Connect with us

Africa & Middle East

ရာမာဒန်ဥပုသ်လမတိုင်မီတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးနိုင်ငံ၌ လုံခြုံရေးတပ်လှန့်ထား

အစ္စရေးတစ်ဦးပစ်သတ်ခံရပြီးနောက် အစ္စရေးတပ်ဖွဲ့ဝင်များက အနောက်ဘက်ကမ်းရှိ Jenin မြို့တွင် ကင်းလှည့်နေသည်ကို ၂၀၂၂ ခုနှစ် မတ် ၃၀ ရက်တွင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုဆလမ် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

ဂျေရုဆလမ်မြို့နေပြည်သူများသည် မတ် ၃၀ ရက်တွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) ထံမှ သတိပေးချက်တစ်ခုလက်ခံရရှိခဲ့ကြပြီး “ဒုံးကျည်များအတွဲလိုက်ဝင်ရောက်လာမည့် လေ့ကျင့်မှုတစ်စိတ်တစ်ပိုင်းအဖြစ်” မြို့တော်တစ်ခုလုံးတွင် ဥဩဆွဲသံများ ကြားခဲ့ကြရသည်။

ဖြစ်တောင်းဖြစ်ခဲဟုဆိုသော်ငြားလည်း မြို့တော်ဆီ ပစ်မှတ်ထားသည့် ဒုံးကျည်ပစ်ခတ်မှုကို တစ်ခါတစ်ရံကြုံတွေ့ရတက်သည်။ ယင်းမြို့တော်၌ နောက်ဆုံးဥဩဆွဲသံကြားခဲ့ရသည့်အချိန်မှာ အစ္စရေး နှင့် ဂါဇာဒေသကိုထိန်းချုပ်ထားသည့် ဟားမက်စ်တို့အကြားဖြစ်ပွားခဲ့သော ၁၁ ရက် တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၁ ခုနှစ် မေလက ဖြစ်ပြီး ထိုစဉ်က နှစ်ဖက်စလုံးမှ အရပ်သားထောင်ချီအသက်သေဆုံးခဲ့ရသည်။
ဧပြီ ၂ ရက်သည် ကမ္ဘာတစ်လွှားရှိ မွတ်စလင်ဘာသာဝင်များအတွက် နံနက်အာရုဏ်တက်ချိန်မှ ညနေဝင်ချိန်အထိ အစာရှောင်သော ရာမာဒန်ဥပုသ်လဖြစ်သည်။ ထိုကာလမျိုးတွင် မကြာခဏဆိုသလို အစ္စရေး နှင့် ပါလက်စတိုင်းအကြား ထိပ်တိုက်ရင်ဆိုင်မှု မြင့်တက်ခဲ့ဖူးသည်။

