Connect with us

Economy

တရုတ်-လာအို ရထားလမ်းဖြင့် ထိုင်းနိုင်ငံမှအသီးအနှံများကို တရုတ်နိုင်ငံသို့ ပထမဆုံးအသုတ် တင်ပို့

တရုတ်-လာအို ရထားလမ်း ကုန်တင်ရထားမှ တင်ပို့ခဲ့သည့် ထိုင်းနိုင်ငံမှ အသီးအနှံများ ပါဝင်သော ကွန်တိန်နာသေတ္တာတစ်လုံးကို ဧပြီ ၁ ရက်တွင် လာအိုနိုင်ငံ Luang Namtha ပြည်နယ်ရှိ Nateuy ဘူတာရုံ၌ ကုန်တင်ကားပေါ်တင်ဆောင်စဉ် (ဆင်ဟွာ)

ဗီယင်ကျန်း ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းဖြင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ ထိုင်းနိုင်ငံမှ အသီးအနှံများအား လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းမြို့မှ ပထမဆုံးအကြိမ် တင်ပို့ခဲ့ကြောင်း သိရသည်။လွန်ခဲ့သောရက်များတွင် ထိုင်းနိုင်ငံမှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ရောက်ရှိလာခဲ့သည့် ဒူးရင်းသီး တန်ချိန် ၄၀ ၊ အုန်းသီး တန်ချိန် ၂၀ ပါဝင်သည့် ထိုင်းအသီးအနှံများအသုတ်တစ်သုတ်သည် တရုတ်-လာအို ရထားလမ်း Vientiane South ဘူတာရုံမှ ထွက်ခွာသွားခဲ့ပြီး ဧပြီလ ၁ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် Luang Namtha ပြည်နယ် Nateuy ဘူတာရုံသို့ ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်း ကုန်တင်ရထားမှ တင်ပို့ခဲ့သည့် ထိုင်းနိုင်ငံမှ အသီးအနှံများ ပါဝင်သော ကွန်တိန်နာသေတ္တာတစ်လုံးကို ဧပြီ ၁ ရက်တွင် လာအိုနိုင်ငံ Luang Namtha ပြည်နယ်ရှိ Nateuy ဘူတာရုံ၌ ကုန်တင်ကားပေါ်တင်ဆောင်စဉ် (ဆင်ဟွာ)

ယင်းအသီးအနှံများအား ဗီယင်ကျန်းမြို့၏ မြောက်ဘက် ၃၆၀ ကီလိုမီတာအကွာရှိ Nateuy ဘူတာရုံ၌ ကုန်တင်ယာဉ်များနှင့် တင်ချလွှဲပြောင်းပေးခဲ့ပြီး တရုတ်နိုင်ငံသို့ ကုန်းလမ်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းမှာ တရုတ်-လာအို ရထားလမ်းဖြင့် တရုတ်နိုင်ငံသို့ ထိုင်းလယ်ယာထွက်ကုန်များအား ပထမဆုံး အကြိမ် တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗီယင်ကျန်းမြို့၌ အခြေစိုက် ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည့် လာအို-တရုတ်ရထားလမ်းကုမ္ပဏီသည် တရုတ်-လာအိုရထားလမ်း၏ လာအိုနိုင်ငံဘက်အပိုင်း တင်ပို့မှုအတွက် တာဝန်ယူခဲ့ပြီး အနာဂတ်တွင် ထိုင်းနိုင်ငံမှ ပိုမို၍ အရည်အသွေးမြင့် ထွက်ကုန်များအား နယ်စပ်ဖြတ်ကျော်ရထားလမ်းမှတစ်ဆင့် တရုတ်နိုင်ငံ နှင့် ဥရောပသို့ပင် တင်ပို့နိုင်ရန် မျှော်လင့်ထားပြီး ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေးဆောင်ရွက်ရာတွင် တရုတ်-လာအို ရထားလမ်း၏ အရေးပါမှုကို ထပ်မံမီးမောင်းထိုးပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

—————————–
(English Version)

1st batch of Thai fruits shipped to China by China-Laos Railway
VIENTIANE, April 3 (Xinhua) — Fruits from Thailand have been shipped to southwest China’s Yunnan Province by the China-Laos Railway for the first time from the Lao capital Vientiane.

This batch of Thai fruits, 40 tons of durians and 20 tons of coconuts, which arrived in Vientiane from Thailand days ago, departed from the Vientiane South Station of the China-Laos Railway and reached the Nateuy Station in Luang Namtha Province on Friday, which borders China’s Yunnan Province.

The fruits were transited to trucks in Nateuy Station, some 360 km north of Vientiane, and crossed border to China by road.
This is the first time that Thai agricultural products have been transported to China by the China-Laos Railway.

The Laos-China Railway Co. Ltd., a joint venture based in Vientiane responsible for the operation of the Lao section of the China-Laos Railway, expects that more high-quality produce from Thailand will be delivered to China and even Europe through the cross-border railway in the future, which further highlights the importance of the China-Laos Railway in driving regional economic development.■

Photo 1 – A container of fruits from Thailand is transported from China-Laos Railway cargo train to a truck at Nateuy Station in Luang Namtha Province, Laos, April 1, 2022. (Photo by Gao Jiabing/Xinhua)
Photo 2 – A container of fruits from Thailand is transported from China-Laos Railway cargo train to a truck at Nateuy Station in Luang Namtha Province, Laos, April 1, 2022. (Photo by Gao Jiabing/Xinhua)