Connect with us

Latin America

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်း မြေပြိုမှုတွင် အနည်းဆုံးလူ ၁၄ ဦး သေဆုံးပြီး ၃၀ ဒဏ်ရာရရှိ

ပုံစာ - ကိုလံဘီယာနိုင်ငံ Mocoa မြို့တွင် မြေပြိုမှုဖြစ်ပွားပြီးနောက် အပျက်အစီးများနှင့် ပျက်စီးနေသောကားများအား၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘိုဂိုတာ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)ကိုလံဘီယာနိုင်ငံ အနောက်ပိုင်း Risaralda နယ်မြေ၊ Dosquebradas မြို့တွင် မြေပြိုမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၃၀ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက ဖေဖော်ဝါရီ ၈ ရက်၌ အတည်ပြုပြောကြားခဲ့သည်။

“လူ ၁၄ ဦး သေဆုံးပြီး အရွယ်မရောက်သေးသူ ၂ ဦးပါဝင်ပါတယ်။ ပြီးတော့ လူပေါင်း ၃၀ ကျော် ဒဏ်ရာရခဲ့ပြီး တချို့ကတော့ ပြင်းထန်တယ်” ဟု ယင်းနယ်မြေ၏ မြို့တော် Pereira အစိုးရအတွင်းဝန် Alvaro Arias က ဆိုသည်။

ဖေဖော်ဝါရီ ၈ ရက် နံနက်အစောပိုင်းက မြေပြိုမှုဖြစ်ပွားပြီးနောက် လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။000000000000000000လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ကာ လမ်းကြောင်းတစ်လျှောက်ရှိ နေအိမ်များလည်း ပျက်စီးသွားခဲ့ကြောင်း Risaralda အုပ်ချုပ်ရေးမှူး Victor Manuel Tamayo က ပြောခဲ့သည်။

မြေပြိုမှုအန္တရာယ်ကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Tamayo က ဆိုသည်။အခြားအဖွဲ့များနှင့်အတူ ရဲတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေး၊ စစ်တပ်၊ မီးသတ်နှင့် ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရုံးတို့မှ ရှာဖွေကယ်ဆယ်ရေး ဝန်ထမ်းများလည်း သဘာဝဘေးအန္တရာယ် ကျရောက်သည့်နေရာ၌ ရောက်ရှိနေကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

At least 14 dead, 30 injured in western Colombia landslide
2022-02-09 06:01:47
BOGOTA, Feb. 8 (Xinhua) — At least 14 people were killed and 30 others injured in a landslide in the town of Dosquebradas in western Colombian department of Risaralda, local authorities confirmed Tuesday.

“There are 14 people dead, among them two minors, and more than 30 people injured, some very seriously,” said Alvaro Arias, secretary of government of Pereira, the capital city of the department.

The official also said that there were several people still missing after the landslide, which occurred early Tuesday morning.

Governor of Risaralda Victor Manuel Tamayo explained that heavy rains in the last few days caused the landslide, destroying houses along its path.

“An evacuation and relocation process must be carried out,” Tamayo said, due to the risk of more landslides.
Search and rescue personnel from the Police, Civil Defense, Army, Fire Department and the State Office for Disaster Risk Management, among others, were at the disaster site. Enditem

Photo : Photo taken on April 1, 2017 shows the view of debris and damaged cars after a landslide in Mocoa, Colombia. Flooding and landslides have killed at least 193 people and injuring 202 others on Saturday in the Colombian city of Mocoa, the capital of southwestern Putumayo department. (Xinhua/Leonardo Castro/COLPRENSA)