Connect with us

Europe

ရုရှား၊ ယူကရိန်းတို့ ဒုတိယအကြိမ် ဆွေးနွေးမှုများ ပြီးဆုံး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံ စီစဉ်ရန် သဘောတူ

ဘီလာရုစ်-ပိုလန် နယ်စပ် Belovezhskaya Pushcha နေရာတွင် ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များအကြား ဒုတိယအကြိမ်ဆွေးနွေးမှုအား မတ် ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Belta news agency via Xinhua)

ကိဗ်၊ မော်စကို၊ မတ် ၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့က ဘီလာရုစ်နိုင်ငံတွင် မတ် ၃ ရက်က ဒုတိယအကြိမ်ဆွေးနွေးမှုများအတွင်း အရပ်သားများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံများ စီစဉ်ရန် သဘောတူခဲ့ကြကြောင်း ယူကရိန်း သမ္မတ အကြံပေး Mykhailo Podoliak က တွစ်တာပေါ်၌ အတည်ပြုပြောကြားခဲ့သည်။“လူသားချင်းစာနာထောက်ထားမှု စင်္ကြံများ စီစဉ်မှုအတွက်သာ အဖြေရရှိခဲ့ပါတယ်” ဟု Podoliak တွစ်တာ၌ ရေးသားထားသည်။

မတ် ၃ ရက် ဆွေးနွေးမှုများအတွင်း နှစ်နိုင်ငံတို့သည် စစ်ဘက်ဆိုင်ရာရေးရာများ၊ လူသားချင်းစားနာထောက်ထားမှုကိစ္စရပ်များနှင့် အနာဂတ်တွင် ပဋိပက္ခ နိုင်ငံရေးအခြေကျရေး စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ရုရှားနိုင်ငံ သမ္မတ၏ လက်ထောက်လည်းဖြစ်၊ ရုရှားကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်လည်းဖြစ်သူ Vladimir Medinsky က ပြောကြားခဲ့သည်။

“အနေအထားတွေကတော့ လုံးဝရှင်းရှင်းလင်းလင်း ဖြစ်ပါတယ်။ အဲဒီထဲက အချို့ကိုတော့ နားလည်မှုရရှိအောင် ကျွန်တော်တို့ စီမံနိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံဖော်ဆောင်ရေးမှာ “အဓိက တိုးတက်မှု” ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ရုရှားနိုင်ငံ၏ TASS သတင်းဌာနကလည်း ဒုတိယအကျော့ဆွေးနွေးပွဲများ ပြီးဆုံးပြီဖြစ်ကြောင်း မတ် ၃ ရက် အစောပိုင်းက သတင်းဖော်ပြခဲ့သည်။

ထို့ပြင် တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုလည်း မကြာမီ ပြုလုပ်မည်ဟု Podoliak က မီဒီယာအားပြောကြားခဲ့ကြောင်း ယူကရိန်းမီဒီယာက ဖော်ပြခဲ့သည်။

ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး (Volodymyr Zelensky) ကလည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများအပေါ် မှတ်ချက်ပြုရာ၌ မည်သည့်ဆွေးနွေးမှုမျိုးမဆို အဓိပ္ပါယ်ရှိကြောင်း ယင်းနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)

………………………………………………

(English Version)

Russia, Ukraine end second round of talks, agree to organize humanitarian corridors
01

KIEV/MOSCOW, March 3 (Xinhua) — Russia and Ukraine agreed to organize humanitarian corridors to evacuate civilians in the second round of talks in Belarus on Thursday, Advisor to the Head of the President’s Office of Ukraine Mykhailo Podoliak confirmed on Twitter.

“There is a solution only for the organization of humanitarian corridors,” Podoliak tweeted.
During the talks on Thursday, the two sides discussed military issues, humanitarian issues, and a future political settlement of the conflict, said Russian presidential aide Vladimir Medinsky, also the head of the Russian delegation.
“The positions were made absolutely clear … On some of them, we managed to reach an understanding,” he said, noting that creating humanitarian corridors is “substantial progress.”

Russia’s TASS news agency reported earlier Thursday that the second round of talks has ended.
Podoliak told a media briefing that the third round of peace negotiations may take place soon, according to Ukrainian media.

Earlier in the day, Ukrainian President Volodymyr Zelensky, when commenting on the peace negotiations, said that “any talks” make sense. ■

Photo : Photo taken on March 3, 2022 shows a view of the second round of talks between Russian and Ukrainian delegations at the Belovezhskaya Pushcha on the Belarus-Poland border. (Belta news agency via Xinhua)