Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ Homs ပြည်နယ်၌ ဘတ်စ်ကားချောင်းမြောင်းတိုက်ခိုက်ခံရမှုအတွင်း စစ်သား ၁၃ ဦး သေဆုံး

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Hasakah ပြည်နယ်၌ ဆီးရီးယားစစ်သားများအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ် ၊ မတ် ၇ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အလယ်ပိုင်း Homs ပြည်နယ်၏ ကျေးလက်ဒေသ၌ မတ် ၆ ရက်တွင် စစ်သားများလိုက်ပါစီးနင်းလာသည့် ဘတ်စ်ကား ချောင်းမြောင်းတိုက်ခိုက်ခံရမှုအတွင်း စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
သေဆုံးသွားခဲ့သည့် စစ်သားများထဲတွင် အရာရှိများ ပါဝင်ပြီး ၎င်းတို့စီးနင်းလာသည့် ဘတ်စ်ကားသည် Homs ပြည်နယ်၏ ကျေးလက်ဒေသရှိ Palmyra မြို့၏ သဲကန္တာရဒေသတွင် တိုက်ခိုက်ခံခဲ့ရကြောင်း ဖော်ပြထားသည်။

သေဆုံးသူများအပြင် စစ်သား ၁၈ ဦးမှာ အကြမ်းဖက်သမားတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။

နိုင်ငံပိုင်သတင်းအေဂျင်စီသည် ယင်းတိုက်ခိုက်မှုနောက်ကွယ်မှ အဖွဲ့အစည်းအား ဖော်ပြထားခြင်း မရှိဘဲ ယခင်အလားတူဖြစ်စဉ်များအား အစ္စလာမ္မစ်နိုင်ငံအဖွဲ့ (IS)၏ အကြွင်းအကျန်များက လုပ်ဆောင်ခဲ့ပြီး ယင်းအဖွဲ့သည် သဲကန္တာရဒေသတွင် လှုပ်ရှားနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
13 soldiers killed in bus ambush in Syria’s Homs: state media
DAMASCUS, March 6 (Xinhua) — As many as 13 soldiers were killed on Sunday when their bus was ambushed in the countryside of Syrian central province of Homs, state news agency SANA reported.
Officers were among the slain soldiers, whose bus was attacked in the desert region of the city of Palmyra in the countryside of Homs, said the report.
It added that 18 other soldiers were wounded by the “terrorist attack.”
The official agency didn’t name the party behind the attack, Previous similar ones were all carried by remnants of the Islamic State (IS) group, which is still active in the desert region. ■
Photo – Syrian soldiers are seen deployed in a village of Sousseh in the northern countryside of Hasakah province in northeastern Syria, on Dec. 1, 2019. (Str/Xinhua)