Connect with us

Europe

အစ္စတန်ဘူလ်တွင် ပြုလုပ်သော ရုရှား-ယူကရိန်း ဆွေးနွေးပွဲအသစ် ပြီးဆုံး

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကြား မျက်နှာချင်းဆိုင်တွေ့ဆုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ် ပြုလုပ်သောနေရာအပြင်ဘက်၌ သတင်းထောက်များ စုဝေးနေသည်ကို မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် မတ် ၂၉ ရက်၌ ပြုလုပ်သော မျက်နှာချင်းဆိုင်တွေ့ဆုံသော ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ် ပြီးဆုံးခဲ့ပြီဖြစ်ကြောင်းနှင့် အချိန် သုံးနာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။ဆွေးနွေးပွဲပြီးနောက် နှစ်ဘက်လုံးက သတင်းထောက်များအား ထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။ ရုရှားနိုင်ငံမှ ကိုယ်စားလှယ်များက မော်စကိုအနေဖြင့် ယူကရိန်းနိုင်ငံ၌ စစ်ဆင်ရေးများ အရှိန်လျှော့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သလို ယူကရိန်းနိုင်ငံကလည်း ဆွေးနွေးညှိနှိုင်းသူများက အာမခံပေးသူများအဖြစ် ပါဝင်မည့် နိုင်ငံများစွာ၏ အမည်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကြား မျက်နှာချင်းဆိုင်ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ် ပြုလုပ်သောနေရာသို့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာသည်ကို မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံအား နိုင်ငံတကာ ကာကွယ်မှု ပံ့ပိုးပေးနိုင်ရေးအတွက် ကနေဒါ၊ ပိုလန်၊ အစ္စရေးနှင့် တူရကီ စသည့်နိုင်ငံများစွာက အာမခံပေးသူများအဖြစ် မြင်တွေ့လိုကြောင်း ယူကရိန်းဘက်မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ David Arakhamia က ပြောခဲ့သည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကြား မျက်နှာချင်းဆိုင်တွေ့ဆုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ် ပြုလုပ်သောနေရာ ရုရှား ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာသည်ကို မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“အခြားမည်သည့်နိုင်ငံကမဆို ပါဝင်ချိတ်ဆက်လိုခဲ့ရင်လည်း လုပ်ဆောင်နိုင်ပါတယ်” ဟု ၎င်းက ဆိုပြီး ရုရှားနှင့် သဘောတူညီချက်အား အာမခံပေးသည့်နိုင်ငံများနှင့်အတူတကွ လက်မှတ်ရေးထိုးသွားဖြစ်မည်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ယူကရိန်းနိုင်ငံ သမ္မတရုံး အကြံပေးနှင့် စေ့စပ်ညှိနှိုင်းရေးမှူး Mykhailo Podolyak က မတ် ၂၉ ရက် အစည်းအဝေး၏ ရလဒ်များက ခေါင်းဆောင်ပိုင်းအဆင့် အစည်းအဝေးမှာ ထိရောက်မှုရှိကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကြား မျက်နှာချင်းဆိုင်တွေ့ဆုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ် ပြုလုပ်သောနေရာအပြင်ဘက်၌ သတင်းထောက်များ စုဝေးနေသည်ကို မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် Anadolu သတင်းအေဂျင်စီ၏ အဆိုအရ အစ္စတန်ဘူလ် ဆွေးနွေးပွဲမှာ “အပြုသဘောဆောင်ကြောင်း” နှင့် နှစ်နိုင်ငံ သမ္မတများတို့သည် ငြိမ်းချမ်းရေးသဘောတူညီချက် မူကြမ်း ခွင့်ပြုပြီးချိန်၌ တွေ့ဆုံသွားဖွယ်ရှိသည်ဟု ရုရှား ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Vladimir Medinsky က ပြောကြားခဲ့ကြောင်း သိရသည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကြား မျက်နှာချင်းဆိုင်တွေ့ဆုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ် ပြုလုပ်နေသည်ကို မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကြား မျက်နှာချင်းဆိုင်တွေ့ဆုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ် ပြုလုပ်နေသည်ကို မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး Alexander Fomin ကလည်း ဆွေးနွေးပွဲအတွက် လိုအပ်သော အခြေအနေများ ဖန်တီးပေးနိုင်ရေးအတွက် ကိဗ်နှင့် ယူကရိန်းနိုင်ငံ မြောက်ပိုင်း Chernihiv မြို့၌ စစ်ရေးလှုပ်ရှားမှုများကို သိသိသာသာလျှော့ချသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

