Connect with us

Asia

သီရိလင်္ကာနိုင်ငံ၌ နိုင်ငံအရေးပေါ်အခြေအနေအား ပြန်လည်ရုပ်သိမ်း

သီရိလင်္ကာသမ္မတ Gotabaya Rajapaksa သည် သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ၎င်း၏ပထမဆုံးနှစ်ပတ်လည် မိန့်ခွန်းကို သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၁၈ ရက် တွင် ပြောကြားနေစဉ် (ဓာတ်ပုံ-- Sri Lankan President's Media Division/Handout via Xinhua)

ကိုလံဘို၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
သီရိလင်္ကာသမ္မတ Gotabaya Rajapaksa သည် နိုင်ငံအတွင်း အရေးပေါ်အခြေအနေအား ပြန်လည်ရုပ်သိမ်းကြောင်း ဧပြီ ၅ ရက် ညပိုင်းတွင် အမိန့်ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာထားခြင်းကို ၂၀၂၂ ခုနှစ် ဧပြီ ၅ ရက် ညဉ့်သန်းခေါင်မှစ၍ ရုတ်သိမ်းလိုက်ကြောင်း အမိန့်ထုတ်ပြန်ချက်အရ သိရသည်။

သီရိလင်္ကာနိုင်ငံ၌ နိုင်ငံတွင်းအရေးပေါ်အခြေအနေသတ်မှတ်ကြောင်း အမိန့်ကို ဧပြီ ၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မတ် ၃၁ ရက်က သမ္မတအိမ်တော်အနီး ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် တစ်ရက်အကြာတွင် သမ္မတက အရေးပေါ်အခြေအနေထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။
ယင်းသို့ဆောင်ရွက်ခဲ့ခြင်းအပေါ် သီရိလင်္ကာနိုင်ငံ၏ အတိုက်အခံပါတီများက ဝေဖန်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

…………………..
(English Version)
Sri Lanka revokes public emergency
COLOMBO, April 6 (Xinhua) — Sri Lankan President Gotabaya Rajapaksa on Tuesday night issued a gazette revoking the public emergency.
The public emergency was revoked from midnight of April 5, 2022, according to the gazette.
On April 1 a special gazette was issued declaring a public emergency in Sri Lanka.
The president declared the emergency a day after protests were staged near his residence on March 31.
The move has been criticized by the country’s opposition political parties. Enditem