Connect with us

Europe

တိုက်ပွဲများ ရပ်တန့်ရန် ယူကရိန်းကို ရုရှားသမ္မတ ပူတင် တိုက်တွန်း၊ အမေရိကန်-ယူကရိန်း နှစ်နိုင်ငံ သမ္မတ ဖုန်းဖြင့် ထပ်မံဆက်သွယ်ဆွေးနွေး

ဒွန်ဘတ်စ်တွင် လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား မတ် ၅ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)

ယူကရိန်းဘက်က တိုက်ခိုက်မှုများ ရပ်တန့်ပြီး ရုရှား၏တောင်းဆိုချက်ကို ဖြည့်ဆည်းမှသာ အထူးစစ်ဆင်ရေးလှုပ်ရှားမှု ယာယီရပ်တန့်နိုင်မည် ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်အစိုးရက ယူကရိန်း လုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့်စီးပွားရေးအကူအညီများကို အားဖြည့်ဆောင်ရွက်နေကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က မတ် ၅ ရက်တွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် ဖုန်းဖြင့်ဆက်သွယ်စဉ် ပြောကြားခဲ့သည်။

ဒွန်ဘတ်စ်တွင် လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား မတ် ၅ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဒွန်ဘတ်စ်ရှိ ဗုံးခိုကျင်းတစ်ခုတွင် တိမ်းရှောင်နေသူများအား မတ် ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒွန်ဘတ်စ်ရှိ ဗုံးခိုကျင်းတစ်ခုတွင် တိမ်းရှောင်နေသူများအား မတ် ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ ကိဗ် အနောက်ပိုင်းမြို့လေး Irpinမှ ထွက်ခွာသွားကြသည့် လူထုအား မတ် ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ ကိဗ် အနောက်ပိုင်းမြို့လေး Irpinမှ ထွက်ခွာသွားကြသည့် လူထုအား မတ် ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ ဒွန်ဘတ်စ်မှ မရီဥပိုလ်သို့ဆက်သွယ်ထားသည့် ပင်မ သဘာဝဓါတ်ငွေ့ပိုက်လိုင်း မတ် ၆ ရက်က တိုက်ခိုက်ခံရကြောင်း၊ ဒွန်ဘတ်စ်ဒေသ အနောက်ဘက်မှ ဇာပိုရေဇီးယားပြည်နယ် Berdianskမြို့တစ်လျှောက် အနီးတစ်ဝိုက်လူနေဒေသများတွင် သဘာဝဓါတ်ငွေ့ပံ့ပိုးမှု အမြန်ဆုံးပြတ်တောက်သွားနိုင်ကြောင်း ယူကရိန်းရှိ Interfax သတင်းဌာနက ယူကရိန်းဒေသခံအရာရှိတစ်ဦး၏ သတင်းကို ကိုးကားဖော်ပြထားသည်။

___ ရုရှား သမ္မတ ပူတင်သည် မတ် ၆ ရက်က တူရကီ သမ္မတ အာဒိုဂန်နှင့် ယူကရိန်းအရေး ဆွေးနွေးခဲ့သည်။ ရုရှား၏အထူးစစ်ဆင်ရေးလှုပ်ရှားမှု အစီအစဉ်အတိုင်း လုပ်ဆောင်နေကြာင်း၊ ရုရှားစစ်တပ်က အရပ်သားလုံခြုံရေးကို တတ်နိုင်သမျှ အလုံးစုံဆောင်ရွက်နေကြောင်း ပူတင်က အလေးထားပြောကြားခဲ့သည်။ ယူကရိန်းဘက်က တိုက်ပွဲများရပ်တန့်ပြီး ရုရှား၏တောင်းဆိုချက်ကို ဖြည့်ဆည်းမှသာ အထူးစစ်ဆင်ရေး ယာယီရပ်တန့်နိုင်မည် ဖြစ်ကြောင်း ပူတင်က ဆိုသည်။ အာဒိုဂန်က အပစ်ခတ်ရပ်စဲရန် ပူတင်ကို တိုက်တွန်းခဲ့ပြီး ယူကရိန်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြန်ဖွင့်လှစ်ပေးရန်နှင့် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန် တိုက်တွန်းပြောကြားခဲ့သည်။ တူရကီအနေဖြင့် ငြိမ်းချမ်းစွာ ပဋိပက္ခဖြေရှင်းရာတွင် အကျိုးဆောင်လိုကြောင်း အာဒိုအန်က ဆိုသည်။

