Connect with us

Europe

ယူကရိန်း အပစ်ခတ်ရပ်စဲရေးနှင့်စစ်ပွဲအဆုံးသတ်ရေးက တရုတ်နိုင်ငံ၏ ပြင်းပြသောဆန္ဒဖြစ်သည်ဟု တရုတ်ကိုယ်စားလှယ်ပြောကြား

နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် လုံခြုံရေးကောင်စီ ယူကရိန်းအရေးတံခါးဖွင့်ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ ဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်း ဆွေးနွေးပြောကြားနေသည်ကို ဧပြီ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၆ ရက် ( ဆင်ဟွာ)

ယူကရိန်းအခြေအနေနှင့်စပ်လျဉ်းပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဧပြီ ၅ ရက်က တံခါးဖွင့်အစည်းအဝေး ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက လက်ရှိ ယူကရိန်းအခြေအနေအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့်အဆိုပြုချက်များကို ပြောကြားခဲ့ရာ ယူကရိန်းတင်းမာမှုအခြေအနေလျှော့ချရေး ၊ အမြန်ဆုံးအပစ်ခတ်ရပ်စဲပြီးစစ်ပွဲအဆုံးသတ်ရေး တွန်းအားပေးရန်မှာ နိုင်ငံတကာအသိုက်အဝန်း၏ အရေးတကြီးမျှော်လင့်ရာဖြစ်သလို တရုတ်နိုင်ငံ၏ ပြင်းပြသည့်ဆန္ဒလည်း ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် လုံခြုံရေးကောင်စီ ယူကရိန်းအရေးတံခါးဖွင့်ဆွေးနွေးပွဲတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် အမှာစကားပြောကြားနေသည်ကို ဧပြီ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် လုံခြုံရေးကောင်စီ ယူကရိန်းအရေးတံခါးဖွင့်ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ နိုင်ငံရေးရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် DiCarlo အမှာစကားပြောကြားနေသည်ကို ဧပြီ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် လုံခြုံရေးကောင်စီ ယူကရိန်းအရေးတံခါးဖွင့်ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Griffithsအမှာစကားပြောကြားနေသည်ကို ဧပြီ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တွေ့ဆုံစေ့စပ်ဆွေးနွေးမှုက ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်သည့် တစ်ခုတည်းသော ထွက်လမ်းဖြစ်သည်ကို တရုတ်နိုင်ငံက ကြိမ်ဖန်များစွာ အလေးထား ပြောကြားခဲ့ကြောင်း ကျန်းကျွင်းက ဆိုသည်။ ရုရှားနှင့်ယူကရိန်းအကြား တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ရာ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးဆွေးနွေးမှုဦးတည်ချက်ကို ခိုင်မာစွာ ဆောင်ရွက်နေခြင်း၊ အခက်အခဲနှင့်ကွဲလွဲမှုများကို ကျော်လွှား၍ ဘက်စုံမှ အကျပ်အတည်းဖြေရှင်းပြီး ဖြစ်နိုင်ချေများကို မပြတ်စုစည်းနေခြင်း အပေါ် တရုတ်နိုင်ငံအနေဖြင့် ကြိုဆိုကြောင်း ၊ နိုင်ငံတကာအသိုက်အဝန်းက နှစ်ဖက်ဆွေးနွေးရေးအတွက် အကျိုးဖြစ်ထွန်းစေမည့် အနေအထားပတ်ဝန်းကျင်ကို