Connect with us

Asia

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) က ပါကစ္စတန်စီးပွားရေးတိုးတက်ရန် နှင့် ဒေသတွင်း ချိတ်ဆက်မှုမြှင့်တင်ရန်ဖြစ်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) မူဘောင်အောက် တည်ဆောက်ထားသော ±660Kv ဗို့အားထုတ်လုပ်ပေးသည့် Matiari-Lahore ဗို့အားမြင့်တိုက်ရိုက်ဓာတ်အားလိုင်း (HVDC) စီမံကိန်းမြင်ကွင်းအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) သည် ဒေသတွင်းချိတ်ဆက်မှု နှင့် အကျိုးစီးပွားဖြစ်ထွန်းမှုကို ဖော်ဆောင်ပေးစဉ်အတွင်းမှာပင် ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အားဖြည့်ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi က ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။“ ပါကစ္စတန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့အနောက်ပိုင်းဒေသတွေ ၊ အာဖဂန်နစ္စတန်နိုင်ငံနဲ့ဗဟိုအာရှနိုင်ငံတွေ အတွက် ဂိတ်ဝတစ်ခုအဖြစ် ပေါ်ထွက်လာဖို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်” ဟု နှစ်ရက်ကြာကျင်းပသော အစ္စလာမ်မာဘတ်လုံခြုံရေးဆွေးနွေးပွဲတွင် CPEC နှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ ရထားဘူတာရုံတစ်ခုရှိ လိမ္မော်ရောင်လမ်းကြောင်းပေါ်တွင်ပြေးဆွဲနေသောမြို့ပတ်ရထားများအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံတွင် ချိတ်ဆက်မှု နှင့် ကုန်သွယ်မှုကို မြှင့်တင်ခြင်းဖြစ် ငြိမ်းချမ်းရေးအသီးအပွင့်ကိုခံစားနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ၏ မူဝါဒသည် ပထဝီနိုင်ငံရေးမှ ပထဝီစီးပွားရေး အရွေ့ကို ဖော်ဆောင်သွားရန်ဖြစ်သည်ဟု Qureshi က ဆိုသည်။ ထို့ပြင် ပါကစ္စတန်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး နှင့် (win-win) နှစ်ဖက်အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်ရေးကို လုပ်ကိုင်ဆောင်ရွက်နေပြီး ယင်းမှာ မတူခြားနားသောနိုင်ငံများ၏ စီးပွားရေးစုစည်းပေါင်းဆုံရန်အတွက် သဘောသဘာဝအချက်အခြာနေရာတစ်ခုအဖြစ် တည်ဆောက်သွားရန်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ပါကစ္စတန်နိုင်ငံရဲ့တည်ရှိမှုဟာ ချိတ်ဆက်ဆောင်ရွက်မှုကို မြှင့်တင်ဖို့ အလေးထားရင်း အပေါင်းလက္ခဏာဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအချက်အခြာနေရာတစ်ခုဖြစ်လာဖို့ ၊ ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်ဖြစ်ဖို့ နဲ့ ကျွန်တော်တို့ရဲ့ နယ်နိမိတ်အတွင်းအပြင်မှာ ငြိမ်းချမ်းဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပါကစ္စတန်နိုင်ငံသည် တန်းတူညီမျှမှု နှင့် မည်သူတစ်ဦးတစ်ယောက်မျှ နောက်တွင်ကျန်ရစ်မနေဘဲ အားလုံးပါဝင်သော ကမ္ဘာလုံးဆိုင်ရာအခင်းအကျင်းတစ်ခုကို ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း နှင့် မည်သူမျှအနိုင်မရနိုင်သည့် (zero-sum) ရှုမျှော်ချက်များကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း ဆိုသည်။

“ ကျွန်တော်တို့ဟာ ထိပ်တိုက်ရင်ဆိုင်ဖို့ထက် ပူးပေါင်းဆောင်ရွက်မှုအပေါ် အလေးထားဖို့ လိုအပ်ရင်း အားလုံးအတွက် ဖွံ့ဖြိုးတိုးတက်မှုမျှဝေခံစားစေမယ့် ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အကျိုးစီးပွားဖြစ်ထွန်းရေးကို ဦးတည်ရှေ့ရှုသွားမယ့်ကမ္ဘာကြီးတစ်ခုကို တည်ဆောက်သွားရမှာပါ ” ဟု ၎င်းကဆိုသည်။(Xinhua)

————————–
(English Version)

CPEC contributes to Pakistan’s economic development, promotes regional connectivity: Pakistani FM

ISLAMABAD, April 3 (Xinhua) — The China-Pakistan Economic Corridor (CPEC) has been contributing to the country’s economic development while promoting regional connectivity and prosperity, Pakistani Foreign Minister Shah Mahmood Qureshi said here on Saturday.
“We envision Pakistan emerging as the gateway to China’s western regions, Afghanistan and Central Asia” through CPEC, Qureshi said at the two-day Islamabad Security Dialogue.
Pakistan is endeavoring to reap peace dividends in Afghanistan in the form of enhanced connectivity and trade, he added.
Stressing Pakistan’s policy of shifting from geo-politics to geo-economics, Qureshi said the country is advocating peaceful co-existence and win-win cooperation, adding that its location makes it a natural hub for economic confluence for different states.
“We are positioning Pakistan as an economic hub, a melting pot for positive global interests focusing on enhancing connectivity, development partnerships, and peace within our borders and beyond.”
Qureshi said Pakistan will continue to support an equitable and inclusive global order where no one is left behind, adding that zero-sum perspectives must be shed.
“We need to focus on cooperation, rather than confrontation and must strive for a world of peace, progress and prosperity in which benefits of development are shared by all.”

Photo taken on Feb. 4, 2021 shows the Lahore converter station of the ±660kV Matiari-Lahore high-voltage direct current (HVDC) transmission project under the China-Pakistan Economic Corridor (CPEC) in Pakistan’s eastern Punjab Province. (SGCC/Handout via Xinhua)

The Orange Line metro trains are seen at the terminal station in Lahore, Pakistan, Dec. 29, 2021. (Photo by Jamil Ahmed/Xinhua)