Connect with us

Asia

တရုတ်နိုင်ငံထုတ် ဒီဇယ်ရထားစက်ခေါင်းများ ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်

ဘန်ကောက် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရထားစက်ခေါင်းထုတ်လုပ်ရေး (CRRC) Qishuyan Co. Ltd ကုမ္ပဏီမှ တပ်ဆင်ထုတ်လုပ်သည့် ရထားစက်ခေါင်းများ ပထမအသုတ်ကို ထိုင်းနိုင်ငံ၏ ရထားသယ်ယူ ပို့ဆောင်ရေးအဆင့်မြှင့်တင်ရန်အတွက် ထိုင်းရထားပို့ဆောင်ရေးအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ထိုင်းနိုင်ငံပိုင် ရထားပို့ဆောင်ရေး၏ အကြီးမားဆုံးရထားစက်ခေါင်းမှာယူတင်သွင်းမှုအဖြစ် ရထားစက်ခေါင်း အလုံးရေ ၅၀ အနက်မှ ပထမအသုတ်အဖြစ် ပြီးခဲ့သော သောကြာနေ့တွင် ဒီဇယ်အင်ဂျင်သုံးရထားစက်ခေါင်း အလုံးရေ ၂၀ ကို ပေးပို့လိုက်ပြီဖြစ်ကြောင်း (CRRC) က ဆိုသည်။

တရုတ်နိုင်ငံ(CRRC) မှ ထုတ်လုပ်သည့် ရထားစက်ခေါင်းများ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင်
ထိုင်းနိုင်ငံသို့ ရောက်ရှိလာစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ(CRRC) မှ ထုတ်လုပ်သည့် ရထားစက်ခေါင်းများ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာစဉ်(ဆင်ဟွာ)

အဆိုပါ ရထားစက်ခေါင်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ရှိ Siracha ရထားဘူတာရုံ၌ ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံမီးရထားပို့ဆောင်ရေး အုပ်ချုပ်ရေးမှူး Nirut Maneephan က ထိုင်းနိုင်ငံ၏ ရထားပို့ဆောင်ရေးစနစ် ခေတ်မီးတိုးတက်စေရန် စွမ်းဆောင်မှုတစ်ခုအဖြစ် နိုင်ငံ၏ ရထားအခြေခံအဆောက်အဦပိုင်းကို ဖွံ့ဖြိုးတိုးတက်ရန် ကြီးမားသောအားထုတ်မှုတစ်ခုကို ၎င်းဌာနက လုပ်ဆောင်လျက်ရှိကြောင်း ဆိုသည်။

ဒီဇယ်အင်ဂျင်ရထားစက်ခေါင်းသစ်များသည် ထိုင်းနိုင်ငံ ခရီးသည်တင် နှင့်ကုန်တင်ရထားတွဲများ ဘေးကင်းလုံခြုံမှုနှင့် လျင်မြန်မှုကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ပြီး ထိုင်းရထားပို့ဆောင်ရေး၏ ဝန်ဆောင်မှုအရည်အသွေးကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နောက်ဆုံးပေးပို့သော ရထားစက်ခေါင်းများသည် ထိုင်းနိုင်ငံရထားပို့ဆောင်ရေးတွင် အမြင့်ဆုံးမြန်နှုန်းအဖြစ် တစ်နာရီလျှင် ၁၂၀ ကီလိုမီတာအထိ ခုတ်မောင်းနိုင်မည်ဖြစ်ကြောင်း CRRC Qishuyan ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

———————————————-
(English Version)

Chinese-made diesel locomotives handed over to Thailand

BANGKOK, Feb. 6 (Xinhua) — The first batch of diesel locomotives manufactured by China Railway Rolling Stock Corporation (CRRC) Qishuyan Co. Ltd has been handed over to the Thai railway authorities, which would boost efforts of Thailand to improve its railway service.

The delivery of the 20 diesel AC motor locomotives on Friday was the first batch of the 50 locomotives ordered by the State Railway of Thailand in its largest single locomotive order.

Speaking at the handover ceremony at the Siracha railway station in Chon Buri Province, Governor of State Railway of Thailand Nirut Maneephan said that his agency is making great efforts to develop the country’s railway infrastructure in a bid to achieve an even greater modernization of Thailand’s railway system.

The new diesel locomotives could help the State Railway of Thailand to provide faster and safer transportation of passengers and freight, thus improving the quality of service of the Thai railway, he said.

According to CRRC Qishuyan, the latest locomotives were customized for the State Railway of Thailand with a maximum operating speed of 120 km per hour.

Photos- A diesel locomotive manufactured by China Railway Rolling Stock Corporation (CRRC) Qishuyan Co. Ltd unloaded for the handover ceremony in Thailand, Feb. 5, 2022 (State Railway of Thailand/Handout via Xinhua)