ဖန်တီးရမည်ဖြစ်ရာ နိုင်ငံရေးဖြင့်ဖြေရှင်းရန် လမ်းဖွင့်ပေးရမည်ဖြစ်ပြီး ဆူးခလုတ်အနေဖြင့် အတားအဆီး ထပ်လောင်းပြုရမည်မဟုတ်သလို မီးလောင်ရာလေပင့် ၊ ပဋိပက္ခပြင်းထန်အောင် ပို၍ပြုလုပ်ရမည် မဟုတ်ကြောင်း ၊ ပဋိပက္ခပို၍ကျယ်ပြန့်လာခြင်း မရှိအောင် အားသွန် ကာကွယ်တားဆီးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျန်းကျွင်းက တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းလူသားချင်းစာနာထောက်ထားမှုအရေးကို အထူးအလေးထားရာ ယူကရိန်း လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်း ဖြေလျော့ရာ၌ အကျိုးဖြစ်စေမည့် အဆိုပြုချက်နှင့် နည်းလမ်း အားလုံးကို ထောက်ခံအားပေးကြောင်း ဆိုသည်။ လက်ရှိတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ရာ သက်ဆိုင်ရာဘက်ပေါင်းစုံက နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေကို လေးစားလိုက်နာပြီး အရပ်သားနှင့်အရပ်သုံးအဆောက်အဦလုံခြုံရေးကို ကာကွယ်ထိန်သိမ်းကြရန်၊ အရပ်သားသေဆုံးဒဏ်ရာရမှုဖြစ်ပွားနေခြင်းအား အဆုံးစွန်လျှော့ချကြရန် လူသူထွက်ခွာရေးနှင့်လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်း လုံခြုံအဆင်ပြေရေးကို အာမခံကြရန် ၊ အမျိုးသမီး၊ကလေးငယ်၊ ဒဏ်ရာရ စစ်သုံ့ပန်းများ၏ အခြေခံအခွင့်အရေးကို အာမခံကြရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ လူသားချင်းစာနာထောက်ထားရေးကို နိုင်ငံရေးအသွင်မပြောင်းသင့်ကြောင်း၊ ယူကရိန်းနှင့်အနီးတစ်ဝိုက်နိုင်ငံများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များ လွန်စွာကြီးမားရာ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ကြားနေရပ်တည်၊တရားမျှတစွာဖြင့် အရင်းအမြစ်များကို ညှိနှိုင်းဆောင်ရွက်ပေးပြီး အသက်ကယ်ဆယ်ရေး၊ အရပ်သားကာကွယ်ရေးအတွက် ဆုတ်နစ်မှုမရှိကြိုးပမ်းသင့်ပါကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းနှင့်အနီးတစ်ဝိုက်နိုင်ငံများကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးပြီးဖြစ်သလို ဆက်လက်ပံ့ပိုးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတကာလူသားချင်းစာနာထောက်ထားရေးဥပဒေအရ အရပ်သားများသည် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုအတွင်း မည်သည့်နည်းလမ်းနှင့်မျှ အကြမ်းဖက်မှုကို မခံစားသင့်ကြောင်း၊ အရပ်သားများကို ဦးတည်သည့် တိုက်ခိုက်မှုမှာ လက်ခံနိုင်ဖွယ်မရှိသလို မဖြစ်ပွားသင့်သည် ကိစ္စလည်း ဖြစ်ကြောင်း ကျန်းကျွင်းက ဆိုသည်။ Buchaမြို့အရပ်သား သေဆုံးသည့် သတင်းနှင့်မြင်ကွင်းများ အလွန် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရာ အချင်းဖြစ်ရပ်သည့် သက်ဆိုင်သည့် အခြေအနေနှင့်အသေးစိတ်အကြောင်းအရင်းများကို ရှင်းလင်းစွာ စစ်ဆေးရမည်ဖြစ်ကြောင်း၊ မည်သည့် စွပ်စွဲမှုမျိုးမဆို ဖြစ်ရပ်မှန်ကို အခြေခံရမည်ဖြစ်ရာ အဖြေမရခင် ဘက်ပေါင်းစုံက ထိန်းထိန်းသိမ်းသိမ်းထားရှိသင့်ပြီး အခြေအမြစ်မရှိသည့် ပြစ်တင်မှုများကို ရှောင်ရှားရမည် ဖြစ်ကြောင်း ဆိုသည်။

