Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံတွင် ဘိန်းစိုက်ပျိုးခြင်းကို တာလီဘန်ထိပ်တန်းခေါင်းဆောင် တားမြစ်

တာလီဘန်အိမ်စောင့်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူအကြီးအကဲ Zabihullah Mujahid က အာဖဂန်နိုင်ငံကဘူးလ်မြို့၌ ဧပြီ ၃ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဖြေကြားနေစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

တာလီဘန်ထိပ်တန်းခေါင်းဆောင် Haibatullah Akhundzada က အာဖဂန်နစ္စတန်နိုင်ငံတွင် ဘိန်းပင်စိုက်ပျိုးခြင်း နှင့် ဘိန်းဖြူထုတ်လုပ်ခြင်းကို ပိတ်ပင်တားမြစ်သည့် အမိန့်ဒီဂရီတစ်ရပ်အား ဧပြီ ၃ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း တာလီဘန်ဦးဆောင်သော အိမ်စောင့်အစိုးရအဖွဲ့က အတည်ပြုပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံ၏ တာလီဘန်ထိပ်တန်းခေါင်းဆောင်က နိုင်ငံအတွင်း ဘိန်းပင်စိုက်ပျိုးခြင်း နှင့် ဘိန်းဖြူရောင်းဝယ်ဖောက်ကားမှုပြုလုပ်ခြင်းကို ပိတ်ပင်တားမြစ်ခဲ့ခြင်းဖြစ်သည်။

“ အာဖဂန်နစ္စတန် အစ္စလာမ်မစ်စော်ဘွားနိုင်ငံ(IEA) ရဲ့ ထိပ်တန်းခေါင်းဆောင်ရဲ့ အမိန့်အရ အာဖဂန်လူမျိုးအားလုံးဟာ အခုအချိန်ကစပြီး နိုင်ငံတစ်ဝှမ်း ဘိန်းစိုက်ပျိုးမှုကို တင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်” ဟုကြားဖြတ်အစိုးရအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ယင်းထုတ်ပြန်ထားသော အမိန့်အားချိုးဖောက်ပါက ဘိန်းခင်းများ ချက်ချင်းဖျက်ဆီးခံရမည်ဖြစ်ပြီး ဥပဒေချိုးဖောက်သူမှာလည်း အပြစ်ပေးအရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
“ အရက်သေစာ ၊ ဘိန်းဖြူ ၊ K ဆေးပြား ( အာဖဂန်တွင် သုံးစွဲသည့် မူးယစ်ဆေးတစ်မျိုး) နဲ့ ဆေးခြောက် စသည့် မူးယစ်ထုံထိုင်းစေသော မူးယစ်ဆေးဝါးပုံစံမျိုးစုံကို ဖြည့်စွက်ချက်အနေနဲ့ အသုံးပြုခြင်း ၊ သယ်ဆောင်ခြင်း ၊ ရောင်းဝယ်ဖောက်ကားခြင်း ၊ တင်ပို့ခြင်း နဲ့ တင်သွင်းခြင်း တို့ကို တားမြစ်ထားတာပါ။ ပြီးတော့ အာဖဂန်နိုင်ငံထဲမှာ မူးယစ်ဆေးဝါးစက်ရုံတည်ဆောက်ခြင်းကိုလည်း တင်းတင်းကြပ်ကြပ်ပိတ်ပင်တားမြစ်ထားပါတယ် ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ဒီအမိန့်ကို မဖြစ်မနေလိုက်နာရပါမယ်။ မလိုက်နာဘဲချိုးဖောက်သူဟာ ဥပဒေကြောင်းအရ တရားစွဲဆို အရေးယူအပြစ်ပေးခံရမှာပါ ” ဟု တာလီဘန်ဦးဆောင်သောအိမ်စောင့်အစိုးရအဖွဲ့က ထုတ်ပြန်သည့်ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ဘိန်းဖြူထုတ်လုပ်မှုအများစုသည် စစ်ပွဲဒဏ်ခံစားခဲ့ရသည့် အာဖဂန်နိုင်ငံ၌ စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံက ဘိန်းဖြူ တန်ချိန် ၆,၃၀၀ ခန့်ထုတ်လုပ်ခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ (Xinhua)

………………………………..
(English Version)
Taliban supreme leader bans poppy cultivation in Afghanistan
KABUL, April 4 (Xinhua) — The Taliban supreme leader Haibatullah Akhundzada on Sunday banned in a decree the cultivation of opium poppy and trade of opium in Afghanistan, the Taliban-led caretaker government confirmed.Afghanistan’s Taliban supreme leader bans cultivation of poppy and trade of opium in the country. “Enforcement of this decree is mandatory. The violator will be prosecuted and punished by the judiciary,” the Taliban-led caretaker government says in a statement.
“As per the decree of the supreme leader of Islamic Emirate of Afghanistan (IEA), all Afghans are informed that from now on, cultivation of poppy has been strictly prohibited across the country,” the caretaker government said in a statement.

The statement added that if anyone violates the decree, the crop will be destroyed immediately and the violator will be punished.

“In addition, use, transport, trade, export and import of all types of narcotics such as alcohol, heroin, K tablet (a drug with stimulant effects often sold in Afghanistan), hashish and etc., including drug manufacturing factories in Afghanistan are strictly banned,” the statement said.

“Enforcement of this decree is mandatory. The violator will be prosecuted and punished by the judiciary,” according to the statement.

Much of the world’s opium poppy is cultivated in the militancy-hit Asian country. In 2020, some 6,300 tons of opium were produced in the country, according to official data.

Chief spokesman of Afghanistan’s caretaker government Zabihullah Mujahid speaks at a press conference in Kabul, Afghanistan, on April 3, 2022. (Photo by Saifurahman Safi/Xinhua)