အစ္စတန်ဘူလ်အစည်းအဝေးသည် စေ့စပ်ညှိနှိုင်းမှုများ စတင်ချိန်မှစ၍ အဓိပ္ပါယ်အပြည့်ဝဆုံး တိုးတက်မှုဖြစ်ကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ဆိုသည်။

“နှစ်နိုင်ငံကြား အဆင့်တိုင်းမှာ ပြန်လည်သင့်မြတ်ရေး တိုးတက်လာတာကို မြင်တွေ့ရတာ အလွန်ပဲ ဝမ်းသာမိပါတယ်” ဟု Cavusoglu က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

#Russia, #Ukraine, #PeaceTalks, #Istanbul, #Xinhua, #Myanmar, #XinhuaMyanmar, #ရုရှား, #ယူကရိန်း, #ငြိမ်းချမ်းရေးဆွေးနွေးပွဲ, #အစ္စတန်ဘူလ်, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
…………………………………………
(English Version)

New round of Russia-Ukraine talks end in Istanbul

ISTANBUL, March 29 (Xinhua) — Russia and Ukraine have concluded their fresh round of face-to-face peace talks here on Tuesday, which lasted for about three hours.

Following the talks, the two sides made statements to reporters respectively. Ukrainian negotiators named several countries who could act as guarantors, while Russian delegates said Moscow would scale down its military operations in Ukraine.

David Arakhamia, a Ukrainian delegate, said that Kiev wants to see several countries, such as Canada, Poland, Israel, and Turkey, as guarantors, which could provide international protection to Ukraine.

“If any other country wants to join they can do so,” he said, noting that the agreement with Russia will be signed together with the guarantor countries.

Ukrainian presidential adviser and negotiator Mykhailo Podolyak told reporters that the results of Tuesday’s meeting are sufficient for a meeting at the leaders’ level.

Meanwhile, according to the Anadolu news agency, Vladimir Medinsky, head of the Russian delegation, said the talks in Istanbul were “constructive,” and the presidents of the two countries may meet only when a draft of a peace treaty is approved.

Russian Deputy Defense Minister Alexander Fomin, who participated in the talks, pledged to drastically decrease military activities in Kiev and the northern Ukrainian city of Chernihiv, to create the necessary conditions for dialogue.

Turkish Foreign Minister Mevlut Cavusoglu said Istanbul’s meeting was the most meaningful progress since the start of the negotiations.
“We are extremely happy to see an increased rapprochement between the two sides at every stage,” Cavusoglu added. ■
Photo 1 : Reporters gather outside the venue of a fresh round of face-to-face peace talks between Russia and Ukraine in Istanbul, Turkey, March 29, 2022. Russia and Ukraine have concluded their fresh round of face-to-face peace talks here on Tuesday, which lasted for approximately three hours, according to media reports. (Xinhua/Shadati)
Photo 2 : Ukrainian delegation arrives at the venue of a fresh round of face-to-face peace talks between Russia and Ukraine in Istanbul, Turkey, March 29, 2022. Russia and Ukraine have concluded their fresh round of face-to-face peace talks here on Tuesday, which lasted for approximately three hours, according to media reports. (Photo by Unal Cam/Xinhua)
Photo 3 : Russian delegation arrives at the venue of a fresh round of face-to-face peace talks between Russia and Ukraine in Istanbul, Turkey, March 29, 2022. Russia and Ukraine have concluded their fresh round of face-to-face peace talks here on Tuesday, which lasted for approximately three hours, according to media reports. (Xinhua/Shadati)
Photo 4 : Reporters gather outside the venue of a fresh round of face-to-face peace talks between Russia and Ukraine in Istanbul, Turkey, March 29, 2022. Russia and Ukraine have concluded their fresh round of face-to-face peace talks here on Tuesday, which lasted for approximately three hours, according to media reports. (Photo by Unal Cam/Xinhua)
Photo 5 : A fresh round of face-to-face peace talks between Russia and Ukraine is held in Istanbul, Turkey, March 29, 2022. Russia and Ukraine have concluded their fresh round of face-to-face peace talks here on Tuesday, which lasted for approximately three hours, according to media reports. (Turkish Presidential Palace/Handout via Xinhua)
Photo 6 : A fresh round of face-to-face peace talks between Russia and Ukraine is held in Istanbul, Turkey, March 29, 2022. Russia and Ukraine have concluded their fresh round of face-to-face peace talks here on Tuesday, which lasted for approximately three hours, according to media reports. (Turkish Presidential Palace/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.