ယူကရိန်းအကျပ်အတည်းမှ လျှံထွက်လာသည့် သက်ရောက်မှုများက ကမ္ဘာကို အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ကြီးမားသည့် သက်ရောက်မှုရှိရာ အထူးအလေးထားသင့်ပြီး စီမံထိန်းချုပ်မှုများကို အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျန်းကျွင်းက ထောက်ပြ ပြောကြားခဲ့သည်။

ပိတ်ဆို့အရေးယူမှုက ပြဿနာဖြေရှင်းရာ၌ ထိရောက်သည့် နည်းလမ်းမဟုတ်ဘဲ အကျပ်အတည်းဂယက် ပြင်ပသို့ သက်ရောက်မှုအရှိန်ကို ပို၍လျင်မြန်စေရာ ရှုပ်ထွေးသည့်ပြဿနာရပ်အသစ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ၊ ဂလိုဘယ်လ်လိုက်ဇေးရှင်းအသွင် နက်ရှိုင်းဖွံ့ဖြိုးလာခြင်း၊ လူသားမျိုးနွယ်တို့၏ကံကြမ္မာနီးကပ်စွာ ချိတ်ဆက်လာသည့် ယနေ့အခါတွင် ဘက်စုံထောင့်စုံ ၊ခွဲခြားမှုမရှိ ပိတ်ဆို့နေခြင်းက ကမ္ဘာ့စီးပွားရေး နိုင်ငံရေးအသွင်၊ အသုံးချကိရိယာအသွင်၊ လက်နက်အသွင် လုပ်ဆောင်ခြင်းနှင့်မထူးခြားနားဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်စီးပွား၊ ဘဏ္ဍာရေး၊ စွမ်းအင်၊ စားနပ်ရိက္ခာ၊ ကုန်ထုတ်လုပ်ငန်းထောက်ပို့ရေးကွင်းစက်စသည့် ကဏ္ဍများအတွက် ဆိုးဝါးသည့်အကျပ်အတည်း ဖြစ်ပေါ်စေသလို နိုင်ငံတကာအသိုက်အဝန်း နှစ်ပေါင်းဒါဇင်ချီ ကြိုးပမ်းထားသော ဖွံ့ဖြိုးရေးရလဒ်ကို အန္တရာယ်ကျရောက်စေပြီး နိုင်ငံအသီးသီး ပြည်သူလူထုအတွက် ပြင်းထန်သည့် စတေးမှု ဖြစ်ပေါ်စေကြောင်း ၊ ကျယ်ပြန့်များပြားလှသည့် ဖွံ့ဖြိုးဆဲနိုင်ငံများက ပဋိပက္ခနှင့်သက်ဆိုင်သူများ မဟုတ်ကြရာ ပဋိပက္ခလှိုင်းဒဏ်ကို မခံစားသင့်သလို ပထဝီနိုင်ငံရေးပဋိပက္ခနှင့်နိုင်ငံကြီးများအားပြိုင်မှု၏နောက်ဆက်တွဲဆိုးကျိုးကို ပို၍ပင်မခံစားသင့်ကြောင်း၊ ကမ္ဘာ့ အဓိကစီးပွားအစုအဖွဲ့များက တာဝန်ယူမှုရှိစွာ အကျပ်အတည်းအပြင်သို့လျှံထွက်မည့် အန္တရာယ်ကို စီမံထိန်ချုပ်ရမည် ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တည်ငြိမ်ရေးနှင့် ကမ္ဘာ့စီးပွားရေး နိုးထမှုအရှိန်အဟုန်ကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်အေးတိုက်ပွဲ အဆုံးသတ်ပြီး နှစ်ပေါင်း ၃၀ ကျော်ကာလတွင် ဥရောပတိုက်၌ ယခုကဲ့သို့ ပထဝီနိုင်ငံရေး အဖြစ်ဆိုး ဖြစ်ပွားရခြင်းကို အလေးအနက်ထားပြန်လည်သုံးသပ်သင့်ကြောင်း ကျန်းကျွင်းက ဆိုသည်။ နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားသင့်သလို အလယ်အလတ်နှင့်နိုင်ငံငယ်များကို နိုင်ငံကြီးထိပ်တိုက်ရင်ဆိုင်မှု၏ ရှေ့တန်းနေရာသို့ မတွန်းပို့သင့်ကြောင်း ၊ နိုင်ငံအသီးသီးတွင် နိုင်ငံခြားရေးမူဝါဒ သီးခြားလွတ်လပ်စွာ မိမိသဘောဆန္ဒအလျောက် ဆုံးဖြတ်ပိုင်ခွင့်ရှိကြပြီး ဘက်ရွေးရပ်တည်ရန် အတင်းအကျပ် ဖိအားပေးမှု မရှိသင့်ကြောင်း၊ နိုင်ငံအသီးသီး၏ လုံခြုံရေးသည် ခွဲခြားမရ တည်ရှိရာ တစ်နိုင်ငံ၏လုံခြုံရေးအတွက် အခြားနိုင်ငံ၏လုံခြုံရေးကိ စတေး၍ မရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်၊ နေတိုး၊ ဥရောပသမဂ္ဂနှင့် ရုရှားနိုင်ငံတို့ ဘက်စုံဆွေးနွေးပြီး နှစ်ပေါင်းများစွာ စုပြုံနေသည့် ပဋိပက္ခကို တိုက်ရိုက်ရှုမြင်ကာ ဖြေရှင်းရေးနည်းလမ်းကို ရှာဖွေကြရန် ၊ မျှတ ထိရောက်၍ စဉ်ဆက်မပြတ်သည့် ဒေသတွင်းလုံခြုံရေးမူဘောင်ကို တည်ဆောက်ဖို့ တွန်းအားပေးဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းအရေးတွင် တရုတ်နိုင်ငံက ပထဝီနိုင်ငံရေး ကိုယ်ကျိုးစီးပွားကို ရှာဖွေမည်မဟုတ်သလို တစ်ဖက်ကမ်းကမီးလောင်မှုမှာ ကိုယ်နှင့်မဆိုင်သလိုနေရန် စိတ်ထားမရှိကြောင်း ၊ မီးလောင်ရာလေပင့် ပို၍ လုပ်ဆောင်မည် မဟုတ်ကြောင်း ကျန်းကျွင်းက အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် စေတနာမှန်ကန်စွာနှင့် ရည်မှန်းချက် တစ်ခုတည်း ရှိရာ ၎င်းမှာ ငြိမ်းချမ်းရေးသာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် တရုတ်နိုင်ငံက ဆက်လက် ဖျောင်းဖျတိုက်တွန်းသွားမည် ဖြစ်ပြီး ယူကရိန်အကျပ်အတည်းဖြေရှင်းရေးတွင် အပြုသဘောအခန်းကဏ္ဍ တာဝန်ယူမှုစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်၊ ကုလသမဂ္ဂ နိုင်ငံရေးကဏ္ဍရေးရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် DiCarlo ၊ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Griffiths
စသည်တို့က အစည်းအဝေးတွင် အမှာစကားပြောကြားခဲ့ကြကြောင်း သိရသည်။ ၎င်းတို့အနေဖြင့် ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း၊ စားနပ်ရိက္ခာနှင့်စွမ်းအင်လိုအပ်ချက် ၊ ကုန်ဈေးနှုန်းမြင့်မားမှုနှင့် အခြား ကုန်စည်းပစ္စည်း ထောက်ပို့ရေးကျပ်တည်းမှုစသည့် ကိစ္စရပ်များအပေါ် စိုးရိမ်မိကြောင်း ပြောကြားခဲ့သလို အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရန် အထူးသဖြင့် အမျိုးသမီး၊ ကလေးငယ်နှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းများ၏ အသက်အိုးအိမ်လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် ၊ သုံ့ပန်းများ၏အခြေခံအခွင့်အရေးကို အာမခံပေးရန် ၊ အရပ်သုံး အဆောက်အအုံနှင့်ယဉ်ကျေးမှုအမွေအနှစ်များ ဖျက်ဆီးမှုကို ကာကွယ်တားဆီးရန်၊ လူသားချင်းစာနာထောက်ထားမှုကပ်ဘေးလျော့နည်းသက်သာအောင် အတူကြိုးပမ်းကြရန် တိုက်တွန်းပြောကြားခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ပဋိပက္ခဘက်ပေါင်းစုံ ချက်ချင် အပစ်ခတ်ရပ်စဲကြရန် ၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုဖြင့် အကျပ်အတည်းဖြေရှင်းကြရန် တိုက်တွန်းပြောကြားခဲ့သည်။ Griffithsက လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့်သက်ရောက်မှုရှိသည့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ငြိမ်းချမ်းရေးကို အကောင်းဆုံးကြိုးပမ်းဖော်ဆောင်ပေးကြပြီး လူသားချင်းစာနာထောက်ထားမှုကပ်ဘေး လျှော့ချရေး အတူကြိုးပမ်းကြရန် တိုက်တွန်း ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဗွီဒီယိုဖြင့် ယင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

……………………
(Chinese Version)
中国代表:在乌克兰尽早停火止战是中方强烈愿望
2022-04-06 04:36:07
新华社联合国4月5日电(记者王建刚)联合国安理会5日就乌克兰局势举行公开会。中国常驻联合国代表张军在会上阐述中方关于当前乌克兰局势的立场主张,强调推动乌克兰局势降级,尽早停火止战,是国际社会的迫切期待,也是中方的强烈愿望。
张军表示,中方多次强调,对话谈判是开启和平之门的唯一出路。俄罗斯、乌克兰已经举行多轮谈判,中方欢迎双方坚持和平谈判的大方向,克服困难和分歧,为全面解决危机不断积累条件。国际社会要为双方谈判营造有利条件和环境,为政治解决开辟空间,不要设置障碍、增添阻力,更不要火上浇油、激化矛盾。要全力防止局部冲突扩大化。
张军表示,中方高度重视乌克兰人道问题,支持一切有利于缓解乌克兰人道危机的倡议和举措。当前冲突仍在持续,中方呼吁当事方遵守国际人道法,保护平民和民用设施安全,最大限度减少平民伤亡,确保人员撤离和人道准入通道的安全顺畅,保障妇女儿童、伤员战俘的基本权利。人道问题不应被政治化。乌克兰和周边国家的人道需求巨大,国际人道机构应保持中立、公正,积极动员协调更多资源,为挽救生命、保护平民作出不懈努力。中方已经并将继续向乌克兰和周边国家提供人道援助。
张军表示,根据国际人道法,平民在武装冲突中应免遭任何形式的暴力,针对平民的袭击不可接受,也不应该发生。有关布恰市平民死亡的报道和画面令人十分不安,事件的相关情况和具体原因必须查清。任何指控都应基于事实,结论得出之前,各方应保持克制,避免无端指责。
张军指出,乌克兰危机的溢出效应正在对世界特别是发展中国家产生巨大影响,这值得高度重视,必须加强管控。制裁不是解决问题的有效手段,反而会加速危机外溢,带来新的复杂问题。在全球化深入发展、人类命运紧密相连的今天,实施全方位、无差别的制裁无异于将世界经济政治化、工具化、武器化,引发全球经贸、金融、能源、粮食、产业链供应链等领域严重危机,危及国际社会数十年的发展成果,让各国民众付出沉重代价。广大发展中国家不是冲突的当事方,不应被卷入矛盾,更不应被迫承担地缘冲突和大国博弈的后果。世界主要经济体要负起责任,管控危机外溢风险,维护全球市场稳定和世界经济的复苏势头。
张军表示,冷战已经结束30多年,欧洲发生这样一场地缘政治的悲剧值得深刻反思。各国主权和领土完整都应得到尊重,中小国家不应被推向大国对抗的前沿。各国都有权独立自主决定外交政策,不应被迫选边站队。各国的安全不可分割,一国的安全不能以损害他国安全为代价。中方呼吁美国、北约、欧盟同俄罗斯开展全面对话,直面多年来积累的矛盾,找到解决问题的办法,推动构建均衡、有效、可持续的地区安全框架。
张军强调,在乌克兰问题上,中方不谋求地缘政治私利,没有隔岸观火心态,更不会做火上浇油的事情。中方真诚期待的目标只有一个,就是和平。中方将继续劝和促谈,为解决乌克兰危机发挥建设性、负责任作用。
联合国秘书长古特雷斯、联合国负责政治事务的副秘书长迪卡洛、联合国负责人道主义事务的副秘书长格里菲思等在公开会上发言。他们对俄乌冲突所造成的人道危机、粮食和能源短缺及价格上涨,以及其他大宗商品供应紧张等问题表示担忧,呼吁保护平民,尤其是妇女、儿童及人道主义工作者的生命与安全,保障被俘人员的基本权利,防止民用设施和文化遗址遭受破坏。他们呼吁冲突各方立即停火,通过对话和谈判化解危机。格里菲思呼吁安理会成员以及所有有影响力的会员国尽最大努力为实现和平、减轻人道主义灾难而共同努力。乌克兰总统泽连斯基通过视频方式也在公开会上发言。(完)
图说1:4月5日,在位于纽约的联合国总部,中国常驻联合国代表张军(前排中)在安理会乌克兰局势公开会上发言。新华社记者 谢锷 摄
图说2:4月5日,在位于纽约的联合国总部,联合国秘书长古特雷斯(前排中)在安理会乌克兰局势公开会上发言。新华社记者 谢锷 摄
图说3: 4月5日,在位于纽约的联合国总部,联合国负责政治事务的副秘书长迪卡洛(前排中)在安理会乌克兰局势公开会上发言。 新华社记者 谢锷 摄
图说4:4月5日,在位于纽约的联合国总部,联合国负责人道主义事务的副秘书长格里菲思以视频形式在安理会乌克兰局势公开会上发言。新华社记者 谢锷 摄