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ဆင်ခြေဖုံးရှိ Bnei Brak ရပ်ကွက်၌ ၂၀၂၂ ခုနှစ် မတ် ၂၉ ရက်က ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ဓားဖြင့်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူတစ်ဦး၏ အသုဘအခမ်းအနားကို အစ္စရေးနိုင်ငံ Beersheba တွင် ၂၀၂၂ ခုနှစ်မတ် ၂၃ ရက်က ကျင်းပပြုလုပ်နေစဉ်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ Hadera တွင် လူတစ်ဦးသေဆုံးခဲ့ရသည့် ပစ်ခတ်မှုဖြစ်ပွားရာနေရာ၌ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည်ကို မတ် ၂၇ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ အမျိုးသား အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့၏ လူနာတင်ယာဉ်များအား ၂၀၂၂ ခုနှစ်မတ် ၃၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ယခုနှစ်တွင် မတ်လကုန်ပိုင်းရောက်သည့်တိုင် အစ္စရေးနိုင်ငံရှိ နေရာအမျိုးမျိုး၌ အာရပ်တို့က တိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် ပဋိပက္ခမှာ ရပ်တံ့သွားမည့်အရိပ်အယောင်မတွေ့ရပေ။
တစ်ပတ်ကြာတိုက်ခိုက်မှုအတွင်း လူပေါင်း ၁၁ ဦးသေဆုံးခဲ့ရပြီး ယင်းပမာဏမှာ တဲလ်အဗစ်မြို့တော်၌ အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့သော ၂၀၀၆ ခုနှစ်က လူသေဆုံးမှုနှင့် အရေအတွက် တူညီနေကြောင်း Times of Israel သတင်းစာက ဖော်ပြခဲ့သည်။ ပြီးခဲ့သော အင်္ဂါနေ့တွင် နိုင်ငံအလယ်ပိုင်း Bnei Brak မြို့ ၌ဖြစ်ပွားသော ပစ်ခတ်မှုအတွင်း လူ ၅ ဦးသေဆုံးခဲ့ကြောင်း ၊ တနင်္ဂနွေနေ့က မြောက်ပိုင်းကမ်းရိုးတမ်းမြို့ Hadera ၌ဖြစ်ပွားသော ပစ်ခတ်မှုအတွင်း လူ ၂ ဦးသေဆုံးကြောင်း နှင့် မတ် ၂၂ ရက်က နိုင်ငံတောင်ပိုင်း Beersheba မြို့၌ဖြစ်ပွားသော ဓားဖြင့်တိုက်ခိုက်မှုအတွင်း လူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ လူသေဆုံးတဲ့အထိ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်သိပ်ကိုတုန်လှုပ်ခြောက်ခြားမိပါတယ် ၊ ခင်ဗျားဟာ ပစ်မှတ်ဖြစ်နေမလားဆိုတာ ခင်ဗျားကိုခင်ဗျားမသိနိုင်ဘူးလေ။ ဒီလိုဖြစ်နေလင့်ကစား ကျွန်တော်တို့ဟာ စားဝတ်နေရေးအတွက် ပုံမှန်အတိုင်း အလုပ်လုပ်နေရပါတယ်” ဟု တဲလ်အဗစ်မြို့အနီး Bnei Brak မှ ပြည်သူတစ်ဦးဖြစ်သူ Hillel Lahav က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
Bnei Brak တွင်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အစ္စရေးဝန်ကြီးချုပ် နက်ဖ်တလီဘန်နက်သည် ထိပ်တန်းလုံခြုံရေးအရာရှိများနှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် “ အကြမ်းဖက်ဝါဒကို ကောင်းကောင်းနှိပ်ကွပ်ပစ်မယ် ၊ သံလက်သီးစာကျွေးပစ်မယ်” ဟု ၎င်းက ပြည်သူများအား အသိပေးပြောကြားခဲ့သည်။

“ အချိန်ကာလတစ်ခုကြာ ငြိမ်သက်နေခဲ့ပြီးတဲ့နောက်မှာ အကြမ်းဖက်မှုတွေ တစ်ကျော့ပြန် ဖြစ်ပွားခဲ့တယ် ၊ အချို့လူတွေက ကျွန်တော်တို့ကို နည်းလမ်းပေါင်းစုံနဲ့ ထိခိုက်နာကျင်စေချင်ကြတယ်။ ဒါကြောင့်ကျွန်တော်တို့ဟာ ငြိမ်းချမ်းစွာ မနေရဘူး” ဟု ၎င်းက ရုပ်သံကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် ဘန်နက်က ထောက်လှမ်းရေးအဖွဲ့အစည်းမှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်တင်ခြင်း ၊ ပြည်သူများအကြားလုံခြုံရေးတပ်ဖွဲ့ဝင်တိုးမြှင့်ချထားခြင်း နှင့် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၁၅ ခုနှင့်အတူ ရဲတပ်ဖွဲ့၏ “ အရေးပေါ်တုန့်ပြန်မှုစွမ်းဆောင်ရည်ကို” အင်အားစုဖွဲ့ခြင်းအပါအဝင် တင်းကြပ်သောလုံခြုံရေးအစီအမံများကို ထုတ်ပြန်ကြေညာခဲ့သည်။
ဂါဇာကမ်းမြောင်နှင့်ထိစပ်နေသော နယ်မြေများတွင် တပ်ရင်းသုံးခုမှ ရဲတပ်ဖွဲ့ဝင်များကို တိုးမြှင့်ချထားမည်ဖြစ်ကြောင်း ၊ လုပ်ငန်းအစီအစဉ် နှင့် ၎င်း၏ တည်ဆောက်ပုံ အသေးစိတ်ကို ထုတ်ဖော်ပြောကြားထားခြင်းမရှိသော “ နယ်စပ်ရဲတပ်ရင်း” သစ်ကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

