Connect with us

Europe

Roscosmos က အနောက်နိုင်ငံများနှင့် ပူးတွဲဆောင်ရွက်သော စီမံကိန်းများ ရပ်တန့်လိုက်ကြောင်းပြော၊ ယူကရိန်းတွင် စစ်ပွဲကြောင့် တိုက်ရိုက်ဆုံးရှုံးနစ်နာမှုသည်ဒေါ်လာ ၅၆၅ ဘီလီယံ ရှိကြောင်းယူကရိန်းအရာရှိ ပြော

ယူကရိန်းနိုင်ငံ Vinnitsa တွင် ဂျုံများရိတ်သိမ်းနေသည်ကို ၂၀၀၈ ခုနှစ် ဇူလိုင် ၁၇ ရက် တွင် တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ရုရှားဖက်ဒရယ် အာကာသအေဂျင်စီ (Roscosmos) က အနောက်တိုင်းနိုင်ငံများနှင့် ပူးတွဲဆောင်ရွက်သော စီမံကိန်းများ ရပ်တန့်လိုက်ကြောင်း Roscosmos ညွှန်ကြားရေးမှူးချုပ် Dmitry Rogozin က ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိ ယူကရိန်းတွင် စစ်ပွဲကြောင့် တိုက်ရိုက်ဆုံးရှုံးနစ်နာမှုသည်ဒေါ်လာ ၅၆၅ ဘီလီယံ ရှိကြောင်း ယူကရိန်းစီးပွားရေးဒုတိယဝန်ကြီး Ihor DIADIURA က ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။

——“ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်ဆိုင်ရာ အကြောင်းပြချက်တွေကြောင့်” Roscosmos သည် အနောက်နိုင်ငံများနှင့် ပူးတွဲဆောင်ရွက်သော စီမံကိန်းများ ရပ်တန့်လိုက်ရခြင်းဖြစ်ကြောင်းနှင့် Roscosmos က ယူကရိန်းအာဏာပိုင်အား လက်နက်နှင့် နိုင်ငံရေးထောက်ပံ့မှုပေးသည့် နိုင်ငံများနှင့် မည်သည့်ပူးပေါင်းဆောင်ရွက်မှုမျှ လုပ်ဆောင်မည်မဟုတ်ကြောင်း Rogozin က ဧပြီ ၃ ရက်တွင် ဆိုရှယ်မီဒီယာ၌ ရေးသားဖော်ပြထားသည်။

——လက်ရှိယူကရိန်းတွင်စစ်ပွဲကြောင့်တိုက်ရိုက်ဆုံးရှုံးနစ်နာမှုသည်ဒေါ်လာ၅၆၅ဘီလီယံ အထိရောက်ရှိပြီး ၎င်းတို့အနက်အခြေခံအဆောက်အအုံထိခိုက်ဆုံးရှုံးမှုသည်အမေရိကန်ဒေါ်လာ၁၁၉ဘီလီယံ၊အရပ်ဘက်အဆောက်အအုံများထိခိုက်ဆုံးရှုံးမှုသည်အမေရိကန်ဒေါ်လာ၉၁ဘီလီယံနှင့် ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးမှုသည် အမေရိကန်ဒေါ်လာ ၅၄ဘီလီယံ ရှိကြောင်း Ihor DIADIURA ဧပြီ ၃ ရက်တွင်ပြောကြားခဲ့သည်ဟု Ukrinformသတင်းဌာနက ဖော်ပြထားသည်။ စစ်ပွဲသည် ယူကရိန်းစီးပွားရေးအတွက် ရေရှည်သက်ရောက်မှုရှိမည်ဖြစ်ကြောင်းနှင့် ယခုနှစ်ယူကရိန်းနိုင်ငံ၏GDPသည်အနည်းဆုံးအမေရိကန်ဒေါ်လာ ၁၁၂ ဘီလီယံဆုံးရှုံးမည်ဖြစ်ကြောင်း ခန့်မှန်းထားပြီးစီးပွားရေးပြန်လည်ဦးမော့လာရန်နှစ်ပေါင်းများစွာအချိန်ယူရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

