Connect with us

Asia

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း၌ ထရပ်ကားတစ်စီး ချောက်ကမ်းပါးထဲထိုးကျပြီး လူ ၆ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိ

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Binh Thuan ပြည်နယ် ယာဉ်မတော်တဆမှုဖြစ်ပွါးသည့်နေရာတစ်ခုကို ဗီယက်နမ်အာဏာပိုင်များက ၂၀၂၀ပြည့်နှစ်၊ ဇူလိုင် ၂၁ ရက်တွင် စစ်ဆေးနေစဉ် (ဓာတ်ပုံ-- VNA/Handout via Xinhua)

ဟနွိုင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကုန်းမြင့်ဒေသဖြစ်သော Gia Lai ပြည်နယ်၌ ဖေဖော်ဝါရီ ၉ရက် နံနက်အစောပိုင်းက ထရပ်ကားတစ်စီး သည် ချောက်ကမ်းပါးထဲ ထိုးကျမှုကြောင့် စုစုပေါင်း လူခြောက်ဦး သေဆုံးပြီး အခြား လူ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပီလောပီနံအခြောက်များ တင်ဆောင်လာသော ၁၆ တန်ရှိ ကုန်တင်ယာဉ်သည် အမျိုးသား လမ်းမကြီးအတိုင်း ဦးတည်မောင်းနှင်နေစဉ် ဒေသစံတော်ချိန် နံနက် ၂ နာရီအချိန်ခန့်တွင် Gia Lai ပြည်နယ် Dak Doa ခရိုင်ရှိ ချောက်ကမ်းပါးအစွန်းမှ ထိုးခဲ့ခြင်းဖြစ်သည်ဟု ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားချက်အား ကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ဒဏ်ရာရရှိသူများအနက် တစ်ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိပြီး နှစ်ဦးမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါ ယာဉ်မတော်တဆမှုဖြစ်ရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံတွင် ၂၀၂၁ ခုနှစ်တွင် ယာဉ်အသွားအလာမတော်တဆမှု စုစုပေါင်း ၁၁,၄၅၄ မှု ဖြစ်ပွားခဲ့ပြီး အများစုမှာ ကားလမ်းများပေါ် မှ မတော်တဆမှုများဖြစ်ပြီး မတော်တဆမှုများကြောင့် လူပေါင်း ၅၇၀၀ ကျော် သေဆုံးကာ ၈၀၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏ အထွေထွေစာရင်းအင်းရုံးမှ သိရသည်။ (Xinhua)
………………………..
(English Version)
6 killed, 3 injured as truck plunges off cliff in central Vietnam
HANOI, Feb. 9 (Xinhua) — A total of six people were killed and three others injured after a truck plunged off a cliff in Vietnam’s central highlands Gia Lai province early Wednesday morning.
The accident occurred when the 16-ton truck carrying dried cassava chips, while heading to a national highway, fell off from the edge of a cliff in Gia Lai’s Dak Doa district at around 2 a.m. local time, the Vietnam News Agency cited local authorities as reporting.
Among the wounded, one was discharged from hospital and two were still being treated, according to the report. An investigation into the cause of the accident was underway.
In 2021, a total of 11,454 traffic accidents took place in Vietnam, mostly road accidents, killing over 5,700 people and injuring nearly 8,000 others, according to the country’s General Statistics Office. Enditem