကြကြောင်း ၎င်းက ဆိုသည်။

နီပေါနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏အောင်မြင်မှုရလဒ်များအတွက် ဝမ်းမြောက်ကြောင်း၊ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးမှုမှလည်း အကျိုးအမြတ်များ ရရှိခဲ့ရာ တရုတ်နိုင်ငံနှင့်ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကို အစဉ်အမြဲ အားထားဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို မပြောင်းမလဲ ခိုင်မာစွာ ဆက်လက်ကျင့်သုံးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နီပေါနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ အထူးသဖြင့် ငလျင်ကပ်ဘေးအပြီး ပြန်လည်တည်ဆောက်မှုများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ကိုယ်ကျိုးမဖက်ကူညီမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ နီပေါနိုင်ငံ အခက်အခဲတွေ့ကြုံသည့်အခါတိုင်း တရုတ်နိုင်ငံက အစဉ် အချိန်မီ လက်ကမ်းကူညီခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် နီပေါသို့ လာရောက်လည်ပတ်သည့် ရလဒ်များကို နီပေါနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက်သွားလိုရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ”အတူတည်ဆောက်ရေးကို တွန်းအားပေးပြီး နှစ်နိုင်ငံကြားက တောကြီးတောင်ကြီးမြစ်ချောင်းကြီးများကို နှစ်ဖက်၏အတားအဆီးအနေဖြင့်မဟုတ်ဘဲ အပြန်အလှန်ချိတ်ဆက်သည့်လမ်းကြောင်းအဖြစ် ဆောင်ရွက်သွားလိုကြောင်း ဘန်ဒါရီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သမ္မတရှီကျင့်ဖိန်၏ ချစ်ကြည်ရင်းနှီးစွာ ဆုမွန်ကောင်းတောင်းနှုတ်ဆက်စကားကိုပြန်လည်ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်-နီပေါ နှစ်နိုင်ငံသည် ဆွေမျိုးကောင်း ၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း ဖြစ်ပြီး နှစ်ထောင်ချီချစ်ကြည်ရေး တည်ရှိကြောင်း၊ နှစ်ဖက်စလုံးတွင် အစဉ် အပြန်အလှန်အားပေးခြင်း၊ အပြန်အလှန်ဖေးမကူညီခြင်းများရှိရာ နိုင်ငံကြီး၊နိုင်ငံငယ် တန်းတူညီမျှဆက်ဆံရေး၊ အပြန်အလှန်လေးစားခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးဖော်ဆောင်ခြင်း၏ စံနမူနာဖြစ်ကြောင်း ဆိုသည်။

၂၀၁၅ ခုနှစ် နီပေါတွင် ငလျင်ဘေးဖြစ်ပွားပြီးနောက် တရုတ်ကယ်ဆယ်ရေးအသင်းက ပထမဦးဆုံး နီပေါသို့ သွားရောက်ခဲ့ကြောင်း ၊ နီပေါပြန်လည်တည်ဆောက်ရေး နိုင်ငံတကာအစည်းအဝေးသို့ နီပေါ၌ မိမိတက်ရောက်စဉ်ကာလတွင်လည်း တရုတ်နိုင်ငံမှကူညီပေးသည့် ယာယီနားခိုရေးစခန်းရှိ ကပ်ဘေးသင့် နီပေါလူထုကို သီးသန့်သွားရောက် နှစ်သိမ့်အားပေးခဲ့ပါကြောင်း ၊ တောင်၏တစ်ဖက်တွင် ညီအစ်ကိုသွေးချင်းများဖြစ်သည့် တရုတ်နိုင်ငံရှိပြီး မိသားစုဥယျာဉ်ပြန်လည်တည်ဆောက်ရေးတွင် မိမိတို့အနေဖြင့် အစွမ်းကုန်ကူညီသွားမည်ဖြစ်သည်ကို ပြောကြားခဲ့ကြောင်း ၊ တရုတ်-နီပေါ အစဉ်အလာချစ်ကြည်ရေးကို တရုတ်နိုင်ငံအနေဖြင့် အထူးတန်ဖိုးထားရာ နီပေါနိုင်ငံ၏ လွတ်လပ်သည့်အချုပ်အခြာအာဏာနှင့်အမျိုးသားရေးဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်း၊ မိမိနိုင်ငံနှင့်ကိုက်ညီသည့်ဖွံ့ဖြိုးရေးလမ်းစဉ်ကို ရှာဖွေခြင်း၊ လွတ်လပ်စွာ မိမိသဘောဆန္ဒအလျောက် ပြည်တွင်းပြည်ပမူဝါဒကျင့်သုံးခြင်းကို တရုတ်နိုင်ငံအနေဖြင့် ဆက်လက် ခိုင်မာစွာ ထောက်ခံကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးကို နက်ရှိုင်းစွာ ဆောင်ရွက်ကာ အပြန်အလှန် ဗဟိုအကျိုးစီးပွား ကာကွယ်ထိန်းသိမ်းမှုများ ဆက်လက်ခိုင်မာစွာ အားပေးသွားလိုကြောင်း ပြောကြားခဲ့သည်။