___ အထူးစစ်ဆင်ရေးလှုပ်ရှားမှု လုပ်ဆောင်ပြီးနောက်ပိုင်း ယူကရိန်းရှိ စစ်ရေးအခြေခံအဆောက်အအုံများ ပစ်မှတ် ၂,၂၀၃ ကို ချေမှုန်းခဲ့ရာ ကွပ်ကဲရေးဌာနှင့် ဆက်သွယ်ရေးစင်တာ ၇၆၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ၁၁၁ စုံ၊ ရေဒါစခန်း ၇၁ ခု ပါဝင်ကြောင်း ရုရှားကာကယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov ၏ မတ် ၆ ရက် သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ထို့အပြင် မြေပြင်ရှိ လေယာဉ် ၆၉ စီး၊ ဝေဟင်တွင် ပျံသန်းနေသည် လေယာဉ် ၂၄ စီးနှင့် မောင်းသူမဲ့ ဒရုန်းယာဉ် ၆၂ စီး၊ တင့်ကားနှင့်အခြားသံချပ်ကာယာဉ်စသည့် ၇၇၈ စီးကို ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

___ ဗြိတိန် စေတနာ့ဝန်ထမ်းစစ်သည်များ ယူကရိန်းကို ရောက်ရှိနေပြီဖြစ်ရာ ၎င်းတို့က ယူကရိန်းစစ်တပ်နှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယူကရိန်း ကြည်းတပ်က မတ် ၆ ရက် လူမှုကွန်ရန်မီဒီယာတွင် ထုတ်ပြန်ပြောကြားခဲ့သည်။စေတနာ့ဝန်ထမ်းစစ်သည်အများစုမှာ ဗြိတိန်တော်ဝင်ရေတပ်က အငြိမ်းစား မရိန်းတပ်သားများ ဖြစ်ကြောင်း ယူကရိန်းမီဒီယာများ၏ဖော်ပြချက်များအရ သိရသည်။

___ မတ် ၆ ရက် ၁၀ နာရီမှ ၂၁ နာရီအထိ မရိဥပိုလ်တွင် အပစ်ခတ် ရပ်စဲမည်ဖြစ်ကြောင်း ယူကရိန်း မရီဥပိုလ်မြို့တော်ကောင်စီ၏ မတ် ၆ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။ ယင်းနေ့ နေ့လည်ပိုင်း ၁၂ နာရီတွင် စတင်ပြီး ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြမည်ဖြစ်ကြောင်း ဆိုသည်။

___ ဂျာမနီတွင် မှတ်ပုံတင် လက်ခံထားသည့် ယူကရိန်းပြည်သူ ၃၇,၇၈၆ ဦးရှိရာ ၎င်းမှာ ပြီးခဲ့သည့်ရက်ကထက် လူပေါင်း ၁ သောင်းနီးပါး ထပ်တိုးလာကြောင်း ဂျာမနီပြည်ထဲရေးဝန်ကြီးဌာနက မတ် ၆ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။ လက်တွေ့တွင် ယူကရိန်းက ဂျာမနီကို ဝင်ရောက်သည့်အရေအတွက်သည် ယင်းကိန်းဂဏန်းထက် ပို၍ များပြားနိုင်ကြောင်း ဆိုသည်။

