Europe
ရုရှားက ယူကရိန်း၏ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများ ဖျက်ဆီးမှုလုပ်ငန်းစဉ်မှာ “ပြီးစီးလုနီးပြီ” ဟု သမ္မတပူတင် ပြော
မော်စကို ၊ မတ် ၆ ရက်(ဆင်ဟွာ)
ယူကရိန်းနိုင်ငံ၏ စစ်လက်နက်သိုလှောင်ရုံများ ၊ ခဲယမ်းမီးကျောက်များ ၊ လေကြောင်းပို့ဆောင်ရေး နှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များအပါအဝင် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦများအား ချေမှုန်းဖျက်ဆီးသည့် ရုရှားနိုင်ငံကပြုလုပ်လျက်ရှိသော စစ်ဆင်ရေးလုပ်ငန်းစဉ်မှာ “ လုံးဝပြီးစီးလုနီးပါး” ဖြစ်ပြီဟု သမ္မတပူတင်က မတ် ၅ ရက်တွင်ပြောကြားလိုက်သည်။ရုရှားတပ်ဖွဲ့ဝင်များသည် သတ်မှတ်ထားသော အစီအစဉ် နှင့် အချိန်ဇယားအတိုင်း ယူကရိန်းနိုင်ငံတွင် ၎င်းတို့၏ စစ်ဆင်ရေး နှင့် ပြုဖွယ်ကိစ္စရပ်များကို အလုံးစုံပြီးမြောက်တော့မည်ဖြစ်ကြောင်း ရုရှားလေကြောင်းလိုင်းများ၏ လေယာဉ်မယ်များနှင့် ပြုလုပ်သော အစီးအဝေးတစ်ခုတွင် သမ္မတပူတင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ လှိုင်းအသစ်တစ်ခုနှင့်ပတ်သက်၍ ပြောကြားရာတွင် ပူတင်က သူတို့သည် “ စစ်ကြေညာခြင်း” တစ်ခုနှင့်အလားသဏ္ဍာန်တူကြောင်း မှတ်ချက်ပြုခဲ့သည်။
ပူတင်က ရုရှားနိုင်ငံတွင် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာရန် မလိုအပ်ကြောင်း ပြောကြားခဲ့ပြီး ယူကရိန်းနိုင်ငံတွင် အထူးစစ်ဆင်ရေးတစ်ရပ်ဆင်နွှဲရန်မှာ “ အလွန်ခက်ခဲသောဆုံးဖြတ်ချက်တစ်ခု” ဖြစ်ကြောင်း ၊ သို့သော် ယင်းသည် ရုရှားအား “ လုံးဝအမှန်တကယ်ခြိမ်းခြောက်မှုများ” ရှိနေကြောင်း သမ္မတက ဆိုသည်။
အကယ်၍ ယူကရိန်းနိုင်ငံသည် မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်အဖွဲ့(နေတိုး) ထဲ ဝင်ရောက်သွားမည်ဆိုပါက အဆိုပါ စစ်မဟာမိတ်အုပ်စုသည် (ကိဗ်) ယူကရိန်းအား စစ်ရေးထောက်ခံအားပေးမှုပြုရန် မဖြစ်မနေလုပ်ဆောင်လာမည်ဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့များသည် ခရိုင်းမီးယားထဲဝင်ရောက်လာကာ ရုရှား နှင့် နေတိုးအကြား တိုက်ရိုက်ထိပ်တိုက်တွေ့ဆုံမှုများဆီသို့ ဦးတည်သွားမည်ဖြစ်ကြောင်း ပူတင်က သတိပေးပြောကြားခဲ့သည်။
ယူကရိန်၏ ရုရှားတပ်ဖွဲ့ဝင်များပြန်လည်ရုပ်သိမ်းရေး တောင်းဆိုချက်များနှင့်ပတ်သက်၍ ပြောကြားရာတွင် ပူတင်က ယူကရိန်းနှင့်အတူ တွေ့ဆုံညှိနှိုင်းဆွေးနွေးရာတွင် မတူကွဲပြားသော အမြင်များစွာ ရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)
——————————–
(English Version)
Russia almost completes destruction of Ukrainian military infrastructure:Putin
MOSCOW, March 5 (Xinhua) — Russia has “practically” completed the mission of destroying Ukraine’s main military infrastructure, including weapon warehouses, ammunition depots, aviation and air defense systems, President Vladimir Putin said Saturday.
Russian forces will fulfill all their assigned tasks and the operation in Ukraine is proceeding in accordance with the plan and schedule, Putin said at a meeting with women flight crews of Russian airlines.
Commenting on a new wave of Western sanctions, Putin said they are akin to a “declaration of war.”
He stressed that there is no need to introduce a state of emergency in Russia.
It was “a difficult decision” to launch a special military operation in Ukraine, but there are “absolutely real threats” to Russia, the president said.
If Ukraine joins the North Atlantic Treaty Organization, the whole military bloc is obliged to support Kiev militarily and Ukraine may get into Crimea, leading to direct clashes between Russia and NATO, Putin warned.
As Russia demands demilitarization of Ukraine, Putin said there are many different options on the negotiating table with Kiev.
Russian President Vladimir Putin is seen during a visit to Aeroflot aviation training center on March 5, 2022. (Kremlin)