Connect with us

Europe

အီးယူက ရုရှားသံတမန်အချို့အား နှင်ထုတ်

ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေး နှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell အား ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ(အီးယူ) က ဘရပ်ဆဲလ်မြို့၌ လုပ်ကိုင်နေကြသည့် ရုရှားသံတမန်အချို့အား သံအဖွဲ့ဝင်အဖြစ် ဆက်လက် ထားရှိရန် အစိုးရက မကြိုဆိုထိုကိသူဟု ကြေညာခဲ့ပြီး ၎င်းတို့အား အိမ်ရှင်နိုင်ငံဖြစ်သည့် ဘယ်လ်ဂျီယံနိုင်ငံမှ ထွက်ခွာရန် အမိန့်ပေးခဲ့ကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell က ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။

“ဒီနေ့မှာတော့ ဥရောပသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံရဲ့ အမြဲတမ်းမစ်ရှင်က တာဝန်ရှိသူအချို့ကို သူတို့ရဲ့ သံတမန်ရေးရာ အဆင့်အတန်းနဲ့ ဆန့်ကျင်ဘက်လှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့အတွက် သံအဖွဲ့ဝင်အဖြစ် ဆက်လက် ထားရှိဖို့ မကြိုဆိုထိုက်သူတွေလို့ သတ်မှတ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းဆုံးဖြတ်ချက်အား အသိပေးရန် ဥရောပသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်အား ဆင့်ခေါ်ခဲ့ကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေး နှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell ၏ ပြောကြားချက်အရ သိရသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများအပြားကလည်း ရုရှားသံတမန်များအား နှင်ထုတ်ရန် ၎င်းတို့၏ ဆုံးဖြတ်ချက်အား ဧပြီ ၅ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………..
(English Version)
EU expels “a number of” Russian diplomats
BRUSSELS, April 5 (Xinhua) — The European Union (EU) has declared a number of Russian diplomats working in Brussels “persona non grata” and ordered them to leave host nation Belgium, the bloc’s foreign policy chief Josep Borrell said on Tuesday.
“Today, I decided to designate persona non grata a number of officials of the Permanent Mission of the Russian Federation to the EU for engaging in activities contrary to their diplomatic status,” Borrell said in a statement.
The Russian Ambassador to the EU was summoned to communicate this decision, according to Borrell, EU’s High Representative for Foreign Affairs and Security Policy.
Several EU member states also announced on Tuesday their decision to expel Russian diplomats. Enditem
Photo – EU High Representative for Foreign Affairs and Security Policy Josep Borrell attends a press conference after the meeting of foreign ministers of the European Union in Brussels, Belgium, on Nov. 15, 2021. (Xinhua/Zheng Huansong)