Connect with us

Europe

စွမ်းအင်ဈေးနှုန်းများ တစ်ဟုန်ထိုး ထောင်တက်ခြင်းအတွက် ရုရှားနိုင်ငံက တာဝန်မရှိဟုဆို

ဂျာမနီနိုင်ငံ ဖရန်းဘတ်မြို့ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်၌ ဒီဇယ် နှင့် ဓာတ်ဆီဈေးနှုန်းများအား ပြသထားသည်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မတ် ၈ ရက်(ဆင်ဟွာ)
လက်ရှိတွင် စွမ်းအင်ဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်ခြင်း ၊ ဈေးကွက်အတွင်း မတည်မငြိမ် ဖြစ်ပေါ်ရခြင်းနှင့်ပတ်သက်၍ ရုရှားနိုင်ငံက ဘာမှ လုပ်စရာအကြောင်းမရှိကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် Alexander Novak က မတ် ၇ ရက်တွင် ပြောကြားခဲ့သည်။

ဥရောပသည် တစ်နှစ်လျှင် ဓာတ်ငွေ့ ကုဗမီတာ ၅၀၀ ဘီလီယံခန့် သုံးစွဲနေပြီး ၄၀ ရာခိုင်နှုန်းသည် ရုရှားနိုင်ငံမှ ဖြစ်ကြောင်း ရုရှားဒုတိယဝန်ကြီးချုပ်က ကြေညာချက်တွင် မှတ်ချက်ပြုခဲ့ပြီး ၎င်းနိုင်ငံသည် “ အမြဲယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ ဓာတ်ငွေ့လုပ်ငန်းကြီးဖြစ်သည့် Gazprom သည် ဥရောပသို့ ဓာတ်ငွေ့ထောက်ပံ့ရန် ၎င်းတို့၏ စာချုပ်၌ပါရှိသော တာဝန်ဝတ္တရားများအား ယခုအခါ အပြည့်အဝ ဖြည့်ဆည်းပေးနေကြောင်း ရုရှားဒုတိယဝန်ကြီးချုပ်က အလေးအနက် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံသည် ဥရောပ၏ ရေနံသုံးစွဲမှု ၃၀ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးထားပြီး အကြီးဆုံး ထောက်ပံ့ပေးသူဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ၎င်းတို့၏ တာဝန်ဝတ္တရားများအားလုံးကို အပြည့်အဝ ဖြည့်ဆည်းပေးထားကြောင်း နှင့် ရေနံ နှင့် ရေနံထုတ်လုပ်မှုများအား စီစဉ်ထားသည့်အတိုင်း ဥရောပဈေးကွက်များသို့ တင်ပို့လျက်ရှိကြောင်း ရုရှားဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
စွမ်းအင်ဈေးနှုန်းသည် COVID-19 ကပ်ရောဂါ နှင့် မကြာသေးမီက ရုရှား-ယူကရိန်း ပဋိပက္ခတို့ကြောင့် မြင့်တက်သွားခဲ့ကြောင်း သိရသည်။

ဥရောပသမဂ္ဂ၏ စာရင်းအင်းဆိုင်ရာရုံး ဖြစ်သည့် Eurostat က ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ထုတ်ပြန်သည့် ခန့်မှန်းချက်အရ စွမ်းအင်ဈေးနှုန်းသည် ဥရောပဇုန်တစ်ဝှမ်း နှစ်အလိုက် မြင့်တက်မှုတွင် ဖေဖော်ဝါရီလတွင် စံချိန်တင် ၃၁ ဒသမ ၇ ရာခိုင်နှုန်း ရှိကြောင်း ခန့်မှန်းထားသည်။ (Xinhua)

………………………………
(English Version)
Russia not responsible for rocketing energy prices: official
MOSCOW, March 8 (Xinhua) — Russia has nothing to do with the current surge in energy prices and the volatility in the market, Russian Deputy Prime Minister Alexander Novak said Monday.
Europe consumes about 500 billion cubic meters of gas per year, and 40 percent comes from Russia, he noted in a statement, calling his country “always a reliable partner.”
Russia’s gas industry giant Gazprom is now fully fulfilling its contractual obligations to supply gas to Europe, Novak stressed, adding that Russia provides about 30 percent of Europe’s oil consumption and is its largest supplier.
Novak said that Russia has been fully fulfilling all its obligations, and oil and oil products are being shipped to European markets as planned.
The price of energy has spiked due to the COVID-19 pandemic and most recently because of the Russia-Ukraine conflict.
According to a flash estimate published last week by Eurostat, the statistical office of the European Union, energy prices are expected to increase by a record 31.7 percent across the eurozone in February year-on-year. ■
Photo – Photo taken on Feb. 25, 2022 shows diesel and gasoline prices displayed on a screen at a gas station in Frankfurt, Germany. (Photo by Armando Babani/Xinhua)