——ရုရှားစစ်တပ်ကဧပြီ၃ရက်နံနက်ပိုင်းတွင်ယူကရိန်းနိုင်ငံအိုဒက်ဆာမြို့အနီးရှိရေနံချက်စက်ရုံတစ်ရုံနှင့် လောင်စာဆီသိုလှောင်ရုံအများအပြားအားဒုံးကျည်ဖြင့်ဖျက်ဆီးခဲ့ကြောင်းနှင့် ယင်းတိုက်ခိုက်မှုတွင်ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းယူကရိန်းနိုင်ငံအိုဒက်ဆာပြည်နယ်အုပ်ချုပ်ရေးမှူးက ဧပြီ ၃ ရက် ညပိုင်းတွင်အိုဒက်ဆာမြို့တော်ကောင်စီ၏တရားဝင်လူမှုမီဒီယာအကောင့်၌ဗီဒီယိုမိန့်ခွန်းထုတ်ပြန် အတည်ပြုခဲ့သည်။

——ရုရှားစစ်တပ်သည် တိကျမှုမြင့်မားသော ဝေဟင်ပစ် ဒုံးကျည်များဖြင့် ယူကရိန်းစစ်တပ်၏ မီကိုလိုက်ဖ်၊ Rovno နှင့် Ternopol ဒေသများရှိ လောင်စာကန်ကြီး အများအပြားကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ဧပြီ ၃ ရက်တွင်ပြောကြားခဲ့သည်။ ထို့ပြင် ရုရှားစစ်တပ်က ယူကရိန်း၏ ကိဗ်ပြည်နယ်ရှိ စစ်ဘက်လေဆိပ်အား တိုက်ခိုက်ခဲ့ပြီး ယူကရိန်းလေတပ်၏ လေကြောင်းကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာများအား ပျက်ပြားစေခဲ့သည်။ ရုရှားအထူးစစ်ဆင်ရေးစတင်ပြီးနောက် ရုရှားစစ်တပ်သည် ယူကရိန်းဘက်မှ မောင်းသူမဲ့လေယာဉ် ၃၈၆ စင်း၊ လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ် ၂၂၄ စုံ၊ တင့်ကားနှင့် အခြားသံချပ်ကာယာဉ် ၁,၉၁၈ စင်း၊ ဘဇူကာဒုံးလောင်ချာ ၂၀၉ လက်၊ အမြောက်နှင့် စိန်ပြောင်း ၈၁၄ ခု၊ စစ်ဘက်အထူးသုံးယာဉ် ၁,၇၈၉ စင်းစသည်တို့အား ဖျက်စီးခဲ့ကြောင်း ၎င်းကဆိုသည်။
——ယူကရိန်းစစ်တပ်၏ လောင်စာဆီကန်ကြီးအများအပြားကို ဖျက်ဆီးရန်အတွက် တိကျသော ဒုံးကျည်များကို အသုံးပြုခဲ့သည်ဟု ရုရှားစစ်တပ်က ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားစစ်တပ်သည် Kyiv Oblast ရှိ ယူကရိန်းစစ်လေယာဉ်ကွင်းတစ်ခုကိုလည်း တိုက်ခိုက်ခဲ့ပြီး ယူကရိန်းလေတပ်၏ လေကြောင်းကာကွယ်ရေးအကြိုသတိပေးချက်နှင့် ထိန်းချုပ်ရေးစင်တာကိုပါ ထိမှန်ခဲ့သည်။ ရုရှားစစ်တပ်က အထူးစစ်ဆင်ရေးစတင်ကတည်းက ရုရှားစစ်တပ်သည် UAV ၃၈၆ စင်း၊ လေယာဉ်ပစ်ဒုံးကျည်စနစ် ၂၂၄ စင်း၊ တင့်ကား ၁,၉၁၈ စီးနှင့် အခြားသံချပ်ကာယာဉ်များ၊ ဒုံးပစ်လောင်ချာမျိုးစုံ ၂၀၉ စင်း၊ မြေပြင်အမြောက်နှင့် မော်တာ ၈၁၄ စင်း၊ အထူးစစ်ရေးယာဉ် ၁၇၈၉ စီးတို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆိုသည်။
