Connect with us

North America

ရိုမေးနီးယားနိုင်ငံသို့ အမေရိကန်တပ်ဖွဲ့ဝင် ၁၀၀ ရောက်ရှိ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ Hamid Karzai နိုင်ငံတကာလေဆိပ်၌ လုံခြုံရေးတာဝန်ယူထားသည့် စစ်သားတစ်ဦးအား ၂၀၂၁ ခုနှစ် ဩဂုတ် ၂၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဘူချာရက် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ)

အရှေ့ဥရောပရှိ မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) မဟာမိတ်များကို အားဖြည့်ပေးမည့် အမေရိကန်တပ်ဖွဲ့ ပထမအသုတ်သည် ရိုမေးနီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ယင်းအမေရိကန်တပ်ဖွဲ့ဝင်များသည် နောက်ဆက်တွဲဖြစ်သော တပ်ဖြန့်ချထားခြင်းများအတွက် ထောက်ပံ့ပို့ဆောင်ရေး စီမံခန့်ခွဲမှုနှင့်အတူ တာဝန်ယူထားကြောင်း ရိုမေးနီးယားကာကွယ်ရေးဝန်ကြီး Vasile Dincu က ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

“ဒါက ကျန်တဲ့တပ်ဖွဲ့ဝင်တွေ မရောက်လာသေးခင်အထိ အကြာကြီးတော့ မဟုတ်ပါဘူး။”ဟု ရိုမေးနီးယားကာကွယ်ရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပထမဆုံးအမေရိကန်တပ်ဖွဲ့ဝင် ၁၀၀ ဦးသည် နောက်ထပ် ထပ်မံဖြစ်ဆည်းလာမည့် စစ်သား ၈၀၀ အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ရန် ရိုမေးနီးယားထောက်ပံ့ပို့ဆောင်ရေး ကျွမ်းကျင်သူများနှင့်အတူ လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု မျှော်လင့်ရသည်။

ပင်တဂွန်က သံချပ်ကာတိုက်ခိုက်ရေးယာဉ်များဖြင့် အပြည့်အစုံပါရှိသည့် အမေရိကန်တပ်ဖွဲ့ဝင် ၁,၀၀၀ သည် NATO အရှေ့ဘက်ခြမ်းကို အားကောင်းလာရန် ဂျာမနီနိုင်ငံမှ ရိုမေးနီးယားနိုင်ငံသို့ ပြန်လည်နေရာချထားမည် ဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်တွင် ကြေညာခဲ့သည်။

အဆိုပါရောက်ရှိလာမည့် အမေရိကန်တပ်ဖွဲ့ဝင်များကို ပင်လယ်နက်ဒေသပေါ်တွင် လေကြောင်းချီရဲတပ်ဖွဲ့အဖြစ် ဝင်ရောက်အမှုထမ်းနေသည့် နေတိုးလေယာဉ်မှူးများ နှင့် အမေရိကန်စစ်သား ၉၀၀ ဦး ရောက်ရှိတပ်စွဲထားပြီးဖြစ်သော ပင်လယ်နက်ကမ်းရိုးတမ်းအနီး Mihail Kogalniceanu လေဆိပ်တွင် တပ်ချထားမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းများက ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံသည် အရှေ့ဥရောပ၌ NATO ၏ စစ်ရေးလှုပ်ရှားမှုများ တိုးလာခြင်းကို ဆန့်ကျင်ကြောင်း ကြိမ်ဖန်များစွာ ပြောကြားထားသည်။ (Xinhua)

………………………………
(English Version)
100 U.S. troops arrive in Romania: defense minister
BUCHAREST, Feb. 8 (Xinhua) — The first group of U.S. troops reinforcing North Atlantic Treaty Organization (NATO) allies in eastern Europe has arrived in Romania.
They were charged with handling logistics for the subsequent deployments, Romania’s Defense Minister Vasile Dincu said here on Tuesday.
“It will not be long before the rest of the troops arrive,” Dincu told a press conference.
The first 100 U.S. troops were expected to work with Romanian logistics specialists to prepare the deployment of a further 800 soldiers.
The Pentagon announced last week that 1,000 U.S. troops, equipped with armored combat vehicles, would be repositioned from Germany to Romania to strengthen the eastern flank of NATO.
According to local press reports, the U.S. troops will be installed at the Mihail Kogalniceanu Air Base close to the Black Sea coast, which already shelters 900 U.S. soldiers and NATO pilots involved in the air police mission over the Black Sea.
Russia has repeatedly voiced its opposition to NATO’s increasing military activities in eastern Europe. ■
Photo – A paratrooper conducts security at Hamid Karzai International Airport in Kabul, Afghanistan, on Aug. 29, 2021. The U.S. Central Command announced Monday that the withdrawal of U.S. troops from Afghanistan has completed, ending 20 years of U.S.-led invasion into the country. (U.S. Army Photo by Master Sgt. Alexander Burnett/Handout via Xinhua)