Connect with us

International Organizations

AUKUS-ဆက်စပ်၍ နျူကလီးယားပစ္စည်းများ လွှဲပြောင်းခြင်းက တရားဝင်ဖြစ်မှု ပြဿနာကို ရှောင်လွှဲ၍မရကြောင်း တရုတ်သံအမတ်ကြီးပြော

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ မတ် ၂ ရက်တွင် ကျင်းပသည့် ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီမှ ကြီးမှူးကျင်းပသော အစည်းအဝေးတစ်ခုသို့ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် Wang Qun တက်ရောက်ဆွေးနွေးနေစဉ်(ဆင်ဟွာ)

ဗီယင်နာ ၊ မတ် ၈ ရက်(ဆင်ဟွာ)
ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Wang Qun က အော်ကပ်စ် ( AUKUS) စာချုပ်အဖွဲ့တွင် နျူကလီးယားစစ်လက်နက် ပစ္စည်းကိရိယာများ လွှဲပြောင်းခြင်းသည် ဥပဒေကြောင်းအရ တရားဝင်မှုရှိမရှိ ပြဿနာကို ရှောင်လွှဲ၍ မရနိုင်ကြောင်း မတ် ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိကုလသမဂ္ဂဌာနချုပ်၌ ၂၀၁၉ ခုနှစ် ဧပြီ ၂ ရက်တွင် ပြုလုပ်ခဲ့သော နျူကလီးယားမပြန့်ပွားရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ်အားတွေ့ရစဉ်(ဆင်ဟွာ)

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်(IAEA) ညွှန်ကြားရေးမှူးချုပ် Rafael Mariano Grossi က ရှင်းလင်းပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံက အဆိုပြုသည့် “ အော်ကပ်စ်စာချုပ်အဖွဲ့၏ နျူကလီးယားပစ္စည်းကိရိယာများလွှဲပြောင်းခြင်း နှင့် (နျူကလီးယားလက်နက် မပြန့်ပွားရေးသဘောတူစာချုပ်) NPT အရ ရှုထောင့်ပေါင်းစုံဖြင့် ၎င်းအားထိန်းသိမ်းစောင့်ရှောက်ခြင်း” တရားဝင်အာဂျင်ဒါတစ်ခု ရေးဆွဲရေး အများသဘောတူညီချက်ဖြင့် ဆုံးဖြတ်သည့် နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ(IAEA) ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးပြီးနောက် တရုတ်သံအမတ်ကြီး Wang Qun က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော စက်တင်ဘာလတွင် အမေရိကန်ပြည်ထောင်စု ၊ ဗြိတိန် နှင့် ဩစတြေးလျနိုင်ငံတို့သည် အော်ကပ်စ်(AUKUS) စာချုပ်အဖွဲ့ကို ထူထောင်ကြောင်း ကြေညာခဲ့ပြီး ယင်းအဖွဲ့ခေါင်းစဉ်အောက်တွင် အမေရိကန် နှင့် ဗြိတိန်တို့က ဩစတြေးလျနိုင်ငံအား ၎င်း၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောဝယ်ယူမှုကို ကူညီထောက်ပံ့ပေးသွားမည်ဟု ဆိုသည်။