ဘန်ဒါရီက တရုတ်ကွန်မြူနစ်ပါတီသည် ဒီမိုကရေစီဖွံ့ဖြိုးရေးကို အထူးအလေးထားပြီး ပြည်သူ့အကျိုးဖြစ်ထွန်းချမ်းမြေ့အောင်၊ လူသားမျိုးနွယ်တိုးတက်အောင် အားထားဆောင်ရွက်မှုများအား နီပေါနိုင်ငံအနေဖြင့် ချီးကျူးကြောင်း၊ မိမိတို့သည် နိုင်ငံတကာအသိုက်အဝန်းတွင် မည်သည့်အင်အားစုကမျှ တရုတ်နိုင်ငံနှင့် တရုတ်ကွန်မြူနစ်ပါတီအပေါ် နာမည်ဖျက်အိုးမည်းသုတ်မှုကို လက်မခံကြောင်း ၊ တရုတ်နိုင်ငံ၏လမ်းစဉ်နှင့်တရုတ်နိုင်ငံ၏ပုံစံက ပို၍ ကြီးမားသောအောင်မြင်မှုရရှိလိမ့်မည်ဟု ခိုင်မာစွာ ယုံကြည်သလို ဆန္ဒလည်းပြုကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်ကွန်မြူနစ်ပါတီသည် ပါတီဖြစ်တည်လာသည့်နေ့မှစပြီး ဒီမိုကရေစီမြှင့်တင်မှု၊ လူ့အခွင့်အရေးအာမခံမှုများကို ခိုင်မာစွာ အားထားခဲ့သလို ထို့အတွက်လည်း မဆုတ်မနစ် ကြိုးပမ်းခဲ့ကြောင်း အလေးထားပြောကြားခဲ့သည်။ ထို့ကြောင့်ပင် တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သူများ၏ ကျယ်ပြန့်သည့်ထောက်ခံအားပေးကာကွယ်မှုကို အစဉ်အမြဲရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီ၍ ထိရောက်စွာ ဖော်ဆောင်နိုင်သော ဆိုရှယ်လစ်ဝါဒ ဒီမိုကရေစီနိုင်ငံရေးလမ်းစဉ်ကို ဖွံ့ဖြိုးအောင်ဆောင်ရွက်ခဲ့ရာ ရွေးကောက်မှုဒီမိုကရေစီနှင့်ညှိနှိုင်းရေးဒီမိုကရေစီ၊ ဖြစ်စဉ်ဒီမိုကရေစီနှင့်ရလဒ်ဒီမိုကရေစီ၊ လုပ်ငန်းစဉ်ဒီမိုကရေစီနှင့်လက်တွေ့ဒီမိုကရေစီ၊ တိုက်ရိုက်ဒီမိုကရေစီနှင့်သွယ်ဝိုက်ဒီမိုကရေစီ ပေါင်းစည်းထားခြင်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်က ပါတီတည်ထောက်သည့် နှစ် ၁၀၀ အတွေ့အကြုံကို အနှစ်ချုပ်သုံးသပ်ခဲ့ရာ တရုတ်ဆိုရှယ်လစ်ဝါဒ ဒီမိုကရေစီနိုင်ငံရေးကို လူထု ဒီမိုကရေစီ လုပ်ငန်းစဉ်တစ်ခုလုံးအဖြစ် ဖော်ပြခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီသည် နီပေါနိုင်ငံ ပါတီအသီးသီးဖြင့် ချစ်ကြည်ရင်းနှီးသည့် အစဉ်အလာ ဆက်ဆံရေးတည်ရှိကြောင်း၊ တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးမှုသည် နီပေါပါတီအသီးသီး၏ လူမှုရေးသဘောတူညီမှုများကို ကျော်လွှားသွားပြီဖြစ်သည်ကို မိမိတို့အနေဖြင့် ဝမ်းမြောက်ဖွယ်တွေ့ရှိရရာ နီပေါနိုင်ငံရှိ ပါတီအသီးသီးဖြင့် နိုင်ငံရေးရာ စီမံအုပ်ချုပ်ရေးအတွေ့အကြုံဖလှယ်မှုများကို အားဖြည့်ဆောင်ရွက်ပြီး လူသားမျိုးနွယ် ဒီမိုကရေစီ လူ့အခွင့်အရေးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အတူ မြှင့်တင်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

