Connect with us

China

ဖိလစ်ပိုင်အိုလံပစ်အကြီးအကဲက ပေကျင်းဆောင်းရာသီအိုလံပစ်၏ ထိရောက်သော COVID-19 ရောဂါတုံ့ပြန်ရေးအစီအစဉ်ကို ချီးကျူး

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဖေဖော်ဝါရီ ၄ ရက်တွင် ကျင်းပခဲ့သည့် ပေကျင်း ၂၀၂၂ အိုလံပစ်ဆောင်းရာသီပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအတွင်း အမျိုးသားအားကစားရုံအတွင်းသို့ စီတန်းလှည့်လည် ဝင်ရောက်လာသည့် တရုတ်နိုင်ငံ၏ အိုလံပစ်ကိုယ်စားလှယ်အဖွဲ့အား တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်အိုလံပစ်ကော်မတီဥက္ကဋ္ဌက ပေကျင်းဆောင်းရာသီအိုလံပစ် ပွဲစီစဉ်သူများအနေဖြင့် ၎င်းတို့၏ ထိရောက်သော COVID-19 ရောဂါတုံ့ပြန်ရေးအတွက် ချီးကျူးခဲ့ကြောင်း သိရသည်။

အိုလံပစ်ကျေးရွာ၌ COVID-19 ရောဂါတိုက်ဖျက်ရေးအစီအမံများသည် တင်းကျပ်သော်လည်း ထိရောက်အကျိုးရှိကြောင်း ဖိလစ်ပိုင်အိုလံပစ်ကော်မတီဥက္ကဋ္ဌ Abraham Tolentino က ပြောကြားခဲ့သည်ဟု ဖိလစ်ပိုင် နေ့စဉ်သတင်းစာ BusinessWorld က ဖေဖော်ဝါရီ ၇ ရက်တွင် ဖော်ပြခဲ့သည်။

“ကျွန်တော့်အနေနဲ့ အလိုအလျောက်ထိန်းချုပ်တဲ့စနစ်အပါအဝင် တကယ်ကို သဘောကျစွဲမှတ်စရာကောင်းပါတယ်”ဟု ဖိလစ်ပိုင်အိုလံပစ်ကော်မတီဥက္ကဋ္ဌ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။ (Xinhua)

—————————-
(English Version)
Philippine Olympic chief commends effective COVID-19 response of Beijing Winter Olympics
MANILA, Feb. 9 (Xinhua) — The president of the Philippine Olympic Committee has lauded the organizers of the Beijing Winter Olympics for their effective COVID-19 response.
Abraham Tolentino said the anti-COVID-19 measures in the Olympic village are strict but effective, Philippine newspaper BusinessWorld reported on Monday.
“I am really impressed with the closed-loop system; it’s very effective,” Tolentino was quoted as saying. ■
Photo – The Olympic delegation of the People’s Republic of China parade into the National Stadium during the opening ceremony of the Beijing 2022 Olympic Winter Games in Beijing, capital of China, Feb. 4, 2022. (Xinhua/Wu Wei)