အော်ကပ်စ်( AUKUS ) အရေးကိစ္စသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာတွင် ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲကတည်းက နိုင်ငံတာအနုမြူစွမ်းအင်အေဂျင်စီ(IAEA) ဘုတ်အဖွဲ့အစည်းအဝေး ၏ ဆွေးနွေးစရာကိစ္စရပ် (အာဂျင်ဒါ) ထဲသို့ ပါဝင်လာခဲ့ရာ အဆိုပါ သုံးနိုင်ငံသဘောတူညီချက်သည် နိုင်ငံတကာအသိုင်းအဝိုင်း နှင့် IAEA ဘုတ်အဖွဲ့ဝင်များအကြား အမှန်ကယ်စိုးရိမ်ဖွယ်ကိစ္စရပ်အဖြစ် ရောင်ပြန်ဟပ်လာသည်။
ယင်းကိစ္စရပ်သည် နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ၏ အတွင်းရေးမှူးချုပ် လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်ရောက်ရှိနေသဖြင့် အစိုးရအချင်းချင်းအကြား အပြန်အလှန်ထိန်းကြောင်းကာ ဖြေရှင်းဆောင်ရွက်ရန် လုပ်ငန်းစဉ်တစ်ခုအဖြစ် မဖြစ်မနေ ရောက်ရှိလာခြင်းလည်းဖြစ်ကြောင်း ဖော်ညွှန်းနေဖြစ်သည်။
အဓိကအရေးကိစ္စရပ်မှာ အော်ကပ်စ်အနေဖြင့် နျူကလီးယားစစ်လက်နက်ပစ္စည်းကိရိယာများကို တရားမဝင်လွှဲပြောင်းပေးအပ်သလားဆိုခြင်းပင် ဖြစ်ကြောင်း Wang ကမှတ်ချက်ပြုခဲ့သည်။
နျူကလီးယားလက်နက်ကင်းစင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဩစတြေးလျ နိုင်ငံ နှင့် နျူကလီးယားလက်နက်ပိုင်ဆိုင်သော နိုင်ငံနှစ်နိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စု နှင့် ဗြိတိန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် နျူကလီးယားမပြန့်ပွားရေးသဘောတူစာချုပ်(NPT) ၏ ရည်ရွယ်ချက်ကို ချိုးဖောက်နေခြင်း ရှိမရှိ ဆုံးဖြတ်ပေးနိုင်ရန် (NPT) ၏ မူဘောင်အောက်တွင် လေ့လာသုံးသပ်မှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း Wang ကပြောကြားခဲ့ပြီး ယင်းမေးခွန်းကို ရှင်းလင်းရမည်ဖြစ်ကြောင်း နှင့် ရှောင်လွှဲ၍မရကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ အကယ်၍ အော်ကပ်စ် အနေနဲ့ နျူကလီးယားလက်နက်ပစ္စည်းကိရိယာတွေကို တရားမဝင်လွှဲပြောင်းပေးတယ်ဆိုရင် အဲဒီသုံးနိုင်ငံဟာ ဆက်စပ်တဲ့ပူးပေါင်းဆောင်ရွက်မှုကို အလုံးစုံဖျက်သိမ်းရမှာဖြစ်ပြီး NPT ကို ပြောင်ပြောင်တင်းတင်း တိုက်ရိုက်ချိုးဖောက်နေတဲ့ အဲဒီအပြုအမူတွေကို မဖြစ်မနေချက်ချင်းရပ်တံ့ရမှာဖြစ်ပါတယ် ” ဟု ၎င်းက ဆိုသည်။
“ အခြားတစ်ဖက်ကကြည့်ရင် နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ NPT ရဲ့ အခွင့်အာဏာနဲ့ထိရောက်မှုကို ကာကွယ်ထိန်းသိမ်းဖို့ ပြဿနာရပ်တွေကိုအဖြေရှာတဲ့နေရာမှာအစိုးရ အချင်းချင်းအကြား ညှိနှိုင်းဆောင်ရွက်မှုတိုးတက်အောင် ဆက်လက်လုပ်ဆောင်သွားရမယ့် အခွင့်အရေး နဲ့တာဝန်တွေရှိပါတယ်၊ ဒါ့အပြင် IAEA ၏ လုံးခြုံရေးစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရပါမယ် ” ဟု ဆိုသည်။
နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီဘုတ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အစည်းအဝေးတွင် အော်ကပ်စ်၏ အဓိကအကြောင်းအချင်းအရာများကို အလေးထား အာရုံစိုက်သွားရန် နှင့် အပြည်ပြည်ဆိုင်ရာနျူကလီးယားမပြန့်ပွားရေးအုပ်ချုပ်မှ နှင့် နျူကလီးယားမပြန့်ပွားရေးသဘောတူစာချုပ်(NPT) ကို ထိန်းသိမ်းစောင့်ရှောက်ရေး နည်းလမ်းများရှာဖွေသွားရန် မျှော်လင့်ကြောင်း Wang က ဆိုသည်။ (Xinhua)

………………….
(English Version)

Legitimacy issue of AUKUS-related nuke material transfer must not be dodged:Chinese envoy

VIENNA, March 7 (Xinhua) — China’s Permanent Representative to the United Nations in Vienna Wang Qun said on Monday that the issue of the legitimacy of the nuclear weapon material transfer involved in AUKUS must not be dodged.
Wang made the remarks after a meeting of the International Atomic Energy Agency (IAEA) Board of Governors decided by consensus to set up a formal agenda item on “Transfer of nuclear materials in the context of AUKUS and its safeguards in all aspects under the NPT (Treaty on the Non-Proliferation of Nuclear Weapons) at China’s proposal.
In September last year, the United States, Britain and Australia announced the establishment of AUKUS, under which the United States and Britain will assist Australia in its acquisition of nuclear-powered submarines.
The Chinese envoy said the inclusion of the AUKUS issue into the IAEA board meeting’s agenda, the second time since its meeting in November 2021, reflects the serious concerns of board members and the international community over the trilateral deal.
The move also shows that the matter has gone beyond the existing mandate of the IAEA’s secretariat and must be addressed through an intergovernmental process, he added.
Wang noted the core issue is whether AUKUS involves the illegal transfer of nuclear weapon materials.
The cooperation between Australia, a non-nuclear-weapon state, and the United States and Britain, both nuclear-weapon states, must be reviewed under the framework of the NPT to decide whether such collaboration violates the purpose of the NPT, Wang said, adding that the question must be clarified and cannot be dodged.
“If the AUKUS does involve the illegal transfer of nuclear weapon materials, the three countries must completely abolish relevant cooperation and put an immediate end to the acts that openly and directly violate the NPT,” he said. “Otherwise, the IAEA member states have the right and responsibility to continue the intergovernmental discussion process to resolve the issue so as to safeguard the authority and effectiveness of the NPT as well as the integrity of the IAEA safeguards system.”
Wang expressed hope that the IAEA board members will focus on core issues of AUKUS at the meeting and seek solutions to safeguard the NPT and the international non-proliferation regime. Enditem
(1) China’s Permanent Representative to the United Nations in Vienna Wang Qun attends a meeting convened by the International Atomic Energy Agency (IAEA) Board of Governors to discuss the situation in Ukraine, at Vienna, Austria, March 2, 2022. (Xinhua/Guo Chen)
(2) Photo taken on April 2, 2019 show a United Nations Security Council meeting on non-proliferation at the UN headquarters in New York. (Xinhua/Li Muzi)
(3) Rafael Mariano Grossi, Director General of the International Atomic Energy Agency (IAEA), speaks during a press conference in Vienna, Austria, Dec 17, 2021. (Xinhua/Guo Chen)