___ အမေရိကန် သမ္မတ ဘိုင်ဒန်သည် မတ် ၅ ရက်က ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် ဖုန်းဖြင့် ဆက်သွယ်ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့သည်။ ဘိုင်ဒန်က အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းလုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့်စီးပွားရေးအကူအညီများကို အားဖြည့်ပေးနေကြောင်းနှင့် ယူကရိန်းအတွက် လုံခြုံရေး ထပ်ဆောင်းရန်ပုံငွေ ပံ့ပိုးမှု ဖော်ဆောင်ရန် လွှတ်တော်နှင့်နီးကပ်စွာ ပူးပေါင်းဆာင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ အမေရိကန်၏ ယူကရိန်းလုံခြုံရေးနှင့်ဘဏ္ဍာရေးအားပေးထောက်ခံမှု၊ ရုရှားအပေါ် ဆက်လက်ဆောင်ရွက်မည့် ပိတ်ဆို့မှုများကို ဘိုင်ဒန်နှင့် ဆွေးနွေးခဲ့ကြောင်း ဇယ်လန်းစကီးက လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။

___ အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တာလီ ဘန်းနက်သည် မတ် ၅ ရက်က မော်စကိုတွင် ရုရှားသမ္မတ ပူတင်နှင့် ယူကရိန်းအရေး တွေ့ဆုံဆွေးနွေးခဲ့သည်။ ပူတင်နှင့်တွေ့ဆုံဆွေးနွေးမှုအပြီး နာ့ဖ်တာလီဘန်းနက်က ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း ဇယ်လန်းစကီးက မတ် ၆ ရက် နံနက်ပိုင်း လူမှုကွန်ရက်မီဒီယာတွင် ထုတ်ပြန်ခဲ့သည်။ ယူကရိန်းမီဒီယာများ၏ ဖော်ပြချက်များအရ ဇယ်လန်းစကီး၏အဆိုပြုချက်အရ အစ္စရေးသည် ရုရှား-ယူကရိန်း ပဋိပက္ခ၏ ညှိနှိုင်းသူအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ မတ် ၅ ရက် ညပိုင်းတွင် နာ့ဖ်တာလီ ဘန်းနက်က ဘာလင်မြို့တွင် ဂျာမနီဝန်ကြီးချုပ် Olaf Scholzနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ရုရှား-ယူကရိန်းအရေး၌ နီးကပ်သည့် ဆက်သွယ်မှုများ ထားရှိရန် သဘောတူညီခဲ့ကြပြီး နှစ်ဖက်စလုံး၏ ဘုံရည်မှန်းချက်သည် ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်ရေးဖြစ်ကြောင်း ဆိုသည်။

___ ဘိုင်ဒန်အစိုးရက အရေးပေါ်ရန်ပုံငွေအဖြစ် လွှတ်တော်ကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ တောင်းဆိုထားကြောင်း အိမ်ဖြူတော် စီမံခန့်ခွဲရေးနှင့်ဘတ်ဂျက်ရုံး၏ မတ် ၂ ရက် လွှတ်တော်သို့ ပေးပို့သည့် စာတစ်စောင်တွင် ဖော်ပြထားသည်။ ၎င်းတို့အနက် ကန်ဒေါ်လာ ၄.၈ ဘီလီယံကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို ချပေးမည်ဖြစ်ပြီး ယူကရိန်းသို့ စစ်ရေးအကူအညီ၊ ဥရောပ၌ တပ်စွဲထားသည့် အမေရိကန်စစ်တပ်၏အထောက်အပံ့နှင့် ပင်တဂွန်၏ထောက်လှမ်းရေး၊ ဆိုက်ဘာတိုက်ခိုက်မှုကာကွယ်ရေးစွမ်းရည်တို့အား မြှင့်တင်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း၊ ကန်ဒေါ်လာ ၅ ဘီလီယံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီသို့ ချပေးမည်ဖြစ်ပြီး ယူကရိန်းနှင့်အရှေ့ဥရောပဒေသရှိ အမေရိကန်မဟာမိတ်နှင့်မိတ်ဖက်များအတွက် လုံခြုံရေးနှင့်စီးပွားရေးထောက်ပံ့မှုတွင် အသုံးပြုမည်ဖြစ်ကြောင်း ၊ ကျန်ရှိသည် ကန်ဒေါ်လာ သန်း ၂၀၀ ကို အမေရိကန် စီးပွားကူးသန်း၊ စွမ်းအင်၊ တရားစီရင်ရေးနှင့်ဘဏ္ဍာရေးဌာနများကို ချပေးမည် ဖြစ်ကြောင်း ဆိုသည်။ (Xinhua)
………………………………..
(Chinese Version)