အလည်အပတ်ခရီးစဉ်ကာလတွင် ဝမ်ရိသည် နီပေါနိုင်ငံ ဝန်ကြီးချုပ်Sher Bahadur Deuba၊ နိုင်ငံခြားရေးဝန်ကြီးNarayan Khadka နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နီပေါ ကွန်မြူနစ်ပါတီ (CPN-UML)ဥက္ကဋ္ဌ KP Sharma Oli၊ နီပေါကွန်မြူနစ်ပါတီ(CPN-Maoist)ဥက္ကဋ္ဌ Pushpa Kamal Dahalတို့နှင့် အသီးသီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

……………………….
(Chinese Version)
尼泊尔总统班达里会见王毅
2022-03-27 22:13:51
新华社加德满都3月27日电当地时间2022年3月27日,尼泊尔总统班达里在加德满都总统府会见正在访尼的国务委员兼外长王毅。
班达里请王毅转达对习近平主席的诚挚问候,表示对习近平主席2019年对尼的历史性访问仍记忆犹新。她说,尼中友谊源远流长,我们是最好的邻居和朋友。尼泊尔为中国取得的成就感到由衷高兴,也从中国的发展中受益良多,将始终致力于发展对华友好关系,继续坚定不移奉行一个中国政策。感谢中方为尼经济社会发展、特别是为地震灾后救援重建和抗击新冠疫情提供的无私帮助,每当尼遇到困难,中国总是及时伸出援手。尼方愿同中方共同落实好习近平主席访尼成果,推进共建“一带一路”,把两国之间的大山大川变成联结彼此的通道而不是阻隔双方的障碍。
王毅首先转达习近平主席的亲切问候和良好祝愿。王毅说,中尼是好亲戚、好朋友、好伙伴,有着上千年友谊。双方始终相互支持、互施援手,树立了大小国家平等相待、相互尊重、合作共赢的典范。2015年尼泊尔大地震发生后,中国救援队第一时间赴尼。我曾在赴尼出席尼泊尔重建国际会议期间专程走访慰问安置在中方援助帐篷中的尼受灾民众。我告诉尼泊尔的孩子们,山的那边,就是兄弟的中国,我们会全力帮助你们尽快重建家园。中方珍视中尼传统友谊,将继续坚定支持尼维护独立主权和民族尊严、探索符合自身利益的发展道路、奉行独立自主的内外政策,愿同尼方深化中尼友好,继续坚定支持彼此维护核心利益。
班达里表示,尼方赞赏中国共产党高度重视民主发展,致力于为人民谋幸福,为人类谋进步。我们从不认同国际上某些势力对中国和中国共产党的抹黑。祝愿并坚信中国道路和中国模式将取得更大成功。
王毅强调,中国共产党从诞生之日起就坚定致力于促进民主、保障人权,并为此不懈努力。正因为如此,中国共产党始终得到中国人民最广泛的支持和拥护。中国找到了符合自身国情、行之有效的发展社会主义民主政治的道路,成功实现了选举民主和协商民主、过程民主和成果民主、程序民主和实质民主、直接民主和间接民主相结合。习近平主席总结建党百年经验,将中国社会主义民主政治概括为全过程人民民主。中共同尼各党派有着传统友好关系。我们高兴地看到,对华友好已经成为超越尼各党派的社会共识,愿同尼各党派加强治国理政经验交流,共同促进人类民主人权事业的发展。
访问期间,王毅同尼总理德乌帕会见,同尼外长卡德加举行会谈,并分别会见尼共(联合马列)主席奥利和尼共(毛主义中心)主席普拉昌达。(完)

图说1:3月27日,尼泊尔总统班达里(右)在加德满都总统府会见正在访尼的国务委员兼外长王毅。新华社发(哈里·马哈尔詹摄)