နိုင်ငံအတွင်း လုံခြုံရေးစိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်းကို တုန့်ပြန်သည့်အနေဖြင့် အစ္စရေးကာကွယ်ရေးဝန်ကြီး Benny Gantz သည် အိန္ဒိယသို့သွားရောက်မည့် ၎င်း၏ အလည်အပတ်ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်သည်။ “ နောက်ထပ် ဖြစ်လာနိုင်တဲ့တိုက်ခိုက်မှုတွေကို ကြိုတင်ကာကွယ်ဖို့အတွက် ကျွန်တော်တို့ဟာ ခုခံကာကွယ်မှု နဲ့ ထိုးစစ်ဆင်မှု အစီအစဉ်တွေကို လုပ်ဆောင်နေပါတယ် ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သောနှစ် ရာမာဒန်ဥပုသ်လတွင် ဖြစ်ပွားခဲ့သော ဒဏ်ရာဒဏ်ချက်များမှာ လတ်ဆတ်စွာရှိနေသေးသဖြင့် ထိန်းမနိုင်သိမ်းမရ ပဋိပက္ခများ အရှိန်မြင့်မလာစေရန် ကြိုတင်ကာကွယ်တားဆီးရေးမှာ ဘန်နက်အစိုးရအဖွဲ့အတွက် ထိပ်တန်းဦးစားပေး လုပ်ငန်းစဉ်ဖြစ်လာခဲ့သည်။ ပြီးခဲ့သောနှစ်တွင် ရာမာဒန်ဥပုသ်မတိုင်မီ နှင့် ဥပုသ်အပြီး ပါလက်စတိုင်းများသွားလာမှုအပေါ် အစ္စရေးဘက်က တင်းကျပ်စွာကန့်သတ်ထိန်းချုပ်ထားခြင်းကို ကန့်ကွက်သည့်အနေဖြင့် ဂါဇာရှိ စစ်သွေးကြွများသည် ၂၀၂၁ ခုနှစ် မေလ လယ်ပိုင်းတွင် ဒုံးကျည်များဖြင့် တရပ်စပ်တိုက်ခိုက်ခဲ့ရာ ယင်းမှာ အစ္စရေး နှင့် ပါလက်စတိုင်းအကြား ၂၀၁၄ ခုနှစ်နောက်ပိုင်း ၎င်းတို့၏ အကြီးဆုံးတိုက်ခိုက်မှုကြီးတစ်ကျော့ပြန်ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

အစ္စရေးလက်နက်ကိုင်တပ်ဖွဲ့များကို ဂျေရုဆလမ်မြို့ရှိ လူနေထူထပ်သောရပ်ကွက်များ ၊ မြို့ဟောင်း ၊ ဘာသာရေးဆိုင်ရာအဆောက်အဦနေရာများ နှင့် စီးပွားရေးဇုံနေရာများတွင် တိုးမြှင့်တပ်ချထားမည်ဖြစ်ကြောင်း သိရသည်။
ဂျေရုဆလမ်မြူနီစပယ်ရုံးအဆောက်အဦတည်ရှိရာ Safra ရင်ပြင်၌ အင်္ဂနေ့မှ ဗုဒ္ဓဟူးနေ့အထိကျင်းပပြုခဲ့သည့် ပြပွဲတစ်ခုတွင် နည်းပညာဆိုင်ရာပစ္စည်းကိရိယာများ နှင့် ကယ်ဆယ်ရေးပစ္စည်းကိရိယာများခင်းကျင်းပြသခဲ့ပြီး ရှေ့ဦးသူနာပြု အသက်ကယ်လေ့ကျင့်ခန်းတစ်ခုကိုလည်း သရုပ်ပြလေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

“ ဖြစ်ပေါ်လာနိုင်တဲ့တစ်စုံတစ်ခုအတွက် ကျွန်တော်တို့က ကြိုတင်ပြင်ဆင်ရေးတွေလုပ်နေပါတယ် ၊ ဒါကြောင့် ကျွန်တော်တို့ဟာ တစ်ခုခုဖြစ်လာချိန်ကြမှ လေ့ကျင့်တာလူစုတာဇာတ်တိုက်တာ စတင်လုပ်ဖို့ မလိုပါဘူး ၊ ဖြစ်လာနိုင်တဲ့အခြေအနေတိုင်းအတွက် ကျွန်တော်တို့ဟာ ကိုယ့်ဟာကိုယ် ကြိုတင်ပြင်ဆင်ထားပြီးသားပါ ” ဟု အရေးပေါ်ကယ်ဆယ်ရေး နှင့် လုံခြုံရေးဆိုင်ရာတာဝန်ခံ ဂျေရုဆလမ် ဒုတိယမြို့တော်ဝန် Elisha Peleg က ပြောကြားခဲ့သည်။ (Xinhua)