(乌克兰局势)最新动态:普京敦促乌克兰停止战斗 美乌总统再次通话
2022-03-06 22:55:07 分类: 政治法律
新华社北京3月6日电综合新华社驻外记者报道:俄罗斯总统普京6日表示,只有乌克兰停止战斗并满足俄方要求,俄方的特别军事行动才有可能暂停。美国总统拜登5日与乌克兰总统泽连斯基通话时表示,美国政府正加大对乌方安全、人道主义和经济援助力度。
——据乌克兰国际文传电讯社援引乌地方官员消息,顿涅茨克至马里乌波尔的主天然气管道6日遭到袭击,从位于顿涅茨克地区西部至扎波罗热州别尔江斯克市沿线周边居民区的天然气供应将很快中断。
——俄罗斯总统普京6日和土耳其总统埃尔多安通电话,双方讨论了乌克兰局势。普京强调,俄罗斯的特别军事行动正在按计划进行,俄军正尽一切可能确保平民安全。普京说,只有乌克兰停止战斗并满足俄方要求,俄方的特别军事行动才有可能暂停。埃尔多安敦促普京停火,在乌开放人道主义走廊,并签署俄乌和平协议。埃尔多安说,土耳其愿为和平解决冲突作出贡献。
——根据俄国防部发言人科纳申科夫6日发布的消息,自开展特别军事行动以来,俄方共摧毁乌克兰境内军事基础设施2203处目标,其中包括76个指挥所和通信中心,111套防空导弹系统和71个雷达站。此外,俄军还击毁了69架在地面的飞机、24架在空中飞行的飞机以及62架无人机、778辆坦克和其他装甲车辆等军事装备。
——乌克兰陆军6日在社交媒体发布消息称,英国志愿者已经抵达乌克兰,他们将与乌克兰军队一起同俄军作战。据乌媒报道,英国志愿者主要为退役的英国皇家海军陆战队队员。
——乌克兰马里乌波尔市议会6日发表声明表示,当地时间6日10时至21时,马里乌波尔将实施停火。当地居民将从当天中午12时开始撤离。
——德国内政部6日对媒体说,该国已登记接收37786名来自乌克兰的民众,比前一天增加近一万人。内政部称,实际上从乌克兰进入德国的民众数量可能比这个数字高得多。
——美国总统拜登5日与乌克兰总统泽连斯基通电话,讨论了乌克兰局势。拜登表示,美国政府正加大对乌方安全、人道主义和经济援助力度,并与国会紧密合作以落实对乌额外安全援助资金。泽连斯基在社交媒体上发文称,他与拜登讨论了美国对乌克兰的安全和金融支持以及继续对俄实施制裁等议题。
——以色列总理贝内特5日在莫斯科同普京讨论了乌克兰局势。泽连斯基6日凌晨在社交媒体发布消息称,贝内特与普京会面结束后与泽连斯基通话。据乌媒报道,应泽连斯基提议,以色列将作为俄乌冲突的调解人。贝内特5日晚在柏林和德国总理朔尔茨会晤,双方同意就俄乌局势保持密切联系,表示双方共同目标是尽快结束冲突。
——美国白宫行政管理和预算局2日写给国会的一封信显示,拜登政府已向国会申请100亿美元紧急拨款。其中,48亿美元将拨给美国国防部,用于向乌克兰提供军事援助、支持部署在欧洲的美军并加强五角大楼的情报搜集和抵御网络攻击能力等;50亿美元将拨给美国国务院和国际开发署,用于向乌克兰和东欧地区的美国盟友和伙伴提供安全和经济支持;剩余2亿美元将分别拨给美国商务部、能源部、司法部和财政部。(参与记者:李东旭、黄河、邓仙来、李铭、李超、顾梓峄、熊思浩)(完)

图说1,2:这是3月5日在顿涅茨克拍摄的武装人员。新华社发(维克托摄)
图说3,4:3月5日,人们待在顿涅茨克一个防空洞中。新华社发(维克托摄)
图说5,6- 3月5日,民众经乌克兰基辅西部城镇伊尔平撤离。新华社发(迭戈·埃雷拉摄)