—— တူရကီ၏ အဆိုပြုချက်အရ ရုရှားသည် ဧပြီ ၄ ရက်တွင် မာရီယူပိုးလ်မှ Berdyansk အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရုရှားအမျိုးသား ကာကွယ်ရေးကွပ်ကဲမှုဌာန အကြီးအကဲ Mikhail Mizantsev က ဧပြီ ၃ ရက်တွင်ပြောကြားခဲ့သည်။ ထို့ပြင် ရုရှားက ဘက်ပေါင်းစုံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံများကို ဖွင့်လှစ်ရန်စီစဉ်ထားသည်။ မတ် ၂ ရက် မှစတင်ကာ ရုရှားသည် ယူကရိန်းသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း ၇,၈၄၂ ဒသမ ၃ တန် ပေးပို့ခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ လှုပ်ရှားမှု ၇၃၉ ကြိမ် ဆောင်ရွက်ခဲ့သည်။ ရုရှားအထူးစစ်ရေး စစ်ဆင်ရေး စတင်ချိန်ကတည်းက ကလေးသူငယ် ၁၁၇,၄၀၅ ဦးအပါအဝင် စုစုပေါင်း ၅၈၅,၄၅၈ ဦးသည် အန္တရာယ်ရှိရာ ဒေသများမှ ရုရှားနိုင်ငံသို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
最新动态:俄国家航天公司表示已停止与西方国家的联合项目 乌官员说战争已造成乌克兰直接经济损失5650亿美元
新华社纽约4月3日电综合新华社驻外记者报道:俄罗斯国家航天公司总裁罗戈津3日说,该公司已停止与西方国家的联合项目。乌克兰经济部副部长佳久拉3日说,目前战争给乌克兰造成的直接经济损失已达5650亿美元。
——罗戈津3日在社交媒体上发文说,“出于道德和伦理原因”,俄罗斯国家航天公司停止了与西方国家的联合项目。该公司不会与向乌克兰当局提供武器和政治支持的国家有任何合作。
——据乌克兰国家通讯社报道,佳久拉3日说,目前战争给乌克兰造成的直接经济损失已达5650亿美元,其中基础设施损失1190亿美元,民用设施损失910亿美元,资本投资损失540亿美元。战争将对乌经济造成长期影响,预计今年乌国内生产总值损失至少1120亿美元,经济恢复将需要数年时间。
——乌克兰敖德萨州州长马尔琴科3日晚在敖德萨市议会官方社交媒体账号发布视频讲话证实,俄军当天上午发动的导弹袭击造成敖德萨市一座炼油厂和数个燃料储存设施受损。袭击未造成人员受伤。
——俄罗斯国防部发言人科纳申科夫3日说,俄军使用高精度空基导弹摧毁乌军位于尼古拉耶夫州、罗夫诺州和捷尔诺波尔州数座大型燃料库。俄军还对乌军位于基辅州的一处军用机场进行打击,瘫痪了乌空军防空预警和控制中心。自俄方开展特别军事行动以来,俄军已摧毁乌方386架无人机、224套防空导弹系统、1918辆坦克和其他装甲车辆、209台多管火箭炮、814门野战火炮和迫击炮、1789辆特种军用车辆。
——俄罗斯国家防御指挥中心负责人米津采夫3日说,应土耳其方面倡议,俄方将于4日开通马里乌波尔至别尔江斯克的人道主义走廊。此外,俄方准备在任何方向开通更多人道主义走廊。自3月2日以来,俄罗斯已向乌克兰运送7842.3吨人道主义物资,开展739次人道主义行动。自俄方开展特别军事行动以来,已有585458人从危险地区撤到俄罗斯,其中包括117405名儿童。(完)
图说- 2008年7月17日,在乌克兰西南部的文尼察州,大型联合收割机在收割小麦。新华社记者宋宗利摄