………………………………
English Version)
Israel on alert after spate of deadly attacks ahead of Ramadan
ERUSALEM, April 3 (Xinhua) — On Tuesday, people in Jerusalem got an alert notice from the Israel Defense Forces (IDF) saying sirens would be heard across the city “as part of a drill for incoming rockets.”
The city is a rare but occasional target of rocket fire. The most recent siren of such kind sounded in May 2021 at the beginning of what soon escalated into an 11-day fighting between Israel and Gaza’s ruler Hamas, causing thousands of civilian casualties from both sides.
Saturday marked the start of Ramadan, a holy month of dawn-to-dusk fasting for Muslims around the world, yet often a period of increased confrontation between Israelis and Palestinians.
This year seems no exception as the just-ended March has witnessed sporadic deadly attacks by Arabs against Israelis in various locations
A total of 11 people died in a week of attacks, which equals the death toll of the 2006 suicide bus bombing in Tel Aviv, the Times of Israel reported, summing up the five victims of a shooting attack in the central city of Bnei Brak on Tuesday, two fatalities in a Sunday shooting in the northern coastal city of Hadera, and four in a stabbing attack in the southern city of Beersheba on March 22.
“I’m frightened of the frequent fatal attacks and you never know when you might be targeted. In spite of this, we still need to work and live as usual,” Hillel Lahav, a citizen of Tel Aviv near Bnei Brak, told Xinhua.
In the wake of the attack in Bnei Brak, Israeli Prime Minister Naftali Bennett held a consultation with top security officials and told the public that the security forces “will fight terrorism with persistence, diligence and an iron fist.”
“After a period of calm, violence is breaking out, and some people want to hurt us at all costs. So we can’t live in peace,” he said in a televised statement.
On Wednesday, Bennett announced a string of tightened security measures, including speedier preventive actions from the intelligence, a broader public presence of security personnel, and reinforcing the police’s “emergency capacity” with 15 IDF companies.
He also said the Border Police has deployed three companies in areas adjacent to the Gaza Strip, adding a new “Border Police Brigade” would be formed, without detailing its mission or structure.
In response to growing security concerns at home, Israeli Defense Minister Benny Gantz has postponed his trip to India. “We are taking the defensive and offensive measures necessary to prevent further attacks,” he said.
As the bruise of last year’s Ramadan remains fresh, preventing skirmishes from escalating into uncontrolled conflicts has become a top priority for Bennett’s government. In mid-May 2021, Israel and Palestine experienced their heaviest fighting since 2014, with Gazan militants firing barrages of rockets at Israel in protest of the latter’s restrictive measures against Palestinians before and during Ramadan.
Armed security personnel is becoming increasingly visible in populous areas of Jerusalem, such as the Old city, religious sites and commercial complexes.
In Safra Square, where the Jerusalem municipality complex is located, an exhibition ran from Tuesday to Wednesday showcasing a wide range of technological means and emergency rescue equipment and providing on-site first aid training.
“We are preparing for something that might happen, so we don’t start to get organized only when something happened. We are preparing ourselves for any situation that would come up,” said Deputy Major of Jerusalem Elisha Peleg, who is in charge of emergency and security affairs. Enditem
Photo(1) On March 30, 2022, Israeli soldiers were seen during a raid in Yabed village near the West Bank city of Jenin to hunt down Palestinian militant Diaa Hamarshah, the suspect of a deadly shooting in Israel, according to eyewitnesses. (Photo by Nidal Eshtayeh/Xinhua)
Photo(2) Photo taken on March 29, 2022 shows the scene of a shooting attack in Bnei Brak, a suburb of Tel Aviv, Israel. (Gideon Markowicz/JINI via Xinhua)
Photo(3) Mourners attend the funeral of a victim killed in a ramming and stabbing attack at a cemetery in Beersheba, Israel, on March 23, 2022. (JINI via Xinhua)
Photo(4) On March 27, members of Israeli security forces work at the scene of a deadly shooting attack in Hadera, Israel. (JINI via Xinhua)
Photo(5) Photo taken on March 30, 2022 showing ambulances of the Magen David Adom, Israel’s national emergency service organization, during a two-day emergency service exhibition held in Safra Square of Jerusalem. (Wang Zhuolun/Xinhua)■